Copy Right…Copy Left

စာကောင်းလေးတွေတွေ့ရင်၊ ကူးရင်၊ ပို့ရင်

စာကောင်းလေးတွေ တွေ့ရင် ဟေ့ သွားဖတ်လို့ ပြောလို့ မဖြစ်နိုင်သူတွေ ရှိတယ်။ ဒီတော့ ကော်ပီလေးကူးပြီး ပေးလေ့ရှိကြတယ်။ စာကောင်းလေးဟဲ့ဆိုပြီး ဘလော့ဂ်က ကူးလာ၊ ဖိုရမ်က ကူးလာ။ ခက်တာက စာကောင်းလေးမြင်ပြီး ရေးတဲ့သူကျတော့ အသိအမှတ်မပြုကြဘူး။ အဲလိုမျှပြီး ပို့လာတဲ့ မေးလ် ၁၀ စောင်မှာ ၂ စောင်ခန့်လောက်သာ ရေးသူရဲ့ အမည်နဲ့၊ ဆိုင်ရာ လင့်ခ်ပါတယ်။ တော်တော်များများ ဒီတိုင်းကြီးပဲ ရောက်လာတယ်။ ဒါကို မသိတော့ ရတဲ့လူကလည်း ကိုယ့်ဘလော့ဂ်ပေါ်ကောက်တင်ရော၊ သူငယ်ချင်းဆီက ဆိုပြီး။ အဲဒါနဲ့ နေရင်းထိုင်ရင်း သူခိုးဖြစ်ရော။ နာမည်ကြီးဘလော်ဂါတစ်ယောက် ဒီအကွက်ထိဖူးတယ်။ ပြာပြာသလဲ နောက်ကျမှ မှတ်ချက် ထရေးပြီး တောင်းပန်တာ တွေ့ရတယ်။

တချို့တွေကလည်း ကျင့်ဝတ်သတိရှိတယ်။ ရေးသူမပါဘဲ ရောက်လာပါတယ်ဆိုပြီး ထပ်ဖောဝပ်လုပ်ပေးတယ်။ ကျနော်လည်း ကူးပြီး လိုက်ပို့တာပဲ။ ဒါပေမယ့် မူရင်းရရှိရာကို ညွှန်ပေးတယ်၊ နောက်ပြီး ဒါကို ကိုးကားမယ် သုံးမယ်ဆိုရင် ခွင့်ပြုချက်သွားတောင်းပါလို့ မှတ်ချက်ရေးပေးလိုက်တယ်။ ကိုယ်နှစ်သက်မိတဲ့ စာစုရဲ့ ပိုင်ရှင်ကို အသိအမှတ် မပြုသင့်ပေဘူးလား။

မူပိုင်ချင်ခြင်း

သွားသွားဖတ်ဖြစ်တဲ့ နိုင်ငံရေးဘလော့ဂ်တစ်ခု ရှိတယ်။ သူ့မှာတင်တဲ့ ဓာတ်ပုံတွေကို အောက်မှာ ပုံပျက်ပန်းပျက်စာလုံးကြီးနဲ့ နာမည်ထိုးထားလေ့ရှိတယ်။ ခက်တာက အဲဒီပုံတွေက အင်တာနက်မှာ အလကားရတယ်၊ ဒါကို သူ့ဘလော့ဂ်မှာ တင်ခါမှ သူက သူ့ဟာ လုပ်ချင်နေတာ တွေ့ရတယ်။ ခက်ပါဘိ။

သင်ကာ

ဧပြီ ၂၀၀၉

Advertisements

1 Comment

Filed under IT & Blogging

One response to “Copy Right…Copy Left

  1. ကျမ ပိုစ့်တွေလည်း အခြားဘလောဂ့်တွေမှာ ဖေါ်ပြတာတွေ
    အများကြီးတွေ့ရတယ်–မသိလိုက်ပါဘူး
    အမည်လေးဖေါ်ပြထားတော့–တော်ပါသေးရဲ့–