ပျိုးကြည့်တဲ့ပန်း

ပျိုးကြည့်တဲ့ပန်း

ဒဏ်တွေနဲ့ ရင်ဘတ်မှာ

ကျန်နေတဲ့ အမျှင်မပြတ်ရင်

မာန်တွေနဲ့ နင်ဖြတ်လိုက်ကွယ်


အတိတ်ကမ္ဘာ သီးသန့်မှာ

အရိပ်ပမာ မပြီးပြတ်လို့

သိက္ခာကို ဘီးတပ်မနေနဲ့တော့.


မိုးတိမ်တွေလည်း ဆွေးလွင့်နေဆဲပါ

အစိုးရိမ်တွေ အဝေးလွှင့်လိုက်

ညှိုးအိမ်မှာ ပန်းတွေပွင့်လာလိမ့်မယ်.

သင်ကာ

(လောကအလှအွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြပြီး)

Advertisements

7 Comments

Filed under Poem

7 responses to “ပျိုးကြည့်တဲ့ပန်း

  1. ပန်းပျိုးတဲ့လက်.

  2. ပန်းပျိုးတဲ့လက်

  3. ငြိမ်းကျော်ရဲ့ မပြတ်တဲ့သံယောဇဉ်ကို ကြွေဇွန်းနဲ့ဖြတ်. ပြတ်ပါ့မလားကွယ် ဆိုတဲ့ ဇိတ်သိမ်းခန်းလေးတဒ်ပုဒ် ရှိခဲ့ဘူးတယ်။ ကြွေကနဲ မျက်ရည်ဖြစ်ခဲ့ဘူးတယ်။

  4. အချစ်မှာ သိတ်ခ္လါတွေ ဟန်ဆောင်တာတွေ မလိုပါ။

  5. ပန်းကလေး လန်းဆန်းပါစေ။

  6. ပျိုးကြည့်တဲ့ပန်း

    ဒဏ်တွေနဲ့ ရင်ဘတ်မှာ



    အထပ်ထပ် ပြန်ဖတ်တယ်—
    လှပတဲ့စကားလုံးရွေးခြယ် ထားမှုတွေဟာ–
    ကဗျာရေးသူရဲ့ အနုပညာ စံ ကို ဖေါ်ပြထားတယ်—
    တပုဒ်လုံး လှ တယ်–

  7. ကောင်းကင်ကို

    မိုက်သဗျ။