Mailing and Forwarding

မေးလ်ပို့ခြင်းနဲ့ ဖောဝပ်

မြန်မာ မေးလ်ယူဆာအတော်များများဟာ မေးလ်သုံးစွဲနည်း မတတ်ကြသေးဘူး ကောက်ချက်ချရတော့မှာပါပဲ။ ဒါမှမဟုတ် နမော်နမဲ့ပဲနိုင်တာလား၊ စဉ်းပဲ မစဉ်းစားမိတာလားတော့လည်း မပြောတတ်ဘူး။ ပြောရရင် ဖန်တရာတေလုလုရှိတဲ့ စီစီ၊ ဘီစီစီတွဲတဲ့ ကိစ္စပါပဲ။ ဘလော်ဂါတချို့လည်း ပို့စ်ရေးပြီး သတိပေးကြတာ မှတ်မိပါတယ်။ ဒါပေမယ့် မေးလ်ကို မြောက်မြားစွာသော လိပ်စာတွေနဲ့ တွဲပို့နေကြဆဲဖြစ်တာကို တွေ့နေရပါသေးတယ်။ မြင်စေချင်ရင် စီစီတွဲ၊ မမြင်စေချင်ရင် ဘီစီစီတွဲ၊ ဘာမှလည်း ခက်တဲ့ကိစ္စမဟုတ်ပါဘူး။

တချို့ဆို အရေးကြီးတဲ့ ကိစ္စတွေမှာ မေးလ်လိပ်စာတွေ တသီကြီးနဲ့လာတယ်။ ထောက်လှမ်းရေးမျက်စိနဲ့ကြည့်ရင် ဒီကိစ္စမှာ ဒီလိပ်စာပိုင်ရှင်တွေဟာ အနည်းဆုံး စိတ်ပါဝင်စားမှု၊ ပတ်သက်မှု ရှိနေပါပြီလို့ ကောက်ချက် မချနိုင်ပေဘူးလား။ နေရင်းထိုင်ရင်း သေဖော်ညှိပြီး ဖြစ်မနေဘူးလား။

တစ်ယောက်ပို့လာတဲ့ မေးလ်ဆို လိပ်စာတွေမှာ သူ့ဖာသာ အပြောင်ခေါ်တဲ့ နာမည်တွေ ပေးထားတယ်။ (သူကတော့ အင်မတန်ခင်လို့နေမယ်။) သို့သော် ကိုယ်လို သူစိမ်းကဖတ်တော့ နာမည်ပြောင်နဲ့ မှတ်သားခြင်းခံရသူမှာ အရှက်ရ မနေပေဘူးလား။ ပေးထားတဲ့ နစ်ခ်နိမ်းတွေကလည်း ကြည့်ဦး၊ ညစ်ပတ် တဲ့၊ ဘင်လာဒင် တဲ့၊ ဟိုဘက်ကကောင် တဲ့၊ ပြုတ်မနူး တဲ့။ အီးမေးလ်သုံးစွဲရာမှာ ဒီလောက်ကလေးတော့ လိုက်နာသင့်ပါတယ်။ ကျနော့်ဆီ မေးလ်အမြဲပို့တဲ့ အမေရိကန်သိုင်းဆရာတစ်ယောက်ရှိတယ်။ သူလည်း စီစီအင်မတန်တွဲတယ်။ တစ်ယောက်က ငါ့ကို မင်းမေးလ်တွေ လာလာမပို့ပါနဲ့လို့ ဘယ်နှခါပြောရမလဲ ဆိုပြီး အကုန်ကို ရီပလိုင်းလုပ်တယ်။ ဟိုက အမှတ်မထားတာလားမသိဘူး၊ သုံးခါလည်းမြောက်ရော ရစရာမရှိအောင်ကို ဟိုက ပစ်ပစ်နှစ်နှစ်ပြောပါတော့တယ်။

တော်တော်လေးခင်ရင်တော့ နောက်တစ်ခါ မေးလ်ကို အဲလို မပို့ဖို့ အမုန်းခံပြောပါတယ်။ မပြောလိုတဲ့သူကျတော့လည်း ဆိတ်ဆိတ်နေရတာပေါ့လေ။

သင်ကာ

ဧပြီ ၂၀၀၉

Advertisements

3 Comments

Filed under IT & Blogging

3 responses to “Mailing and Forwarding

  1. မှန်ပေ၏.. ကိုယ့်လုံခြုံရေးပါ နည်းနည်းထိခိုက်တယ်။

  2. သဘောတူပါတယ်။ ဒီအကြောင်းတွေ ပြောခဲ့ဖူးတယ်။

    http://pandora-and-pandora.blogspot.com/2007/09/blog-post_21.html

    http://pandora-and-pandora.blogspot.com/2008/04/blog-post_07.html

  3. သဘောတူပါတယ်။ ဒီအကြောင်းတွေ ပြောခဲ့ဖူးတယ်။
    http://pandora-and-pandora.blogspot.com/2007/09/blog-post_21.html

    http://pandora-and-pandora.blogspot.com/2008/04/blog-post_07.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s