Unwanted Prize

မလိုချင်ခဲ့သော အထိုက်တန်ဆုံး ဆု

ဖြေရှင်းခွင့် ဆိုတာ

ဥပေက္ခာရဲ့ တစ်ဖက်

တံခါး ဂျက်ချခြင်း ခံရတဲ့

ဆန္ဒတို့ရဲ့ တမန်တော်လေ ….။

မိန်းမ တစ်ယောက်ရဲ့

ကျောက်သားနဲ့ အညီ အမျှ

မာနဆိုတဲ့ ဒြပ်ကို

ပုတ်ခတ်မိတဲ့ ငါ…

ဝေးလွင့်ခြင်း ဒဏ်ရာ တစ်ခု

ထိုက်တန်တဲ့ ဆုပါပဲ…။

ကြေကွဲခြင်း ဆိုတာ

ငါ့ရဲ့ မဟာ အမှား တစ်ခုက

လွှတ်ချ ဖျက်ဆီးလို့

ပျက်စီး သွားတဲ့ အပိုင်းအစ ပေါ့…။

နာကျည်းသွားမှုတွေဟာ

သွက်သွက်ခါ ရူးစေမယ့်

ဖြေဆေး မရှိတဲ့ အဆိပ်

တိတ်တဆိတ် ကြေကွဲ

ဖြိုခွဲ ထိုးနှက်နေတဲ့

ရက်စက်တဲ့ နှုတ်ခမ်းလေးတွေ

ငါ့ကို သနားလှည့်ဦး လေကွယ်…..။

မက်မပြေ (ဒဂုံတက္ကသိုလ်)

Advertisements

Leave a comment

Filed under Poem

Comments are closed.