Blog Vacation

အရင် အသပြာ မစုခဲ့

ပညာသင်ဆုကလည်းကုန်…

မပြီးမဖြစ်တဲ့

သီးဇစ်က ရေးရမယ်…

မကြာမဆိုင်း

လပိုင်းအချိန်လောက်…

အခန်းတံခါးပိတ်

စာကြိတ်ရေးမယ်…

တချို့ ငြိုငြင်လည်း

ပို့စ်မတင်နိုင်…

မေးလ်ဖြတ်၊ ဘလော့ဂ်ဖြတ်

Talk လည်းဖြတ်…

ကျောင်းပြီးမှ

မောင်းတီးပြီး ဘလော့ဂ်မယ်

အခုတော့ ခဏတာလောက်

တာ့တာဦးမည်ဖြစ်ကြောင်း…။

သင်ကာ

Advertisements

Leave a comment

Filed under Announcement, Poem

0 responses to “Blog Vacation

  1. တာ့တာ့။ သီးစစ်ကြီး ကျမကွဲစေနဲ့။ ချာမေးပွဲကြီးအောင်လို့ မြန်မြန် ပြန်လာပါစေ။

  2. sin dan lar

    အားလုံးကို ပြတ်သွားအောင် မင်းဖြတ်ရင်ဖြတ်..
    ဒါမှမဟုတ်ရင်..မင်း ဘလော့ကိုဖြတ်…

  3. kom

    ချီးကျူးပါတယ်။
    သံဓိဒါန် ခိုင်ပါစေနော်။ 😛
    ကဗျာလေးကကောင်းလိုက်တာ။

    တို့လဲ အခုဘဲ အဲဒီအကြောင်းရေးဖြစ်တယ် သံဒိတ်ဒန် မခိုင်မာလို့မတင်နိုင်ပါ။

  4. မြန်မြန်ပြီးပါစေ….
    အဆင်ပြေပါစေ…
    ဘလော့ဂ်ပြန်ရေးနိုင်ပါစေ… 😛 🙂

  5. မရောက်ဖြစ်တာကြာလို့ လာလည်တာ အိမ်သော့ကြီး ခတ်ထားပါလား..

    အယ်… အသံကြားပါတယ်..
    အော်.. အိမ်ကို အပြင်က သော့ပိတ်ထားပြီး အိမ်ထဲမှာ သောက်နေ.. အဲ့.. စာကျက်နေတာကိုး… ဟီးးးး…

    ခင်မင်တဲ့..

  6. စာမေးပွဲ အတွက်ဘလော့ပေါ်မတက်နိုင်ဘူးလို့ ထင်ပါတယ်
    အောင်မြင်စွာဖြေဆိုနိုင်ပါစေဗျာ

  7. ကဗျာ အသွားအလာလေး ကြိုက်တယ်
    သင်ခန်းစာတွေကို ပြီးပြည့်စုံတဲ့သူ တစ်ယောက်ဖြစ်ပါစေလို့
    ဆုတောင်းပေးပါတယ် အစ်ကို