Mahidol Tragic

မနေ့က မဟီဒေါတက္ကသိုလ်က သူငယ်ချင်းက ပြောပါတယ်။ ဆေးပညာဘွဲ့လွန်ကျောင်းသူတစ်ယောက် ကားမှောက်တာမှာ ၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့က) ဆုံးပါးသွားပါတယ်တဲ့။ ဒီနေ့မေးလ်ဝင်လာမှ အသေးစိတ်ကို ဖတ်ရပါတယ်။

ကွယ်လွန်သွားသူကတော့ ဆေး – ၁ က သရုပ်ပြဆရာမဟောင်း ဒေါက်တာအေးအေးအောင်ပါ။ လောလောဆယ် မဟီဒေါတက္ကသိုလ်မှာ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့တက်ရောက်နေသူဖြစ်ပါတယ်။ ထိုင်းမြောက်ပိုင်း မဲဆောက်ကို အသွားမှာ အမြန်ယာဉ်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ရဲရဲ့ပြောကြားချက်အရတော့ အခင်းဖြစ်ပွားတဲ့နေရာမှာ သူမဟာ ချက်ချင်း(ပွဲချင်းပြီး) ကွယ်လွန်ခဲ့တာဖြစ်တဲ့အတွက် သူမအနေနဲ့ ဝေဒနာ မခံစားလိုက်ရဘူးလို့ ဖြေသိမ့်ဖို့သာ ရှိပါတယ်လို့ ရောက်ရှိလာတဲ့ မေးလ်မှာ ရေးထားပါတယ်။

နောက်တစ်နေ့ မဲဆောက်ကို ရောက်လာခြင်းမရှိတဲ့အတွက် သူငယ်ချင်းများနဲ့ အတန်းဖော်များက ဆေးရုံနဲ့ ရဲစခန်းများကို အကြောင်းကြားရှာဖွေတာကနေ သူမကို ခြေရာခံမိကြတာ ဖြစ်ပါတယ်။ ကျောင်းသား အယောက် ၂၀ လောက်ဟာ ဆေးရုံ ရေခဲတိုက်ကို သူမ ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုဖို့ သွားခဲ့ပါတယ်။ သူမဟာ ပုံပျက်ပန်းပျက် ဒဏ်ရာတွေရပြီး သေဆုံးရတာကို ဝမ်းနည်းဖွယ် တွေ့ကြရပါတယ်။ ဒါပေမယ့် အဝတ်အစား၊ ပတ်စ်ပို့စ်၊ ကျောင်းသားကဒ်တွေအရ သူမဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

သောကြာနေ့မှာ သူမမိသားစု ရောက်လာတဲ့အထိ အလောင်းကို ရေခဲတိုက်မှာ ထားမှာ ဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ကားတိမ်းမှောက်မှုမှာ လေးယောက်သေဆုံးပြီး ၃၀ ဒဏ်ရာရခဲ့ပါတယ်။

ပညာစုံ အရွယ်ကောင်းမှာ ကြွေလွင့်သွားရတာ စိတ်မကောင်းစရာပါ။ မိဘဆွေမျိုးတွေ ရင်ကျိုးရမှာပါပဲ။ ဖတ်မိသူအားလုံးပဲ ဒေါက်တာအေးအေးအောင် ကောင်းရာသုဂတိလားဖို့ ဆုတောင်းပေးပြီး အမျှပေးဝေနိုင်ကြပါစေ။ ချင်းမိုင်တက္ကသိုလ်ကျောင်းသားများကလည်း ကောင်းရာသုဂတိလားစေဖို့နဲ့ ကျောင်းသားများပြုသမျှကို အမျှဝေပါတယ်။

(ဤပို့စ်သည် မဟီဒေါဆေးကျောင်းသူ ဒေါက်တာအေးအေးအောင်အတွက် ချင်းမိုင်တက္ကသိုလ်ကျောင်းသားများ၏ ဝမ်းနည်းမှတ်တမ်းဖြစ်ပါသည်။ သတင်းအဖြစ်ကူးယူခြင်း၊ ရည်ညွှန်းခြင်းကို တားမြစ်ပါသည်။)

Advertisements

2 Comments

Filed under Announcement

2 responses to “Mahidol Tragic

  1. တရက်တည်းပဲ
    အလွန်စိတ်မကောင်းဖြစ်ရတယ်။

  2. ကောင်းရာသုဂတိ ရောက်ပါစေ–