Greeting

မြန်မာ့ရိုးရာ မင်္ဂလာ နှစ်သစ်ပါ။

ကျနော်ကတော့ သင်္ကြန်တတွင်းလုံး လက်ပ်တော့တစ်လုံးရှေ့ချ၊ တီဗီဖွင့်ထားပြီး ထိုင်းနိုင်ငံရေးကို (ဘာသာစကား နားမလည်ဘဲ ပုံတွေ) နဲ့ ကမ္ဘာ့အရေးတွေကြည့်၊ ပုလင်းကိုထောင်ပြီး နေလိုက်တာ တစ်ရက်မှကို ထွက်မလည်ဖြစ်ပါဘူး။ ဖေ့စ်ဘုတ်မှာလည်း ရှိနေဖြစ်ပါတယ်။ ဟန်သစ်ငြိမ်တို့ ထွန်းတောက်နေတို့ကတော့ ဝပ်ဆိုင်မွန် ဘုန်ကြီးကျောင်းကို နေ့တိုင်းလိုလို သွားကြပါတယ်။ (ဥပုသ်သွားစောင့်တာ မဟုတ်တာတော့ သေချာသည်။)

တစ်နှစ်ကူးပြန်ပြီပေါ့။ လတ်တလော စာရေးစာဖတ်လုပ်ပြီး လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကင်းနေချင်တယ်။ နေဖြစ်အောင်လည်း နောက်ပြန်ဆုတ်နေတယ်။ မဟုတ်ရင် မလိုအပ်တဲ့ စိတ်ရှုပ်စရာတွေ ရှင်းနေရတာ၊ အထင်လွဲခံရတာ၊ စွပ်စွဲခံရတာ၊ ကြားဝင်မိတာ၊ ကန့်လန့်ကန့်လန့်ပါနေတာ၊ အဲဒါတွေနဲ့ ထွေးလုံးရစ်ပတ် ဖြစ်လာတယ်။ ခုမှ သိလာ ခင်လာသူ တချို့တွေကလည်း ဒီလို အရှုပ်တွေ ချာလပတ်လည်နေတာကို သင်ကာ့စရိုက်လို့ ထင်လိုက်ပြန်သေးတယ်။

ဝီကီ (နှစ်ခု 1 and 2)၊ ညီလင်းဆက်စထားတဲ့ စာအုပ်ကတ်တလောက်၊ ဆောင်းပါးရေးတာ၊ စာဖတ်ချိန်ပိုပေးတာ၊ အသောက်လျှော့တာတွေတော့ လုပ်မယ်လို့ စိတ်ကူးထားပါရဲ့။ ကိုမင်းကျော်လုပ်နေတဲ့ ဆိုဒ်ပရောဂျက်တွေလည်း အနာဂတ်အတွက် ကောင်းတာမို့ တတ်နိုင်တာလေး ကူမယ် ပြောထားပါတယ်။

ပညာရေးနဲ့ အလုပ်အကိုင်ကတော့ ဝေဝါးဝါးဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် သေချာတာကတော့ ကျနော် ထမင်းငတ် မသေနိုင်တာပါ။

နှစ်သစ်မှစ၍ တနှစ်တာလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ မြင်လိုပါတယ်ဗျာ

သင်ကာ

ဧပြီ ၂၀၀၉

Advertisements

Leave a comment

Filed under Announcement

Comments are closed.