6 comments on “We Need to Know Clearly
  1. Thanks ကိုသင်ကာ။ ကျုပ်တို့လည်း ကိုယ့်ကိစ္စမဟုတ်ပါဘူးဆိုပြီး ကိုယ့်စာကိုယ်ဖတ် ကိုယ့် အသက်မွေးဝမ်းကျောင်းပဲ ကိုယ်လုပ်နေတာ ပဲ။ ခုဟာတွေက နည်းနည်းတော့ တရားလွန်နေလို့။ ခင်ဗျားတို့ ရှိတာလည်း ကောင်းပါတယ်။ (အနာခံမိုက်မည့် လူမိုက်များပေါ့လေ) မီဒီယာတွေက နည်းနည်းတော့ ရေးသင့်တယ်ထင်တာပဲ။ အဲဒီနေရာတွေကမှ အဲဒါတွေ မရေးရင် ဘာတွေရေးမတုန်း။ မှန်၏ မှား၏ စစ်ချင်သူများလည်း စစ်ကြပါဦးပေါ့လေ။
  2. ဆောရီးပါ။ ကိုလွဏ်းဝေနဲ့ တိုင်ပင် ဝေဖန်ပြီး နာရီဝက်အတွင်းမှာ သူတို့ ဆိုဒ်ကို ပိတ်လိုက်ပါတယ်။ ခု ကော်မန့်ရေးနေတုန်းအထိ ပြန်မဖွင့်သေးပါကြောင်း။
    သင်ကာ
  3. စာတွေတော့ ကောင်းကောင်း ဖတ်မရပါဘူး
    ဘာဖောင့်နဲ့ ရေးထားလဲ မသိဘူးနော်
    သာသနာအတွက် ကာကွယ်ပြီး တဖက်တလမ်းကနေ အမှန်တရားတွေကို ဖော်ထုတ်ပေးတဲ့အတွက်
    အရှင်ဝရသာမိ
  4. ကိုသင်ကာ၇ဲ့ wedsite ကစာတွေဖတ်လို့ လည်းမ၇ပါခင်ဗျား။ ဘာသာေ၇းwedsiteဆိုတော့
    စိတ်စင်စားပါတယ် ကျေးဇူးလည်းတင်ပါတယ်
  5. ဒီရက်ထဲ ပို့စ်မရေးဖြစ်၊ ဒေါက်တာလွဏ်းဝေ (အလှတရား) က ဘာသာရေးစာအုပ်တွေ ရေးနေသော ဆရာကြီးတစ်ပါး၏ ဘွဲ့ထူးတစ်ခု လာပြပြီး ဝိုင်းရှာပေးပါ ပြောသည်။ ကျနော့် အတွေးများ ၂၀၀၅ သို့ ပြန်ရောက်သွားသည်။
    (၂)
    “နိဗ္ဗာန်”ဆိုသော စာအုပ်တစ်အုပ်ကို ဖတ်မိပြီး အတော်ပင် ဘဝင်မကျဖြစ်မိသည်။ ပထမတချက်က ဆွေးနွေးချက်တွေထဲမှာ ကိုယ်တိုင်တရားပေါက်သလိုလို နောက်သလို ရွှတ်သလို ရေးထားတာ ဖြစ်သည်။ နောက်တချက်က ထိုစာအုပ်ကို အင်္ဂလိပ်လိုရော နှစ်ဘာသာ ထည့်ထားတာ ဖြစ်သည်။ ဖတ်ကြည့်တော့ ပိုပြီး စိတ်ပျက်သည်။ သို့နှင့် ထိုစာအုပ်ကို ဝေဖန်သော ဆောင်းပါးတခုရေးပြီး ဂျာနယ်မှာ ထည့်သည်။ ဥပမာ – ရုပ်ကို Body ဆိုပြီး ပစ္စလက္ခတ် ဘာသာပြန်တာမျိုးတွေ ဖြစ်သည်။ ဗုဒ္ဓအဘိဓမ္မာ အဲသလောက်မတိမ်ဟု အတော်လေးဝေဖန်ပစ်လိုက်သည်။
    တရားတွေ တွင်တွင်ဟောသော ထိုဆရာကြီး ဒေါသူပုန်ထကာ အင်လျားကန်စောင်းက အိုင်ဘီစီမှာ သူ့ကို ဝေဖန်ရကောင်းလားဟု ပွဲကြီးတပွဲလုပ်ကာ လက်သီးလက်မောင်းတန်း၍ ပြောလေဆိုလေတော့၏။ ထိုစဉ်က ၂၀၀၅ ခုနှစ်ဟု မှတ်မိသည်။
    (၃)
    အင်း … အခုလည်း လာတွေ့နေပြန်ပြီဟု ပြုံးမိသည်။ ၂၀၀၆ မှစ၍ သူသည် ဘာသာရေးသိပ္ပံဖြင့် ပါရဂူဘွဲ့ကို လန်ဒန်က ရသည်ဟုဆိုတာ နာမည်ရှေ့က ဒေါက်တာတပ်သည်။ နောက်ကနေလည်း Ph.D လန်ဒန်တွေ ဘာတွေထည့်သည်။ အဲဒါကို စုံစမ်းကြည့်သူတွေက စုံစမ်းရာမှ ကျနော်က မနေ့ကမှ သိရခြင်းဖြစ်သည်။
    စကားစပ်မိ၍ ပြောကြရာ ထိုဆရာကြီးပြောသည့် Cloverfield University သည် လန်ဒန်ရော အင်္ဂလန်မှာပါ မရှိ။ နာမည်ဆင်တာဟူ၍ Cranfield University သာ ရှိသည်။ ထိုတက္ကသိုလ်ကလည်း စီးပွားရေးနှင့် ကွန်ပျူတာဘာသာရပ်များ အထူးသင်သော ကျောင်းဖြစ်သည်။
    ကိုလွဏ်းဝေနှင့် ကျနော် Cloverfield University ရှာပုံတော်ဖွင့်ရာ အောက်ပါလင့်ခ်များ တွေ့မိကြသည်။
    ပနားမားဖိုရမ် – ထိုတက္ကသိုလ်သည် ပနားမားမှာ ရှိသလိုလိုပြောကြ၍ ဆွေးနွေးထားကြသည်။ နောက်ဖိုရမ်တခုဖြစ်သော ဘစ်ဇနက်ပိုဒီယမ် တွင် ထိုတက္ကသိုလ်မှာ တကယ်မရှိ။ အီးဘေမှ လက်မှတ်အတုရောင်းစားနေကြောင်း ဆွေးနွေးထားကြသည်။ မကျေနပ်ပါက ဂူဂယ်လင်း လုပ်ကြပါကုန်။
    (၄)
    ထိုဆရာကြီးသည်လည်း အသိုင်းအဝိုင်းမသေးဆိုတာ ကိုယ်တွေ့ကြုံဖူးသည်။ တက္ကသိုလ်ဆရာဟောင်းလည်း ဖြစ်၍ တပည့် နောက်လိုက် မနည်း။
    သူ့အယူအဆတွေကို ပလန်းနက်မှာ ဝေဖန်ထားကြတာ၊ စိန်ခေါ်ထားကြတာတွေဖတ်ရသည်။ Click Here
    အယူအဆရေးရာ၊ ထိုဆရာကြီး ရဟန်းဝတ်စဉ် ပေါ်သောပြဿနာများ နှင့် စာအုပ်ဝေဖန်ချက်တို့ကို မရေးလိုတော့ပြီ။ သို့သော် အထက်မှာ ပြောခဲ့သည့် ကိစ္စမျိုးကတော့ ရှင်းရှင်းလင်းလင်းသိသင့်ပါသည်။ သူက သမာပတ်ဝင်စားတာ၊ ရဟန္တာကိစ္စတွေ တွင်တွင် ပြော၊ စာအုပ်တွေက ထုတ်နေတော့ မဟုတ်ရင် အလိမ်မိနေ မခက်လား။ မြန်မာပြည်မှာက တနိုင်ငံလုံး အလိမ်ထိနေရတာတွေ များလွန်းနေပြီလေ။🙂
    သင်ကာ
    မတ်လ၊ ၂၀၁၀
    (ကိုသင်ကာရေအကိုကMyanmar3 Fontနဲ့ရေးထားတာကျန်တဲ့သူတွေ(အဲဒီဖေါင့်မရှိတဲ့သူတွေလာဖတ်ရင်ဖတ်လို့ရအောင်Ka Naung Converterနဲ့ပြောင်းပေးခဲ့တာနော်။ဗုဒ္ဓဘာသာအတွက်အကျိုးဆောင်ပေးနေတဲ့အကို့ကိုလေးစားလျှက်ပါ)
  6. ဦးဇင်းတို့က စာဖတ်အားနည်းတော့ ကိုယ့်ဗုဒ္ဓဘာသာမှာ ဒီလောက်အမှားတွေရှိနေတယ်ဆိုတာ
    အခုမှသိရတော့တယ်။ ဘာသာအတွက် ကာကွယ်ပေးကြတာဟာ ဝမ်းသာစရာပါ။
    ကျေးဇူးလည်းတင်ပါတယ်။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s