New Volume of Existence Magazine on its Way

တစ်နေ့က ဖွဲ့တည်ရာ အဖွဲ့သားတွေ စီစဉ်မထားဘဲ ဆုံဖြစ်ကြတယ်။ မောင်အန့်အခန်းမှာ ဟန်သစ်ငြိမ်ရယ်၊ ထွန်းတောက်နေရယ်၊ ကျုပ်ရယ်။ မောင်အန့်က ‘ကျုပ်တို့ ပရိသတ်နဲ့ အဆက်ပြတ်နေတယ်၊ တစ်နှစ်ကလည်း ပြည့်တော့မယ် ဆိုတော့ကာ အမှတ်တရ ပိုစတာလေးတစ်ခု လုပ်ကြဖို့’ ဆော်သြတယ်။

ကျုပ်တို့ရဲ့ ဖွဲ့တည်ရာ ဘလော့ဂ်မှာ ပြဿနာပေါ်နေတယ်။ WordPress က သူ့ဗားရှင်းကို ၂.၇ မြှင့်တာမှာ ဘလော့ဂ်တွင်း အယ်ရာဖြစ်ပြီး ပုံတင်ဖို့နဲ့ Publish လုပ်ဖို့ ခလုပ်တွေ ပျောက်နေတယ်။ ဒါကြောင့် နှစ်သစ် နှုတ်ခွန်းဆက်လွှာတောင် မတင်နိုင်လို့ မေးလ်ပဲ ပို့ရတယ်။ သတင်းထုတ်ပြန်ချက်တွေလည်း မတင်နိုင်ဖြစ်နေတယ်။ ဒီလို ရှိနေတုန်း မြန်မာဘလော့ဂ်အကယ်ဒမီမှာ ဆုရတယ်။ ဟန်သစ်ငြိမ်နဲ့ လွှဲထားတယ်၊ ဘယ်လို လုပ်မယ် မသိသေးဘူး။

cover_06ed


အဲလိုနဲ့ ပိုစတာလေးလုပ်မယ်၊ ဖွဲ့တည်ရာ ဘလော့ဂ်မှာ တင်မရလည်း ကိုယ့်ဆီမှာ ကိုယ်တင်ကြမယ်ပေါ့။ လုပ်ကြရော။ ဘီယာလေးနည်းနည်း ဝင်သွားတော့ ကျုပ်က စဉ်းစားတယ်၊ တို့တွေ မကြာမီ ကျောင်းပြီးရင် လူစုကွဲတော့မယ်၊ မဂ္ဂဇင်းလုပ်ဖို့ရာ ပိုခက်တော့မယ်၊ ခုနေ တွန်းပြီး တစ်အုပ်လောက်ထုတ်ရင် ကောင်းမယ်ဆိုပြီး ‘ဟေ့ စာမူတွေလည်း အတော်အသင့် ရောက်နေပြီ၊ မဂ္ဂဇင်းတစ်ခု လုပ်လိုက်ရအောင်’ဆိုပြီး ဆော်လည်း ဆော်သြ၊ ဘီယာနောက်ထပ် ခြောက်လုံးလောက် သွင်းလိုက်တာမှာ မဂ္ဂဇင်းက ၅၀ ရာခိုင်နှုန်းလောက် ပုံပေါ်သွားတယ်။

ထွန်းတောက်နေကလည်း တစ်ထိုင်တည်း ဒီဇိုင်းလည်းလုပ်၊ ဝတ္တုလည်းရေး၊ ဟန်သစ်ငြိမ်က အဖုံးဆွဲ၊ မောင့်အန့်က ဒီဇိုင်းတွေ လှည့်ပတ်ကြည့်ရှုလိုက်၊ ထမင်း ဟင်း ပြေးချက်လိုက်နဲ့၊ မောင်အန့်က ‘ကျုပ်တော့ Cooking Editor အယ်ဒီတာ ဖြစ်နေပါပြီဗျာ’တဲ့။ ကျုပ်က အွန်လိုင်းမှာ တွေ့ရာလူ စာမူတောင်း၊ စာမူတွေကို ဇော်ဂျီကနေ ဝင်းပြောင်း၊ ပြီးတော့ ဘီယာပြေးငှဲ့၊ ကျုပ်လည်း ‘ပုလင်းအယ်ဒီတာ’ လုပ်ရတယ်။

လက်ခံရရှိပြီးစာမူတချို့ကို စာရင်းလုပ်ပြီး ကျနော်တို့ ဘလော့ဂ်တွေကပဲ မကြာမီ သတင်းထုတ်ပြန်ပေးပါ့မယ်။ စာမူတွေ ပေးပို့နိုင်ကြပါသေးတယ်။

သင်ကာ

ဇန်နဝါရီ ၂၀၀၉

Advertisements

Leave a comment

Filed under Existence Magazine

0 responses to “New Volume of Existence Magazine on its Way

  1. စာတွေလာဖတ်ပါတယ်။