Off-Line On the Fly Converter Box

ဇော်ဂျီ-ယူနီကုဒ် 5.1 ပြောင်း Box ထည့်ခြင်း

(အရင်ဘလော့ဂ်အဟောင်းမှာ ရေးပြီးသားကို ကော်မန့်တွေပါ သယ်လာပြီး ဆားချက်ပါတယ်။ သိချင်တဲ့သူတွေ မေးနေကြသေးတာမို့ပါ။ သင်ကာ)

Blogspot သုံးသူတွေ အတွက်ကတော့ Head နဲ့ Body ကြားမှာ ဒီကုဒ်လေး ထည့်ပေးရပါမယ်။

<script src=’http://ngwestar.googlepages.com/z-51.js’ type=’text/javascript’/></script>

blogspot_template1

WordPress ကို Run ပြီး သုံးသူတွေကတော Page Template, Main Index Template ထဲမှာ ထည့်ရပါမယ်။ ပုံမှာ ပြထားပါတယ်။


wordpress

အဲဒီဘောက်စ်ကလေး ပျောက်နေစေချင်ရင် ဘောက်စ်မှာပါတဲ့ Cross လေးကို Click ပါ။ ပြန်ပေါ်စေချင်ရင် Refresh ဖြစ်စေ၊ F5 ဖြစ်စေ လုပ်လိုက်ပါ။

ဘောက်စ်တပ်ပြီးတဲ့နောက် စမ်းကြည့်တဲ့ အခါ စာလုံးတွေဟာ ဖွာတာတာဖြစ်နေတယ်၊ ဟထိုး၊ အသတ်တွေ ရွေ့နေတယ်ဆိုရင် အောက်မှာ ပေးထားတဲ့ Myanmar3 ကို Install လုပ်လိုက်ပါ။ ပြီးရင် HTML ထဲက Font Family မှာ ရှိပြီးသား Zawgyi အပြင်၊ ဘေးမှာ Myanmar3 လို့ ထည့်လိုက်ပါ။ ရှင်းလင်းစွာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် စတန်းဒတ်ဖောင့်အတွက် သင့်ရဲ့စာတွေ အသင့်ဖြစ်ပါပြီ။

စမ်းသပ်သုံးစွဲပြီး အကြံဉာဏ်များကို Myanmar Font Converter မှာ ဖြစ်စေ၊ ဒီဘလော့ဂ်မှာဖြစ်စေ ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ လိုအပ်တာတွေ ထပ်မံဖြည့်သွင်းနိုင်ဖို့ ဖြစ်ပါတယ်။

မှတ်ချက်

How to put Converter Combo Box နဲ့ How to put Converter box in WordPress ကို ပြန်ရေးထားတာ ဖြစ်ပါတယ်။

ဒီ Box ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး It’s first Off-Line On-the-Fly Myanmar Fonts Converter by The The Aye (Solveware) and Soe Min @ Mark လို့ ရေးထားတာလည်း တွေ့ရပါတယ်။

– Myanmar 3 ဒေါင်းလုဒ် လုပ်ရန် Click Here or Click Here

ဖြည့်စွက်ခြင်း

ကျနော် ပထမရေးစဉ်က ကုဒ်မှာ script နဲ့ ပိတ်ဖို့ ကျန်နေတယ်လို့ ကိုစိုးမင်းက ထောက်ပြထားပါတယ်။ အထက်ပါကုဒ်ကို ပြန်ပြင်ထားပါပြီ။

ကုဒ်အမှန်ကို ထပ်ကူးဖော်ပြရရင်

<script src=’http://ngwestar.googlepages.com/z-51.js’ type=’text/javascript’></script>ဩ

ကော်မန့်များ (ဘလော့ဂ် အဟောင်းမှ)

# Blogger Lay 09.02.08 / 1pm

အကို…. အကို့ ဘလော့မှာ Post ခေါင်းစဉ်က Uni 5.1 ပြောင်းမှ ကောင်းကောင်းပေါ်တယ်။ ဇော်ဂျီနဲ့ဆို မပေါ်ဘူး ဖြစ်နေတယ်။ Post ကတော့ ၂ခုလုံး ကောင်းကောင်းပေါ်တယ်ခင်ဗျ။

Script ကို Share ပေးတာ ကျေးဇူးပဲဗျာ။

# free thinker 09.02.08 / 1pm

ဘလော်ဂါလေးရေ

ကျနော် ဇော်ဂျီရော၊ Myanmar3 ရော ဖောင့် Assign လုပ်လိုက်ပြီဖြစ်တဲ့ အတွက် ပေါ်ပါလိမ့်မယ်။

# Blogger Lay 09.02.08 / 1pm

ကျွန်တော် wordpress ရော blogspot မှာပါစမ်းပြီးပြီ အကို။ အဲ့ဒီ့ box ပေါ်မလာဘူး။ ဘာလို့လဲ မသိဘူး။ template ကြောင့်များလား မသိဘူးဗျနော်။

# Blogger Lay 09.02.08 / 2pm

ရသွားပြီအကို။ နဲ့ ပြန်မပိတ်မိလို့။

# TweetyCoaster 09.02.08 / 2pm

သူတို့ဟာလေးက ကောင်းသားပဲ။ အဲဒီဖိုင်လေးကို ဒီကနေ ဒေါင်းပြီး http://ngwestar.googlepages.com/z-51.js

ကိုယ့်ဆိုက်ထဲမှာ ကိုယ်တင်ထားလိုက်ရင် ပိုမြန်မယ်လို့ထင်ပါတယ်။

သူများဆိုက်ကို သွားသွားဖတ်နေရတော့ နည်းနည်းများကြာသလားလို့ပါ။

# ညမီးအိမ် 09.03.08 / 4am

အစ်ကိုပေးထားတဲ့ကုဒ် နည်းနည်းမှားနေသလားလို့ ဟုတ်မဟုတ်မသိဘူးဗျ။ ကျွန်တော်ထည့်လိုက်ရင် error တတ်လို့ ကျွန်တော်စမ်းကြည့်တာတော့ { ‘ } အဲဒါလေးတွေ မှားနေတယ်ထင်တယ်။

ဒါအစ်ကိုပေးထားတဲ့ကုဒ်

အမှန်ကဒီလိုများဖြစ်နေမလား

ဟုတ်မဟုတ်မသိဘူး အစ်ကို မှားနေရင်ကျွန်တော်ကို ထောက်ပြပါဦး။

ဒါနဲ့စကားမစပ် အခုကျွန်တော် ဘလောခ်မှာ ထည့်ထားတာ မပေါ်ဘူးအစ်ကိုဘာလို့တုန်းဗျ။

ကျွန်တော့်ဘလောခ်လိပ်စာက http://www.nyameeeain.blogspot.com ပါ။ ဘန်းကျော်စရာ မလိုတဲ့လင့်ခ်ကတော့ http://www.nyameeain.co.cc ပါ။ ဘာလို့မရလဲ တစ်ချက်လောက်ပြောပြပါဦးအစ်ကို။

# ညမီးအိမ် 09.03.08 / 4am

အစ်ကိုပေးထားတဲ့ကုဒ် နည်းနည်းမှားနေသလားလို့ ဟုတ်မဟုတ်မသိဘူးဗျ။ ကျွန်တော်ထည့်လိုက်ရင် error တတ်လို့ ကျွန်တော်စမ်းကြည့်တာတော့ { ‘ } အဲဒါလေးတွေမှားနေတယ်ထင်တယ်။

ဒါအစ်ကိုပေးထားတဲ့ကုဒ်

[script src=’http://ngwestar.googlepages.com/z-51.js’ type=’text/javascript’]

အမှန်ကဒီလိုများဖြစ်နေမလား

[script src=’http://ngwestar.googlepages.com/z-51.js&#8217; type=’text/javascript’/]

မှတ်ချက်။ ။ အဲဒါမရလို့ [] အဲဒါလေးအစားထိုးထားတာပါ။

ဟုတ်မဟုတ်မသိဘူးအစ်ကို မှားနေရင်ကျွန်တော်ကိုထောက်ပြပါဦး။

ဒါနဲ့စကားမစပ် အခုကျွန်တော်ဘလောခ်မှာ ထည့်ထားတာမပေါ်ဘူး အစ်ကိုဘာလို့တုန်းဗျ။

ကျွန်တော့်ဘလောခ်လိပ်စာက http://www.nyameeeain.blogspot.com ပါ။ ဘန်းကျော်စရာ မလိုတဲ့လင့်ခ်ကတော့ http://www.nyameeain.co.cc ပါ။ ဘာလို့မရလဲ တစ်ချက်လောက်ပြောပြပါဦးအစ်ကို။

# thinker 09.03.08 / 11am

ဟုတ်တယ် ညမီးအိမ်။ အဲဒီကုဒ်ကြောင့် ဖြစ်မယ်။

# ဟန်သစ်ငြိမ် 09.03.08 / 7pm

ကျုပ်လည်း လုပ်လို့မပေါ်ပါ။ နောက်မှ အေးဆေး လာခဲ့မယ်ဗျာ

# ညမီးအိမ် 09.04.08 / 2am

အစ်ကိုရေ ဒီနေ့မှကျွန်တော်ဘလောခ်ထဲ ဝင်ကြည့်တာ ပေါ်တော့ပေါ်တယ်အစ်ကို။ ဘယ်မှာသွားပေါ်လဲဆိုတော့ Layout ရဲ့ Page Elements မှာ သွားပေါ်နေတယ်အစ်ကို ကျွန်တော်ဘာမှားလဲမသိဘူး အကြံပေးပါဦး။

# thinker 09.04.08 / 10am

အခက်အခဲတွေ မေးစရာတွေ ဒီပို့စ်ရဲ့ ကော်မန့်မှာ ရေးသွားကြပါဗျာ။

http://mmfontconvert.blogspot.com/ က လာပြီး ရှင်းလင်းပေးပါလို့ ကျနော် Request လုပ်ထားပါတယ်။

ကျနော် သတိပြုမိတာတွေကတော့

(၁) ယူနီကုဒ်ဖောင့်ဟာ ဇော်ဂျီနဲ့ ယှဉ်ရင် ဆိုဒ်သေးတယ်။ ကျနော်က ၁၃ လောက် ထားလိုက်တယ်။

(၂) ယူနီကုဒ်နဲ့ ပေါ်ဖို့ Myanmar3 ကို အင်စတော လုပ်ရမယ်။ ပြီးရင် Font Assign လုပ်ရပါမယ်။ ကျနော်က ဇော်ဂျီနောက်နားမှာ ကပ်ထည့်လိုက်ပါတယ်။

(၃) အခု ကျနော့ ဘလော့ဂ်က Free Host မှာ WP နဲ့ Run ထားတာပါ။ ယူနီကုဒ်ပြောင်းလိုက်ရင် First Page မှာ ပြောင်းပါတယ်။ ဒါပေမယ့် ပို့စ်တစ်ခုစီကို ဖွင့်ရင် ယူနီကုဒ်ပါမလာတော့ဘဲ ဇော်ဂျီနဲ့ပဲ ပွင့်ပါတယ်။ အဲဒီတော့ Main Index Template မှာ Single Page Template မှာပါထည့်ရပါမယ်။)

(၄) တချို့စာတွေ နေရာလွဲတာမျိုးရှိပါတယ်။ ဥပမာ နှင်းပွင့်ကိုရေးတာနှင်းပွဝင့်ဖြစ်သွားခြင်း။ ကျနော်ကတော့ ရေးထုံးကြောင့် နေရာလွဲတယ် ထင်ပါတယ်။ ဥပမာ အရင်ရေးရမည့် အက္ခရာ၊ သတ်ညွှန်းစသည်ကို အစီအစဉ်မကျ ရေးခြင်း။ ပြီးတော့ သုညနဲ့ ဝလုံး မှားလို့ မရခြင်း။

(၅) ဇော်ဂျီနဲ့က အင်္ဂလိပ်စာတွေမှာ Arial ပုံစံပေါ်ပါတယ်။ ယူနီကုဒ်နဲ့ ဖွင့်တဲ့အခါ အင်္ဂလိပ်စာလုံးတွေက Time New Roman ပုံစံ ပြောင်းပါတယ်။

ဒါက ကျနော် သတိထားမိတာပါ။ ကိုမောင်လှတို့၊ ကိုသင်္ကြန်တို့၊ ကိုမှော်ဆရာတို့ စမ်းကြရင် ပိုပြီး မြင်တတ်မယ် ထင်ပါတယ်။

# mtj 09.04.08 / 11am

ကိုသင့်ရေ myanmar3 ဖောင့် သက်သက် ကျွန်တော့်စက်မှာ ထည့်ထားပါတယ်။ စာလုံးတွေ အဆင်မပြေပြေ မမြင်ရဘူးဗျ။ ကီးဘုတ်ကိုတော့ အင်စတော မလုပ်ထားဘူး။ ယူနီကုဒ်နဲ့ ပါတ်သက်ပြီးဘာမှကို မသိလို့ နဲနဲ ပိုရှင်းပြပေးပါလား။ myanmar3 က ယူနစ်ကုဒ် အစစ်လား standard ဖြစ်ပြီလား။ သူ့ကို တင်လိုက်ရင် MyMyanmar လိုမျိုး ပြသနာ ဖြစ်နိုင်မလား အစရှိသဖြင့်ပေါ့ဗျာ။ လုပ်ပေးထားတာလေးတော့ အရမ်းမိုက်တယ်။ ဇော်ဂျီကနေ standard အစစ်ကို ပြောင်းဖို့ အကောင်းဆုံးနည်းလမ်း တစ်ခုလို့ ထင်တယ်။

# thinker 09.04.08 / 1pm

MBS မှာ ဒီပို့စ်နဲ့ ပတ်သက်လို့ ပေးထားတဲ့ ကော်မန့်ပါ။ ကိုစိုးမင်းက အမှန်ပြင်ပေးထားလို့ ဒီမှာ ကူးတင်လိုက်ပါတယ်။

Comment by MgHla-

Delete Comment ကျတော့်ဆီမှာ 5.1 ပြောင်းရင် အဆင်ပြေဘူးဗျကိုသင့်ကာ ဘလော့မှာရော စာတွေ ဖတ်လို့မရဘူးကျတော် Myanmar3 font ပဲထည့်ထားလို့လား မသိဘူး

Comment by Soe Min-

Delete Comment ကိုသင်ကာရေ IE 6 မှာ script ကိုပြန်ပိတ်ရင် /> နဲ့မရဘူးဗျ။ >နဲ့ပြန်ပိတ်မှ ရမယ်။

ဒီထဲမှာ ပို့စ်ရင် < ကို <လို့ပြောင်းမှ မြင်ရပါမယ်။

မာ့ခ်

Comment by Soe Min-

က အမှန်ပါ။

(ကုဒ်တွေ မပေါ်ပါ)

# MhawSayar 09.04.08 / 2pm

လောလော ဆယ်တော့ မစမ်းဖြစ်လောက်သေးဘူး ကိုသင့်ရေ. ပြီးမှပဲ သေသေချာချာ ထပ်စမ်းကြည့်လိုက်ပါဦးမယ်

မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ. 🙂

Advertisements

1 Comment

Filed under IT & Blogging, Unicode

One response to “Off-Line On the Fly Converter Box

  1. Pingback: M M Ŧ ђ ĩ ŋ ķ є я » 3 in All