Interview: The Occupiers Band

သြဂုတ်လ ၃၁ ရက်နေ့၊ လန်ဒန်မှာ ပြုလုပ်မယ့် Temptation 3 နာဂစ် ရန်ပုံငွေ ဖျော်ဖြေပွဲအတွက် နာမည်ကျော် အဆိုတော်များနဲ့ တွဲဖက်ပြီး တီးခတ်ပေးခဲ့မယ့် Band ကတော့ The Occupiers ဖြစ်ပါတယ်။ The Occupiers အဖွဲ့နဲ့ ဖွဲ့တည်ရာမဂ္ဂဇင်း ဝိုင်းတော်သားတစ်ဦးဖြစ်တဲ့ အက်စ် နေညိုတို့ အင်တာဗျူးလုပ်ထားပါတယ်။ The Occupiers တီးဝိုင်းရဲ့ ကောက်ကြောင်းကို သရုပ်ဖော်ကြည့်ဖို့ပါ။

Existence Magazine: The Occupiers ဆိုတဲ့ တီးဝိုင်းကို ဘယ်နှစ် ခုနှစ်လောက်က တည်ထောင်ခဲ့တာပါလဲ။

The Occupiers: ဟုတ်ကဲ့ခင်ဗျား၊ The Occupiers တီးဝိုင်းဖြစ်လာဖို့  စခဲ့တာကတော့၂၀၀၆ ခုနှစ် ဇွန်လလောက်ကပါ။ Officially စတာကတော့ ၂၀၀၇ (ချင်းအမျိုးသားနေ့မတိုင်မီ) ဖေဖော်ဝါရီလမှာ စတင်ခဲ့တာပါ။

EM: ဘယ်လို အဓိပ္ပာယ်နဲ့ The Occupiers ဆိုတဲ့ နာမည်လေးကို ရွေးခြယ် ဖြစ်ခဲ့ကြပါသလဲရှင်။

TO: ရေကြည်ရာမြက်နုရာ ပြည်ပမှာ ခဏတာနေထိုင်နေကြတဲ့ ကျနော်တို့ရဲ့ ဘဝလေးတွေကို ကိုယ်စားပြုတဲ့သဘောနဲ့ ပေးထားတဲ့ နာမည်ပါ။

EM: The Occupiers အဖွဲ့ဝင် ဘယ်နှစ်ယောက်နဲ့ ပါဝင်ဖွဲ့ စည်းထားပါသလဲရှင်၊ အဖွဲ့ဝင်တစ်ဦးစီရဲ့ Position လေးသိပါ ရစေရှင်။

TO: အားလုံး၅ဦးပါ။

Guitars: Lian Lain

Guitars and Vocals: Kim

Keys: Sang Pu

Bass: Joe Joe

Drums: Jerry

EM: The Occupiers ဆိုတဲ့ Occupiers လေးတွေဖြစ်လာဖို့ အဓိက တွန်းအားပေးခဲ့တဲ့အကြောင်း အရင်းလေးကို သိခွင့်ရနိုင်မလားရှင်။

TO: အဓိကတော့ သမားရိုးကျမဟုတ် ကွဲပြားခြားနားတဲ့ ကိုယ်ပိုင်ဖန်တီးမှုနဲ့ ဂီတကိုအလှဆင်ချင်တဲ့ လူသား ၅ ဦး ဆုံတွေ့မိခြင်းပါ။

EM: The Occupiers Band ရဲ့ အဓိကထား တီးခတ်တဲ့ ဂီတအမျိုးအစားတွေကရော …။

TO: Modern Rock, Alternative and Indie Rock

EM: The Occupiers က ရေးစပ်ထားတဲ့ ကိုယ်ပိုင် သံစဉ်တွေရော ရှိပါသလား။ ရှိရင် The Occupiers အနေနဲ့ အဲဒီ သီချင်းတွေကို အခွေထုတ်ဖို အစီအစဉ် ရှိပါသလား။

TO: ဟုတ်ကဲ့ခင်ဗျား၊ The Occupiers Band က Original Materials နဲ့ ရပ်တည်တဲ့ Band ဖြစ်တဲ့အတွက် ကိုယ်ပိုင်သံစဉ်သီချင်းများရှိပါတယ်။ စီးရီးထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။ ကျနော်တို့ရဲ့ Website (www.myspace.com/occupiers & www.theoccupiers.co.uk) မှာ နားဆင်နိုင်ပါတယ်။

EM: The Occupiers အ နေနဲ့ ကိုယ်ဖန်တီးခဲ့တဲ့ အနုပညာနဲ့ တီးဝိုင်း အပေါ်မှာ ဘယ်လိုခံစားရလဲ။

TO: ကိုယ်ဖန်တီးထားတဲ့ အနုပညာ (ဥပမာ သီချင်းတပုဒ်) ကိုပြန်နားထောင်တဲ့အခါ ခံစားရတဲ့ခံစားမှုပီတိက ဘာနဲ့မှ တိုင်းတာလို့ မရပါဘူး။ တီးဝိုင်းသားအချင်းချင်းလည်း တစ်ဦးပေါ်တစ်ဦး လေးစားမှု၊ ပိုပြီးနားလည်မှု ရှိလာတယ်။

EM: အခု London မှာ ကျင်းပမယ့် Temptation 3 နာဂစ် ရန်ပုံငွေ ဖျော်ဖြေပွဲမှာ The Occupiers အနေနဲ့ မြန်မာပြည်က နာမည်ကြီး အဆိုတော်တွေနဲ့ တွဲဖက်ဖျော်ဖြေမယ်လို့ ကြားသိရပါတယ်၊ အခုလိုဖျော်ဖြေတာဟာ ပထမဆုံး ဖျော်ဖြေမူပါလားရှင်။

TO: ဒါပထမဦးဆုံးအကြိမ်ပါ။

EM: အခုလို နိုင်ငံကျော် အဆိုတော်တွေနဲ ပထမဆုံး ဖျော်ဖြေခွင့်ရတဲ့ အတွက် ဘယ်လို ခံစားရပါသလဲရှင်။

TO: It’s a privilege to perform together with such artists for us. We are proud of it.

EM: အခုလို ဖျော်ဖြေပွဲမျိုးတွေ အနေနဲ့ နောက်ထပ်တွေ လုပ်ဖို့ ကမ်းလှမ်းလာရင် ဆက်လက် ဖျော်ဖြေဖို အစီအစဉ် ရှိပါသလားရှင်။

TO: ဟုတ်ကဲ့ ရှိပါတယ်၊ ကျနော်တို့ရဲ့အနုပညာနဲ့ ချစ်တဲ့ပရိတ်သတ်များကို ဖျော်ဖြေမယ့်ပွဲတိုင်းမှာ အကောင်းဆုံး တင်ဆက်သွားမှာပါ။

EM: အလုပ်လုပ်ရင် အကောင်းနဲ့ အဆိုးကတော့ တွဲနေတတ်တာမို့ အဆိုးကြုံလာတဲ့ အခါမျိုးရော ရှိပါသလား။ အဲဒီ အခါ The Occupiers က ဘယ်လို Manage လုပ် ပါ သ လဲ ရှင်။

TO: အကောင်းနဲ့ အဆိုးကတော့ တွဲနေတတ်တာ လောကဓမ္မတာပါ။ အမြဲတမ်း Perfect ဆိုတာမရှိနိုင်ပါဘူး။ ကြုံလာမဲ့ အခက်အခဲများကို ရရှိထားတဲ့ အတွေ့အကြုံများနဲ့ ရင်ဆိုင်သွားဖို့ ကြိုးစားနေကြပါတယ်။ တစ်ဦးပေါ်တစ်ဦးနားလည်မှုက အရေးကြီးဆုံးပါ။

EM: စာဖတ်သူများကို The Occupiers အနေနဲ့ ဘာများ အမှာစကားပြောချင်ပါသေးလဲရှင်။

TO: အားပေးပါ။ ဝေဖန်ပါ။ အကြံပေးပါ။ ကြိုးစားနေကြပါတယ်။ www.theoccupiers.co.uk & www.myspace.com/occupiers မှတဆင့် ဆက်သွယ်နိုင်ပါတယ်။ info@theoccupiers.co.uk သို့လည်း ဝေဖန်အကြံ ပြုလွှာများ ပေးပို့ နိုင်ပါတယ်ဗျ။

အခုလို ပရိတ်သတ်ကိုပြောခွင့်ရတဲ့အတွက် Existence Media Group ကိုကျေးဇူးအများကြီးတင်ပါတယ်။

အက်စ်. နေညို

Advertisements

1 Comment

Filed under Interview

One response to “Interview: The Occupiers Band

  1. မြူနှင်း

    Thanks u Mum သီချင်းကိုဆိုထားတဲ့ အဆိုတော်ကို သိချင်ပါတယ်ရှင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s