2009 Korean Gov Scholarship

logo2နှစ်နိုင်ငံအပြန်အလှန်ရင်းနှီး ချစ်ကြည်မှုနှင့် နိုင်ငံတကာပညာရေးဖလှယ်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တောင်ကိုရီးယားအစိုးရက မြန်မာကျောင်းသား ငါးဦးကို အစိုးရပညာသင်ဆုချီးမြှင့်မည် ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို လျှောက်ထားနိုင်ကြောင်း ကိုရီးယား သံရုံးမှ The Voice Weekly သို့ e-mail မှ တစ်ဆင့်ဆက်သွယ်ပြောကြား သည်။

ဘွဲ့ကြိုကျောင်းသားများအတွက် ၂၀၀၉ ခုနှစ် ပညာသင်ဆုလျှောက်ထား လိုသူများအနေဖြင့် ၂၀၀၉ ခုနှစ် မတ်လ ကိုရီးယားပညာသင်ဆု လျှောက်ထားနိုင် ရန်က်ကုနုန်၊်၊ ဒီဇီဇင်ဘ်ဘာ ၂၂ ရက်နေ့တွင် အသက် ၂၅ နှစ် မပြည့် သေးသူဖြစ်ရန်လိုအပ်ပြီး တက္ကသိုလ်ဝင် တန်းအောင်မြင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ပညာသင်ဆုလျှောက်ထားလို သူများအနေဖြင့် http://www.niied.go.kr နှင့် ကိုရီးယားသံရုံးတွင် လျှောက်လွှာများ ရယူနိုင်ကြောင်း၊ လျှောက်လွှာ များကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထား၍ အချက်အလက် အပြည့်အစုံဖြင့် ကိုရီးယားသံရုံးတွင် လျှောက်ထားနိုင်ကြောင်း၊ အသေးစိတ် သိရှိလိုသူများအနေဖြင့် ကိုရီးယားသံရုံး ဖုန်း၅၂၇၁၄၂ြ တွင် ဆက်သွယ်စုံစမ်းနိုင် ကြောင်း အဆိုပါသံရုံးထံမှ သိရသည်။

အဆိုပါ 2009 Korean Government Scholarship Program (KGSP) ပညာသင်ဆုတွင် နိုင်ငံပေါင်း ၇၂ နိုင်ငံ မှ ကျောင်းသား ၁၅၀ ကို ရွေးချယ်ပေး အပ်မည်ဖြစ်ကြောင်း၊ National Institute for International Education (NIED) တွင် သိပ္ပံနှင့်နည်းပညာဘာသာရပ် များကို သင်ကြားပေးမည်ဖြစ်ကြောင်း ကိုရီးယားသံရုံး ပြန်ကြားရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly, Vol.5 / No.10

Advertisements

Leave a comment

Filed under Scholarship

Comments are closed.