ဖွဲ့တည်ရာ အတွဲ(၁)၊ အမှတ်(၆) တစ်နှစ်ပြည့်

ကာလကြာမြင့်စွာ တမေးတည်း မေးခဲ့ကြသော ဖွဲ့တည်ရာ တစ်နှစ်ပြည့် နှစ်ပတ်လည် မဂ္ဂဇင်း ထွက်ပါပြီ။ စာနယ်ဇင်း လောကတွင် `အထူးထုတ်´များကို `အထူထုတ်´ဟု သရော်သည်များရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် စာပိုကောင်းမလာဘဲ ကြော်ငြာတွေ များလွန်း၍ ဖြစ်သည်။ ကျွန်ုပ်တို့ မဂ္ဂဇင်းမှာလည်း နှစ်ပတ်လည် ဖြစ်သည့်အားလျော်စွာ စာမူ အများအပြား ပေးပို့လာကြပါသည်။ ကျနော်တို့လည်း `အထူးထုတ်´ရော `အထူထုတ်´ပါ ဖြစ်သွားပါသည်။ သို့သော် စာပေ သုတ၊ ရသ သက်သက်ဖြင့် `အထူး၊ အထူထုတ်´ဖြစ်သောကြောင့် အားပါးတရ ဖတ်ရှု ကျေနပ်လိမ့်ကြမည်ဟု မျှော်လင့်ပါသည်။

ထုတ်ဝေနေကြထက် နှစ်ဆ ရှိသော ဖွဲ့တည်ရာ တစ်နှစ်ပတ်လည် မဂ္ဂဇင်းကို စောင့်မျှော်ရကျိုး နပ်မည်ဟု ယုံကြည်ပါသည်။ ဗိုလ်ချုပ်မွေးနေ့နှင့် ဖေဖော်ဝါရီ ဗယ်လင်တိုင်း ပေါ်ပင်ယဉ်ကျေးမှု နှစ်ခုဖြင့် တစ်နှစ်ပြည့် အဖြစ် ကျွန်ုပ်တို့က တစ်စုံတစ်ခု ပေးဖို့ ကြိုးပမ်းထားပါသည်။ ထိုတစ်စုံတစ်ခုအတွက် ကျေနပ်ကြလျှင် ကျွန်ုပ်တို့ ပင်ပန်းရကျိုး၊ ဖန်တီးရကျိုး နပ်ပါပြီ ဟူ၍။

Vol.1, Issue.6

PDF Format

File Size: 14.66 MB

Click Following Links to Download

ဤလင့်ခ်ဖြင့် WordPress မှ တိုက်ရိုက် Download လုပ်နိုင်ပါသည်။

This is the link to download directly from WordPress.

(Upload Soon/ Connection Error)

ဤလင့်ခ်ဖြင့် MediaFire မှလည်း Download ရယူနိုင်ပါသည်။

This is the link to download from MediaFire.

http://www.mediafire.com/?ikzmo2dmjkm

ဝေဖန်အကြံပြုချက်များကို existence.magazine@gamil.com (or) admin@existencemediagroup.com တွင် ဖြစ်စေ ဤဘလော့ဂ်တွင်ဖြစ်စေ ပေးပို့နိုင်၊ ရေးသားနိုင်ကြပါသည်။

You can leave your comments at existence.magazine@gamil.com or admin@existencemediagroup.com even in this blog.

အားပေးသူ၊ ဝေဖန်အကြံပြုသူအားလုံးကို ကျေးဇူးတင်လျက်

Your comments and suggestions are greatly appreciated…

EMGroup

Advertisements

10 Comments

Filed under Download, Existence Magazine

10 responses to “ဖွဲ့တည်ရာ အတွဲ(၁)၊ အမှတ်(၆) တစ်နှစ်ပြည့်

  1. မြင့်မြတ်ကြယ်

    အရမ်းအရမ်းကို ကောင်းလွန်းလှပါတယ်…။ ဖွဲ့တည်ရာ ရဲ့ အနုပညာကို ဦးညွတ်ပါတယ်…။ ပထမဆုံး comment ရတဲ့အတွက်လည်း ၀မ်းသာပါတယ်…။ ထာဝစဉ် အားပေးလျက်…

  2. အစောကြီး ဒေါင်းသွားပါ၏
    အထူးအထူထုတ်ကြီးကို မျက်မှန်ထူထူဖြင့် အားရပါးရ ဖတ်ပါတော့မည် 😀

  3. အထူး အထူထုတ်ကို ဒေါင်းသွားပါသည်။ စိမ်ပြေနပြေ ဖတ်ပါတော့မည်..ဟိဟိ

  4. ပီဒီအက်ဖ်သို့ ပြောင်းလဲရာတွင် မြန်မာနိုင်ငံမြေယာမူဝါဒများ ဆောင်းပါးမှာ အဖွင့်စာမျက်နှာ ကျန်ရစ်နေပါသည်။

    အစောဆုံး လာရောက် ဒေါင်းလုဒ် လုပ်သူများ အဆင်မပြေမှုဖြစ်ခဲ့လျှင် စာဖတ်သူများကို တောင်းပန်ပါသည်။

    ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်၍ ယခု လင့်ခ် အသစ် ပြန်လဲချိတ်ထားလိုက်ပါပြီ။

    အယ်ဒီတာ

  5. အထူးထုတ်က အရမ်းကို ကောင်းပါတယ်ရှင်.. ဖွဲ့တည်ရာရဲ့ ဖန်တီးရှင်တွေ ဒီထက်မက ပိုဖန်တီးနိုင်ပါစေ..

  6. သိစစ်ပိနေတဲ့ ကြားက အလုအရက်ဖတ်နေပါတယ်.. အကုန်လုံးတော့ မဖတ်ရသေးဘူး မဂ္ဂဇင်းအပြင်ဆင်ကတော့ တော်တော်ကြီးကို ကောင်းတယ်..
    မလေးမေ ရဲ့ အိမ်အပြန်.. သြဘာလမ်းထက်က နှုတ်ဆက်ခြင်းတွေ လွမ်းမသင့်ဘူး ငါသိပါတယ် ဒါပေမယ့် တမ်းတအပ်သော ငါ့အတိတ်မဟုတ်လား…ဖွဲ့ပုံလေး ကြိုက်တယ်..
    ရွှန်းမီရဲ့ ဆောင်းအိပ်မက်အသစ်… စကားလုံး သုံးနှုန်းမှုနဲ့ အဖြတ်အတောက်လေးတွေ အရမ်းသဘောကျတယ်.. တကယ်ကို နွမ်းနွမ်းလေး ခံစားလိုက်ရတယ်…
    ညိမ်းညို.. ယာယီခရီး.. အရမ်းကို နှစ်ခြိုက်မိတဲ့ ဖွဲ့ပုံလေးပါ.. ကဗျာဆရာရဲ့ အနုပညာကို တကယ်ကိုလေးစာမိပါတယ်…
    ကိုဂစ်တာရဲ့ ချစ်သူအလှဖွဲ့ကတော့ ဆန်းတယ်.. သဘောကျမိတယ်
    ကဗျာတွေကိုပဲ ဖတ်ထားတာပါ.. နောက်ပိုင်းတွေ သေချာဆက်ဖတ်ပြီး ထပ်ရေးပါဦးမယ်…

  7. အထူးအထူထုတ်ပေါ့ဗျာ။

    ကောင်းတယ်။

    ဒေါင်းလုပ်ချပြီးမှ အေးဆေးဖတ်မယ်။

    အားပေးလျက်
    တက်လူ

  8. ၁ နှစ်ပြည့် အထူးထုတ်ကို တ၀ကြီး ဖတ်လိုက်ရပါတယ်။
    ငတ်မွတ်နေတဲ့ စာပေအနုပညာဆိုတာကို ရလိုက်တယ်လို့ ဖတ်အပြီးမှာ ခံစားရပါတယ်။

    အယ်ဒီတာ့အမှတ်တရစကားက အမျိုးသားစာရေး ဆရာများနဲ့ အမျိုးသမီး စာရေးဆရာများကိုသုံးသပ်ထားမှုမှာ မဟာဖိုဝါဒ ဆန်နေပါတယ်လို့ ခံစားမိလိုက်တယ်။(ဂေါ်မစွံ လူပျိုကြီးတွေမှာ ဖြစ်တတ်တဲ့ သဘောပါပဲ။)

    ဘ၀ဆိုတာကို လက်တွေ့ကျကျ ရေးထားတဲ့ သရုပ်မှန်တွေကို အမျိုးသမီး စာရေးဆရာများကရေးသားထားတာကို နှစ်သက်မိပါတယ်။

    ဆောင်းပါးတွေကို နှစ်သက်ပါတယ်။
    အနုပညာမျက်စိနဲ့ ကြည့်ပြီး အနုပညာကို ခံစားလိုက်ရတဲ့ ဆောင်းပါးမှာ အငြင်းမပွားချင်ပေမယ့် ပြည်တွင်းမှာတော့ ဆင်ဆာထိမယ့် ပုံများပါပဲ။

    အားလုံး ခြုံပြောရရင် တကယ့်ကို ကောင်းတဲ့ တစ်နှစ်ပြည့် အထူးထုတ်ပဲ ဖြစ်ပါတယ်။

  9. အထူး(အထူထုတ်ကြီး)ကို ဖတ်ပြီး ဝေဖန်ရသည်ရှိသော် တော်တော်ကြီးကို ကောင်းပါတယ်။ မဖတ်ရတာ ကြာလို့လားတော့ မသိ။ ထူးခြားတာ နှစ်ခုတွေ့တယ်။ တစ်ခုက အယ်ဒီတာ အာဘော် တော်တော်ရှည်လာပါတယ်။ အဲ..နောက်တစ်ခုက..အရင်ထုတ်တွေတုန်းက တစ်ဖက်သတ်အချစ်အကြောင်း များများပါခဲ့ပြီး အခုတစ်ပတ်တော့ အသဲကွဲကျန်ရစ် ခံစားရတဲ့အကြောင်း အများကြီး ပါတာကိုပါ။ ကောင်းတာတွေများလွန်းလို့ ဘယ်သူ့ဟာအကောင်းဆုံးလဲဆိုတာတောင် မပြောနိုင်တော့ဘူး( မထူးပါဘူး ကိုယ့်ဟာကိုယ်ပဲ မဲပေးလိုက်မယ်..ဟိ).မလေးမေ၊ ပန်ဒိုရာ၊ ပန်းပုံပြင်၊ တူးတူးသာ၊ ရွှေပြည်သူ၊ မိုးမောင်တို့ကို ကြိုက်ပါတယ်။ မိကေထွေးလည်း ကြိုက်တာပါပဲ။ ကဗျာတော့ ရန်ကုန်ကို သဘောကျတယ်။ တော်တော်များများ ကြိုက်ပါတယ်။ ရင်တွင်းဖွဲ့တည်ရာ၊ ကာတွန်းဖွဲ့တည်ရာက နှစ်ကြိမ်တောင် ပါတယ်နော်။

  10. မင်းမင်း

    ကွိ စာအုပ်မှာ ဆရာမြသန်းတင့် အမှာ နဲ့တခြားအမှာ ဆိုတဲ့အင်္ဂလိပ်စာလုံးပေါင်းက Foreword ဖြစ်ပါတယ်။ Forward မဟုတ်ပါ။

    စာအုပ်များ ရိုက်ပြီးပါက ပီဒီအက်ဖ်နဲ့ အလွယ်ယူနိုင်အောင် တင်ပေးစေလိုပါတယ်ခင်ဗျား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s