My Thought on Gauk Gyet

မနေ့က သတင်းထောက်တစ်ယောက်က ဟေ့လူ ကြည့်ပါဦးဆိုလို့ ဖတ်တယ်။ ဂျောက်ဂျက် ဂျောက်ဂျက် ဖြစ်နေတယ်။ Bi-Weekly, DVB ကနေ နောက်က Mizzima ကလည်း တက်သုတ်ရိုက် လိုက်လာတယ်။

ဒါနဲ့ မနေ့ညက ချင်ချင်း လိုက်ရှာပြီး နားထောင်တယ်။ ကိုယ့် ပါစင်နယ် အမြင်ကတော့ ကျနော်တော့ ကြိုက်တာပဲ။ ရိုင်းသလားဆိုရင် ရိုင်းတာပေါ့။

ကျနော်ကတော့ ဘာတွေနဲ့ ဘယ်လို ကြောင့်တွေမှ မမြင်ဘူး။ ဒါမျိုးတွေ ဖြစ်လာတာ ဆန်းတယ်လည်း မထင်ဘူး။ အပြာဆိုဒ်မှာတောင် မြန်မာပြည်တွေ မိုးမွန်အောင် တွေ့လာရပြီပဲ။

အင်တာနက်တွေ နည်းပညာတွေနဲ့ ထိတွေ့လာရင် နောက်ဆက်တွဲ မဟုတ်တာ လုပ်မယ့်ကောင်ရော၊ မဟုတ်တဟုတ် လုပ်မယ့် ကောင်ရော ပါလာမှာပဲ။

ကျနော်ကတော့ အပြစ် မပြောလိုဘူး။ အစဉ်အလာသမားနဲ့ အပြောင်းအလဲသမား လွန်ဆွဲဖို့ ကွင်းစ ပေါ်တာပဲ မြင်တယ်။

အကယ်၍ မြန်မာ ဟစ်ပ်ဟော့ပ် ဖြစ်စဉ်ကို အကယ်ဒမ်းမစ်ကျကျကြည့်မယ်ဆိုရင် ကပ်ပလီဆီက ကူးချတာ ဆိုတာထက် ပိုပါတယ်။ မနုဿဗေဒကကြည့်ရင် မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေကို တုံ့ပြန်တဲ့ ဆိုရှယ် အင်တာအက်ရှင် တစ်ခုလို့ သတ်မှတ်လေ့လာနိုင်မယ် ထင်တယ်။

သင်ကာ

Advertisements

Leave a comment

Filed under Music

0 responses to “My Thought on Gauk Gyet

  1. ဆိုရှယ်အင်တာအက်ရှင်ဆိုတာ ဟုတ်မယ်။
    သတိထားမိသွားတယ်။