အပြောင်းအရွှေ့

ဒီ ဖရီးဟို့စ်ပေါ်မှာ WordPress နဲ့ ရေးနေတာကို ရပ်ပြီး WordPress ရိုးရိုးပေါ်မှာပဲ ဘလော့ဂ် ဆက်ရေးပါမယ်။ mmfreethinker.wordpress.com နဲ့ လာရင် ရောက်ပါတယ်။ လိပ်စာမပြောင်းပါဘူး။

ဘလော့ဂ် အသစ်မှာ မြန်မာယူနီကုဒ်စည်းကမ်းကို အတတ်နိုင် ဆုံးလိုက်နာထားတဲ့ ဖောင့်တွေ (myanmar3, ပုရပိုဒ်၊ ပိတောက်) စတဲ့ ဖောင့်တွေနဲ့ပဲ ရေးတော့မှာ ဖြစ်ပါတယ်။ ဒီဘလော့ဂ်အဟောင်းမှာ ယခင်ကအတိုင်း ဇော်ဂျီဖောင့်နဲ့ ဆက်ရှိနေပါမယ်။ ကျနော့် ဘလော့ဂ်ကို ဖတ်မရရင် ယူနီကုဒ်ဖောင့် ထည့်ကြဖို့ အားနာနာနဲ့ပဲ တိုက်တွန်းပါတယ်။

ကျနော့်ထက်စောပြီး ယူနီကုဒ်ဖောင့်နဲ့ ဘလော့ဂ်ရေးသူများကတော့ မောင်ရစ်နဲ့ ကိုခက်ထန်ဖြစ်ကြောင်း မှတ်တမ်းတင်ထားချင်ပါတယ်။ ဒီဘက်မီဒီယာထဲမှာတော့ ဘီဘီစီ မြန်မာပိုင်းက စသုံးတာတွေ့ရပါတယ်။

လာမယ့် ၂၀၀၉ မှာ ယူနီဖောင့်ကို ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာမယ်လို့ သုံးသပ်ရပါတယ်။ WordPress နည်းပညာတွေ ဖြန့်ဝေပေးနေတဲ့ နာမည်ကျော် ဘလော်ဂါတစ်ဦးရဲ့ မြန်မာယူနီကုဒ်ဖောင့်ဆိုင်ရာ သုံးသပ်ချက် စာတမ်း (ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု) လည်း ထွက်လာပြီလို့ သိရပါတယ်။ အဲဒီမှာ အသေးစိတ်သိနိုင် လေ့လာနိုင်ကြမယ် ထင်ပါတယ်။

အားလုံးပဲ အလိုရှိအပ် မျှော်လင့်အပ်သော နှစ်သစ်နှင့် ဆုံနိုင်ကြပါစေ

သင်ကာ

11 Comments

Filed under Announcement

11 responses to “အပြောင်းအရွှေ့

  1. kom

    Knowledge မရှိသူများအတွက် ယူနီကုဒ် ဘယ်က ယူရမယ် ဆိုတာ မသင်လိုဘူးနဲ့တူတယ်။ အားလုံး ညဏ်ရည်မြင့်ကြတယ် လို့ခံယူပုံရတယ။်

    ရပါတယ် ပြသာနာက ကိုယ့်ကွန်ပြူတာ က ဘယ် font ကို မှ ထပ်လက်မခံတော့တာဘဲ။ window မှာ font ကို နှိပ်လိုက်တာ နဲ့ error message တက်လာတာဘဲ။

    ဆက်လက် မဖတ်ုနိင် ပါတော့ကြောင်း ရိုသေစွာ အစီရင် ခံအပ်ပါသည်။ နောက် နောင်ကွန်ပြူတာ့ ပျက်ရွေ့ ပြန် format ချတော့မှ ကြိုးစားကြည့်ရမည် ဖြစ်ကြောင်း. တောင်တောင်အီအီ လဲ မကလိဝံ့ပါ. ကွန်ြ့ပူတာ အခြေခံ မရှိပါ။

    ခင်မင်စွာဖြင့်

  2. ကျွန်တော်က အကို့ဘလော့ဂ်ကို ဂူဂဲလ် reader နဲ့ ဖတ်တာပါ။ browser ကို ဇော်ဂျီနဲ့ အသေချိန်ပြီး ဖတ်ပါတယ်။ အကို့ဘလော့ဂ်ကို အသစ်တင်တိုင်း ချက်ချင်း ဖတ်ဖြစ်ဖို့ ခက်သွားပြီ။

    ရဲရဲဝင့်ဝင့် ယူနီကုဒ်စံကို ပြောင်းလိုက်တာကိုတော့ ကြိုဆိုပါတယ်။

  3. ဟုတ်ပါရဲ့ Unicode ဘယ်ကရမလဲ ပြောဦးမှပေါ့

  4. sin dan lar

    ဖတ်ရသွားပြီ။ မြန်မာ 3 နဲ့

  5. အမ်အမ်သင်ကာ
    နေမကောင်းတာကြာပြီ—
    အခုမှ လာလည်နိုင်တယ်—
    နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ—
    ဒါကြောင့် အဲဒီမှာဖတ်မရတာကိုး—

  6. ttt

    နာရောက်တယ် နာရောက်တယ် .. ဘယ်လိုတွေဝင်ရမှန်း မသိ မျက်စိလည်ကုန်လို့ဟေ့ စီပုံးလည်းမတွေ့ ..

  7. ပထမတစ်ခါ ဆရာဦးငွေဆီက တကူးတက မေးမြန်းပြီး ဘလော့မှ တင်ကြည့်ပါတယ်။ မရှိမဲ့ရှိမဲ့ ဘလော့လည်သူတွေ ဖောင့်မမြင်ကြတော့ လာမလည်ကြတာနဲ့ ပြန်ဖြုတ်ထားမိတယ်။ အခုတစ်ခါ ဒုတိယံမိ တင်ကြည့်ပြန်ပြီ။ ဒီတစ်ခါလည်း ဘယ်လောက်ကြာမယ် မသိဘူး၊ ဘလော့တွေ ၁၀၀မှာ ၃၀ လောက်ဆိုရင်တောင်မဆိုးဘူး။ လိုက်လည်လို့ရသေးတယ်။ အခုတော့နည်းတော့ ဘယ်လို သွားလည်ရမှန်းတောင် မသိဘူး။ ကိုယ်ဆီလည်း မလာကြတော့ဘူး။ 🙂

  8. linn hlyan hlaine

    font ကို install လုပ်ပြီးပါပြီ။ ဒါပေမဲ့ ဖတ်မရဘူး ဖြစ်နေတယ်။ instruction အတိုင်း အားလုံး လုပ်ပါတယ်။ နည်းနည်း နည်းလမ်းလေး ပြပေးပါ။

    ခင်မင်စွာဖြင့်

  9. linn hlyan hlaine

    အခုမှ သေချာကြည့်မိတော့ အစ်ကို့ blog မှာ မရပဲ တခြားမှာ ရတယ်ဗျ။
    font က မျက်နှာလိုက်တယ်ထင်ပါ့။

  10. ဆိုက်ဟောင်းကိုပဲပြန်ရောက်တယ်—
    ကိုသင်ကာရေ—

  11. Kyaw Lu Thar

    Myanmar 3 မှာ စာလုံးဆင့်ကို ဘယ်လိုရိုက်ရမလဲဆိုတာ သိချင်ပါတယ်ဗျာ … Ctrl+f ရိုက်လိုက်ရင် Find & Replace Dialouge Box ပဲပေါ်ပေါ်လာတယ် … ကူညီပါဦးဗျာ

Leave a reply to linn hlyan hlaine Cancel reply