10 comments on “ဖွဲ့တည်ရာ အတွဲ(၁)၊ အမှတ်(၆) တစ်နှစ်ပြည့်

  1. အရမ်းအရမ်းကို ကောင်းလွန်းလှပါတယ်…။ ဖွဲ့တည်ရာ ရဲ့ အနုပညာကို ဦးညွတ်ပါတယ်…။ ပထမဆုံး comment ရတဲ့အတွက်လည်း ၀မ်းသာပါတယ်…။ ထာဝစဉ် အားပေးလျက်…

  2. အထူး အထူထုတ်ကို ဒေါင်းသွားပါသည်။ စိမ်ပြေနပြေ ဖတ်ပါတော့မည်..ဟိဟိ

  3. ပီဒီအက်ဖ်သို့ ပြောင်းလဲရာတွင် မြန်မာနိုင်ငံမြေယာမူဝါဒများ ဆောင်းပါးမှာ အဖွင့်စာမျက်နှာ ကျန်ရစ်နေပါသည်။

    အစောဆုံး လာရောက် ဒေါင်းလုဒ် လုပ်သူများ အဆင်မပြေမှုဖြစ်ခဲ့လျှင် စာဖတ်သူများကို တောင်းပန်ပါသည်။

    ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်၍ ယခု လင့်ခ် အသစ် ပြန်လဲချိတ်ထားလိုက်ပါပြီ။

    အယ်ဒီတာ

  4. အထူးထုတ်က အရမ်းကို ကောင်းပါတယ်ရှင်.. ဖွဲ့တည်ရာရဲ့ ဖန်တီးရှင်တွေ ဒီထက်မက ပိုဖန်တီးနိုင်ပါစေ..

  5. သိစစ်ပိနေတဲ့ ကြားက အလုအရက်ဖတ်နေပါတယ်.. အကုန်လုံးတော့ မဖတ်ရသေးဘူး မဂ္ဂဇင်းအပြင်ဆင်ကတော့ တော်တော်ကြီးကို ကောင်းတယ်..
    မလေးမေ ရဲ့ အိမ်အပြန်.. သြဘာလမ်းထက်က နှုတ်ဆက်ခြင်းတွေ လွမ်းမသင့်ဘူး ငါသိပါတယ် ဒါပေမယ့် တမ်းတအပ်သော ငါ့အတိတ်မဟုတ်လား…ဖွဲ့ပုံလေး ကြိုက်တယ်..
    ရွှန်းမီရဲ့ ဆောင်းအိပ်မက်အသစ်… စကားလုံး သုံးနှုန်းမှုနဲ့ အဖြတ်အတောက်လေးတွေ အရမ်းသဘောကျတယ်.. တကယ်ကို နွမ်းနွမ်းလေး ခံစားလိုက်ရတယ်…
    ညိမ်းညို.. ယာယီခရီး.. အရမ်းကို နှစ်ခြိုက်မိတဲ့ ဖွဲ့ပုံလေးပါ.. ကဗျာဆရာရဲ့ အနုပညာကို တကယ်ကိုလေးစာမိပါတယ်…
    ကိုဂစ်တာရဲ့ ချစ်သူအလှဖွဲ့ကတော့ ဆန်းတယ်.. သဘောကျမိတယ်
    ကဗျာတွေကိုပဲ ဖတ်ထားတာပါ.. နောက်ပိုင်းတွေ သေချာဆက်ဖတ်ပြီး ထပ်ရေးပါဦးမယ်…

  6. အထူးအထူထုတ်ပေါ့ဗျာ။

    ကောင်းတယ်။

    ဒေါင်းလုပ်ချပြီးမှ အေးဆေးဖတ်မယ်။

    အားပေးလျက်
    တက်လူ

  7. ၁ နှစ်ပြည့် အထူးထုတ်ကို တ၀ကြီး ဖတ်လိုက်ရပါတယ်။
    ငတ်မွတ်နေတဲ့ စာပေအနုပညာဆိုတာကို ရလိုက်တယ်လို့ ဖတ်အပြီးမှာ ခံစားရပါတယ်။

    အယ်ဒီတာ့အမှတ်တရစကားက အမျိုးသားစာရေး ဆရာများနဲ့ အမျိုးသမီး စာရေးဆရာများကိုသုံးသပ်ထားမှုမှာ မဟာဖိုဝါဒ ဆန်နေပါတယ်လို့ ခံစားမိလိုက်တယ်။(ဂေါ်မစွံ လူပျိုကြီးတွေမှာ ဖြစ်တတ်တဲ့ သဘောပါပဲ။)

    ဘ၀ဆိုတာကို လက်တွေ့ကျကျ ရေးထားတဲ့ သရုပ်မှန်တွေကို အမျိုးသမီး စာရေးဆရာများကရေးသားထားတာကို နှစ်သက်မိပါတယ်။

    ဆောင်းပါးတွေကို နှစ်သက်ပါတယ်။
    အနုပညာမျက်စိနဲ့ ကြည့်ပြီး အနုပညာကို ခံစားလိုက်ရတဲ့ ဆောင်းပါးမှာ အငြင်းမပွားချင်ပေမယ့် ပြည်တွင်းမှာတော့ ဆင်ဆာထိမယ့် ပုံများပါပဲ။

    အားလုံး ခြုံပြောရရင် တကယ့်ကို ကောင်းတဲ့ တစ်နှစ်ပြည့် အထူးထုတ်ပဲ ဖြစ်ပါတယ်။

  8. အထူး(အထူထုတ်ကြီး)ကို ဖတ်ပြီး ဝေဖန်ရသည်ရှိသော် တော်တော်ကြီးကို ကောင်းပါတယ်။ မဖတ်ရတာ ကြာလို့လားတော့ မသိ။ ထူးခြားတာ နှစ်ခုတွေ့တယ်။ တစ်ခုက အယ်ဒီတာ အာဘော် တော်တော်ရှည်လာပါတယ်။ အဲ..နောက်တစ်ခုက..အရင်ထုတ်တွေတုန်းက တစ်ဖက်သတ်အချစ်အကြောင်း များများပါခဲ့ပြီး အခုတစ်ပတ်တော့ အသဲကွဲကျန်ရစ် ခံစားရတဲ့အကြောင်း အများကြီး ပါတာကိုပါ။ ကောင်းတာတွေများလွန်းလို့ ဘယ်သူ့ဟာအကောင်းဆုံးလဲဆိုတာတောင် မပြောနိုင်တော့ဘူး( မထူးပါဘူး ကိုယ့်ဟာကိုယ်ပဲ မဲပေးလိုက်မယ်..ဟိ).မလေးမေ၊ ပန်ဒိုရာ၊ ပန်းပုံပြင်၊ တူးတူးသာ၊ ရွှေပြည်သူ၊ မိုးမောင်တို့ကို ကြိုက်ပါတယ်။ မိကေထွေးလည်း ကြိုက်တာပါပဲ။ ကဗျာတော့ ရန်ကုန်ကို သဘောကျတယ်။ တော်တော်များများ ကြိုက်ပါတယ်။ ရင်တွင်းဖွဲ့တည်ရာ၊ ကာတွန်းဖွဲ့တည်ရာက နှစ်ကြိမ်တောင် ပါတယ်နော်။

  9. ကွိ စာအုပ်မှာ ဆရာမြသန်းတင့် အမှာ နဲ့တခြားအမှာ ဆိုတဲ့အင်္ဂလိပ်စာလုံးပေါင်းက Foreword ဖြစ်ပါတယ်။ Forward မဟုတ်ပါ။

    စာအုပ်များ ရိုက်ပြီးပါက ပီဒီအက်ဖ်နဲ့ အလွယ်ယူနိုင်အောင် တင်ပေးစေလိုပါတယ်ခင်ဗျား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s