ဗုဒ္ဓဝါဒ၊ ဦးအေးမောင်နှင့် ဥပသကာ၏ပို့စ်

ဥပသကာရဲ့ မေလေးသို့ပေးစာများ (၅) ပိဋကတ်ကောက်ကြောင်းဆိုတဲ့ ပို့စ်မှာ ပေးထားတဲ့ Comment တွေကို ဖတ်ပြီး ဒီပို့စ်ကို ရေးဖြစ်ပါတယ်။

ဥပသကာနဲ့ ကျနော်ဟာ အွန်လိုင်းမှာ နိုင်ငံရေးကနေ ဘာသာရေးအထိ မကြာခဏ ဆွေးနွေးဖြစ်ကြတဲ့ တစ်ယောက်အကြောင်းတစ်ယောက် မသိကြသော မိတ်ဆွေများဖြစ်ကြပါတယ်။ (ကိုဥပသကာလို့ ခေါ်ရမှာ ထောက်နေလို့ ဥပသကာပဲ အမည်တပ်လိုက်တယ်။) သူရေးထားတာတွေ ဖတ်ရှုဝေဖန်ဖို့ ထပ်မံတိုက်တွန်းတာနဲ့ ဒီနေ့ မင်္ဂလာရှိသော မနက်မှာပဲ ဖတ်ရှုဖြစ်သည်။ ပိဋကတ်ကောက်ကြောင်း ပို့စ်ကိုရော ကော်မန့်တွေအပေါ်ပါ စေ့စေ့စပ်ဖတ်ပြီး ဝေဖန်ချက် ပေးပါမည်။ လတ်တလော လက်လှမ်းမီရာတွင် ကိုးကားစရာ စာအုပ်မရှိ၍ မှတ်ညဏ်ထဲတွင် ရှိသမျှကို စဉ်းစားပြီး ရေးသွားပါမည်။ ရေးသားဝေဖန်ခြင်းမပြုမီ ပဏာမ ဝန်ခံလိုသည်မှာ သင်ကာသည် ဗုဒ္ဓဘာသာဝင်မဟုတ်၊ မည်သည့်ဘာသာမှလည်းမယူသည့် Free Thinker တစ်ယောက်ဖြစ်ပါကြောင်း။ ထို့ကြောင့် သဒ္ဓါတရားရှေ့ထား၍လည်း ပြောမည်မဟုတ်ပါ၊ ကဲ့ရဲ့ရှုတ်ချလိုသော စေတနာဖြင့်လည်း ဆိုမည်မဟုတ်ပါကြောင်း။

ပါဠိပိဋကတ်၊ သက္ကပိဋကတ်တိဗက်ပိဋကတ်တရုတ်ပိဋကတ်မွန်ဂိုလီန်ပိဋကတ်မန်ချးရီးယားပိဋကတ်ဟူ၍ ခြောက်မျိုးတွေ့ရကြောင်း ဥပသကာက ဆိုထား၏။ အရင်းစစ်လိုက်လျှင် ပါဠိပိဋကတ်နှင့် သက္ကတပိဋကတ်သာလျှင် အရင်းမူလဟုဆိုနိုင်သည်။

ကျမ်းရင်းအကြောင်းမပြောမီ အခုထိ အငြင်းပွားဆဲ “မာဂဓ”ဘာသာစကားအကြောင်း ပြောဦးမည်။ ထေရဝါဒီတို့က ပါဠိသာလျှင် “မာဂဓ”ဘာသာဖြစ်သည်ဟု ယုံကြည်သည်။ Academic ကျကျလေ့လာသူ အန္ဒိယရှေးစာပေဆိုင်ရာ ပညာရှင်တို့ကမူ သက္ကတကသာ “မာဂဓ”ဘာသာဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆကြသည်။ ဤအချက်ကို မြန်မာရဟန်းပညာရှိများအပါအဝင် ထေရဝါဒီတို့က အကြောက်အကန် ကန့်ကွက်ကြသည်။ အဘယ်ကြောင့်ဆိုသော် မာဂဓဘာသာသည် သက္ကတမှန်လျှင် ဘုရာဟောကျမ်းဂန်တို့သည် သက္ကတသာမူရင်းဟု ယူဆရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဂေါတမက သူ၏တရားများကို မာဂဓဘာသာဖြင့် ဟောသည်ဟု ဆိုထားခဲ့သောကြောင့်ပင်။

ဗုဒ္ဓဝါဒီတို့ ယနေ့တွေ့နေရသည့် ပိဋကတ်များသည် ရှေးကတည်းက ပါဠိအတိုင်း တောက်လျှောက်ရှိနေခဲ့သည် မဟုတ်ပါ။ ရှေးအခါက သီဟိုဠ် (သီရိလင်္ကာ) တွင် မင်းတစ်ပါးသည် ပါဠိဘာသာကို အားမပေးရကား ပိဋကတ်ကို သက္ကတဖြင့်သာထားစေ၍ ပါဠိဘာသာနှင့် ရှိသမျှကို မီးရှို့ပစ်စေခဲ့သည်။ (မှတ်ညဏ်ထဲရှိတာ ဖော်ပြရ၍ ခုနှစ်မသိ) နောင်သောအခါမှ ရှင်မဟာဗုဒ္ဓဃောသက (ဗုဓ်-ဒဂေါသ ဟု ဘုန်းကြီးများက အသံထွက်ကြသည်။) သက္ကတမှ တဖန် ပါဠိဘာသာသို့ ပြန်ဆိုပေးခဲ့ရာ ယခု ကျွန်ုပ်တို့ ပါဠိဖြင့်မြင်နေရသည်မှာ ထိုအရှင်၏ ကျေးဇူးပင်ဖြစ်သည်။ ရှင်မဟာဗုဒ္ဓဃောသက မရှင်းဖွယ်ရှိသည့်နေရာတို့၌ အဖွင့်ကျမ်းများရေးခဲ့ရာ ၎င်းတို့ကို ဋီကာ (တီကာ ဟု ဖတ်) ဟုခေါ်သည်။ ရှင်မဟာဗုဒ္ဓဃောသ ပြန်ခဲ့သောမူရင်းကျမ်းများမှာ ပျောက်ကွယ်သွားကုန်ပြီဖြစ်၍ ဘယ်နေရာဘယ်လိုပြန်ခဲ့သည်ကို မသိနိုင်ပြီ။ တိဘက်တွင် မူရင်းသက္ကတကျမ်းတချို့ တွေ့ရသည
်ဟု ဖတ်ဖူးသည်။ ထို့ကြောင့်ပင် ဗုဒ္ဓကျမ်းဂန်များ၏ မူလသည် သက္ကတလား၊ ပါဠိလား ငြင်းနေကြရခြင်းဖြစ်သည်။

ထို့ကြောင့် ခြောက်မျိုးဆိုသော်လည်း မူရင်းမှာ နှစ်မျိုးသာဖြစ်သည်။ ဥပသကာ မဖော်ပြထားသောတမျိုးကို ဖြည့်ရလျှင် “ဂျပန်ပိဋကတ်”ဖြစ်သည်။ ပိဋကတ်သုံးပုံကို ဂျပန်လို ပြန်ထားတာရှိကြောင်း ဂျပန်လူမျိုးရဟန်းတော် အရှင်ပညာ၊ အရှင်သီရိနှင့် ကျနော်၏ဆရာ ဦးဇင်းကြီးဦးသုမနတို့ထံမှ လေ့လာမှတ်သားရဖူး၏။ ထိုအချက်ကြောင့်ပင် ဦးသုမနက ရှေးဂျပန်ကြီးများကို ချီကျူးတော်မူ၏။ (မြန်မာပြည်မှာ ပြန်တာ ဂျပန်၊ အင်္ဂလိပ်၊ ဂျာမန် တို့ထက် နောက်ကျ၏။)

ဒီနေရာမှာ နည်းနည်းလေးပြောချင်တာက အစက ထေရ်ရ၀ါဒကို ဟိနယာနလိုအသိများတယ် နောက် ဟိနယနတဂိုဏ်း ထပ်ကွဲလာတဲ့အခါ မူလဟိနယာနဟာ(ထေရ၀ါဒ) ဖြစ်လာတာပါ” ဟု ဥပသကာက ဆိုထား၏။ မည်သည့်ကျမ်းကို ကိုးထောက်သည်ကား မသိရ။ ကျနော်သိသလောက် ထေရဝါဒကို အစက “ဟိနယာန”ဟု မဟာယာနက နှိမ်ခေါ်ခဲ့၏။ “မဟာယာန”ကား အထက်တန်းယာဉ်ဖြင့် သွားသောလမ်း (ဘုရားဆုပန်မည်၊ လူတွေကို ကယ်မည်။)၊ “ဟိနယာန”ကား အောက်တန်းယာဉ်ဖြင့် သွားသောလမ်း (တစ်ကိုယ်တည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံမည်။) ဟု ယူဆ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်သည်။ ခေတ်သစ်တွင် ဗုဒ္ဓကွန်ဖရင့်ကြီးများ စုစည်းကျင်းပလာနိုင်ချိန်တွင် ထေရဝါဒီများက “ဟိနယာန”ဟူသော နှိမ်သည့်အသုံးကို မဟာယာနများ မသုံးစွဲရန် ကန့်ကွက်ရာမှ “ထေရဝါရ”ဟု အစဉ်တစိုက်သုံးစွဲလာခြင်းဖြစ်သည်။ (ခုနှစ်မမှတ်မိပြန်။)

နောက်တစ်ခုက ဥပသကာပြောခဲ့လိုပဲ ဝိနည်းနဲ့ သုတ္တန်တွေ တူပြီး အဘိကျတော့ ထေရဝါဒက ၇ ကျမ်းရှိပြီး သူတို့ကျတော့ အဲဒီထက်နည်းနေပါတယ်။ အဘိဓမ ၇ ကျမ်းလုံးသည် လည်းကောင်း၊ တချို့သည်လည်းကောင်း ဘုရားဟောမဟုတ်လို့ ယူဆသူ ကမ္ဘာကျော်ဗုဒ္ဓစာပေ ပညာရှင်တွေ အများအပြားရှိပါတယ်။ အဲဒီအထဲမှာ လန်ဒန်ပါဠိဒေဝီလို့ ခေါ်တဲ့ မစ္စရိုင်းစ် ဒေးဗစ်လည်း ပါနေပါတယ်။

နောက်ပြီး ပြောစရာရှိတာက အဘိပိဋကတ်ထဲက တချို့ကျမ်းတွေက ဘုရားဟော မဟုတ်ပါဘူး။ ကထာဝတ္ထုကို ဥပမာကြည့်ပါ။ (ဥပသကာလည်း ဖော်ပြပြီး။) ရေးနေရင်းပဲ ကထာဝတ္ထုကို ကောက်ဖွင့်လိုက်ပါတယ်။ ဂရိ ဖီလော်ဆိုဖာကြီး ပလေတို ရဲ့ ဒိုင်ယာလော့ကျမ်းတွေလိုပါပဲ။ ဒိုင်ယာလော့တွေနဲ့ပါ။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်ပြုပြီးအတော်ကြာမှ ရေးတဲ့ကျမ်းပါ။ သို့သော်လည်း ထေရ်ဆရာတို့က အယူဝါဒကို ဆန်းစစ်ရာကျမ်းကြီးမို့ ပိဋကတ်ထဲ ထည့်ခဲ့ပါတယ်။

အဘိဓမပိဋကတ်နဲ့ ပတ်သက်လို့ နော
်တစ်ခုအငြင်းပွားစရာက နေရာပါ။ ဗုဒ္ဓက ဒီအဘိဓမ
ကို ဟောကြားခဲ့တဲ့နေရာပါ။ သုတ္တန်တိုင်းမှာ “ဧဝိမေသုတံ ဧကံသံပယံ ဘဂဝါ ရာဇဂဟေ…”ဆိုပြီး ဗုဒ္ဓဂေါတမ ဘယ်မှာ ဟောခဲ့တယ်၊ ဘယ်သူ့ကို အကြောင်းပြုခဲ့တယ်လို့ မှတ်တမ်းမှတ်ရာရှိပေမယ့် အဘိဓမကိုဟောတဲ့နေရာကျတော့ တာဝတိံသာဆိုပြီး ဖြစ်နေတယ်။ ခက်တာက ရှေးဟောင်းသုတေသနက တာဝတိံသာမှာ သွားတူးဖော်လို့ မရတာမို့ သင်ကာလည်း မလျှောက်တတ်ဘူး ပြောရမှာပဲ။

ဥပသကကာရဲ့ ကော်မန့်ထဲမှာ ကိုလူလက မေးတာကို ကျနော်က ကြားဝင်ပြီး ဒီနေရာက ဖြေချင်ပါတယ်။

မဟာ ယာန နဲ့ ထေရ ၀ါဒက မည်သည့်နေရာ၊ မည်သည့် သဘောထား၊ မည့်သည့်အတွက်၊ ကွဲသွားသည်ကို ဖြစိုင်မယ်ဆိုရင် ထပ်ရှင်းပြပေးပါလား။။

ထေရဝါဒနဲမဟာယာန ဘာကွဲသလဲ ဆိုတော့-
– စာပေကျမ်းဂန် ရေးရာ – မဟာယာနက ပိဋကတ်ကို ပြင်ဆင်ဖြည့်စွက်တယ်။ ထေရဝါဒက မပြင်ဘူး။ (ဗုဒက ပရိနိဗာန်ပြခါနီးမှာ ငါဟောကားတဲ့ တရားတော်တွေကို ပြင်ဆင်ဖြည့်စွကိုင်တယ်” Amendment လုပ်နိုင်တယ်လိုခွင့်ပြတော်မူခဲ့ဖူးလိုသူတိုက ပြင်ဆင်ဖြည့်စွက်ကတာ ဖြစ်ပါတယ်။ ဝိနည်းတွေကိုလည်း Amendment လုပ်တာ လက်လွန်ပြီး ဂျပန်ဘုန်းကြီးတွေ မိန်းမယူတဲ့အဆင့်ပါရောက်ကုန်ပါတယ်။ ထေရဝါဒီတွေကတော့ ဘုရားက သွေးတိုးစမ်ုးံစမ်းတာ၊ တကယ်က ပြင်ဖိုမလိုအောင် Complete ဖြစ်တယ်လို ယူဆကပါတယ်။)


– ပန်းတိုင်ရေးရာ – ထေရဝါဒက တကိုယ်ရည် နိဗာန်ရောက်ဖိုကို ရှေးရှုတယ်။ သူများကို ကယ်ဖိုဘုရားဆုပန်တယ်ဆိုတာ ပြုနိုင်ခဲခြင်းတမျိးပဲ။ မဟာယာနက အဲသလို မဟုတ်ဘူး။ နိဗာန်ကို တကိုယ်ရည် မှန်းတာဟာ မသင့်ဘူး။ ၃၁ ဘုံသားတွေကို ကယ်မရမယ်လိုအဓိက ယူဆတယ်။ ဒီတော့ သူတိုက နိဗာန်ထက် ဘုရားဆုပန်ဝါဒကို လက်ကိုင်ထားကတယ်။

အခြေခံကွာခြားချက်က ဒါပါပဲ။ ဘာသာရေးအယူအဆမှာ ဗုဒဟောခဲ့တှဲ့စ်သာရကတေှာ့စ်ခုစလုံးမှာ တူပါတယ်။ ဥပမာ – သစာလေးပါး၊ နိဗာန်၊ ပဋိစသမုဒ်ပါဒ်

အဓိက ချေပရှင်းလင်းချင်တာတော့ အလှတရားရဲ့ ကော်မန့်ပါပဲ။ အဓိက ဒီပို့စ်ကို ရေးဖြစ်တဲ့ Force ဆိုပါတော့။

ပါမောက္ခဦးအေးမောင်ကလည်း အဘိဓမာဟာ ဘုရားဟော မဟုတ်ဘူးလိုယုံကည်ပြီး သူရဲံ (ဗုဒ၀ါဒ–နာမည်အစုံကို ရုတ်တရက် စဉ်းစားမရ) စာအုပ်မှာရေးခဲ့ ဖူးတယ်။ အဲဒီစာအုပ်မှာ အမှားတွေ ထောင်နဲချီပြီးပါနေတယ်။ သိပ်လည်း အရေးမကီးလိုဆရာတော်များ မဖြေရှင်းကတာပါ။ အနောက်တိုင်းက ပုဂလ် အချို့ကလည်း အဘိဓမာဟာ ဘုရားဟော မဟုတ်ဘူးလိုယုံကည် ယူဆတဲ့ အတွက် မလေ့လာဘဲ နေပြီး များစွာနစ်နာကရပါတယ်။ (အလှတရား၏ ကော်မန့်)

တစ်ချက်ချင်း ကျနော် ချေပချင်တာက –

(၁) ဦးအေးမောင်သည် ပါမောက္ခမဟုတ်ပါ။ ဘယ်တုန်းကမှ ကျော
်းဆရာ မဖြစ်ဖူးပါ။ စာပေဗိမာန်၏ အယ်ဒီတာအဖြစ်သာ ဆောင်ရွက်ခဲ့ဖူးပါသည်။ (မြန်မာပြည်တွင် ပါမောက္ခဦးဧမောင်၊ ယခုပြောနေသောဦးအေးမောင်အပြင်၊ နောက်ထပ် နာမည်ကျော် ဦးအေးမောင်တစ်ယောက်လည်း ရှိပါသေးသည်။) ဆရာအောင်သင်းက သူအကြည်ညိုဆုံး စာရေးဆရာကြီးမှာ ဦးအေးမောင် ဖြစ်ပါသည်ဟု ဆိုခဲ့ပြီး သူကိုယ်တိုင် ဦးအေးမောင် မကွယ်လွန်ခင်က အင်တာဗျူးလုပ်ခဲ့ဖူးပါသည်။ လူငယ်များကိုလည်း ဦးအေးမောင်၏ စာအုပ်များ ဖတ်ကြရန် တိုက်တွန်းခဲ့ပါသည်။

(၂) ဦးအေးမောင်သည် အဘိဓမကို မယုံကြည်ဟူ၍ တခါမျှမကြားဖူးပါ။ ဦးအေးမောင်သည် ဗုဒ္ဓဘာသာဝင်စစ်စစ်ကြီးဖြစ်ပါသည်။ ဗုဒ္ဓအမြင် လူသားစွမ်းအင် စသော စာအုပ်တွေ ဖတ်စေချင်ပါသည်။

(၃) အလှတရားပြောချင်တဲ့စာအုပ်ဟာ ဦးအေးမောင်ရဲ့ နာမည်ကျော် “ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ”ဖြစ်ပါတယ်။ နှစ်တွဲခွဲပြီး ထုတ်ဝေပါတယ်။ ကျနော် မသေခင် ခေါက်ခေါက်အခါခါဖတ်ချင်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ပြန်လည်ထုတ်ဝေခွင့် မရတော့ပါ။ စာအုပ်အဟောင်းတန်းမှာ ဈေးအကြီးဆုံး စာအုပ်ဖြစ်ပြီး နှစ်အုပ်တွဲရဖို့ အလွန်ခက်ပါတယ်။

(၄) အမှားတွေထောင်ချီကြောင်း၊ သိပ်အရေးမကြီးကြောင်း အလှတရားရေးသွားတာတွေ့လို့ အံ့သြမဆုံးဖြစ်မိပါတယ်။ ကျနော့်တသက် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ နှစ်တွဲကို အမှားများပါသော စာအုပ်ဟုလည်းကောင်း၊ ပညာရှင်များ ကဲ့ရဲ့သည်ဟုလည်းကောင်း၊ ပစ္စလက္ခတ်စာအုပ်ဟုလည်းကောင်း တခါမျှ မကြားဖူးပါ။

ဘုန်းကြီးများ မရှင်းနိုင်ခြင်းမှာ သူရည်ညွှန်း ကိုးကားသော စာအုပ်များကို လိုက်မဖတ်နိုင်၍သာ ဖြစ်ပါလိမ့်မည်။ သဒ္ဓါတရား (Faith) မရှိလို့ ဇဝေဇဝါဖြစ်တာ ဟုသာ ဘုန်းကြီးများ မှတ်ချက်ပေးသည်ကို ကြားရဖူးသည်။ ဝေဖန်နေကြသော်လည်း ဦးအေးမောင်၏ ထိုစာအုပ်ကို မဖတ်ဖူးကြသည်က များပါသည်။ ကျနော်ထင်တာ မမှားလျှင် အလှတရားသည်လည်း သေချာဖတ်ဖူးပုံ မပေါ်ချေ။ ယုံချင်ယုံ မယုံချင်နေ၊ ကျနော်သည် ထို စာအုပ်ကို အခေါက်ပေါင်း မရေနိုင်အောင် ဖင်တပြန် ခေါင်းတပြန် ဖတ်ဖူးပါသည်။ ထပ်လည်း ဖတ်ပါဦးမည်။

(၅) အနောက်တိုင်း ပုဂ္ဂိုလ်အချို့သည် အဘိဓမကို မလေ့လာဟု အလှတရားက ပြောသွားပါသည်။ ကျနော့်ထံတွင် အရှင်ဓမသာရနှင့် ကျနော် ပူးတွဲပြုစုသော ပိဋကတ် အင်္ဂလိပ်ဘာသာပြန် ကျမ်းစာရင်းရှိပါသည်။ အဘိဓမကို ဝေဖန်သော အနောက်တိုင်းပညာရှင်များသည် သာမန်ဘုန်းကြီးများထက်ပင် စေ့စေ့စပ်စပ် ဖတ်ထားသူများဖြစ်ကြပါသည်။ သူတို့ရေးသော Argument များ ဖတ်ကြည့်စေချင်ပါသည်။

အဘိဓမနှင့် ပတ်သက်၍ အထက်တွင် ရေးခဲ့ပြီ။

မှတ်ချက်။ ။ (၁) ပြန်လည်ဆွေးနွေးနိုင်ကြပါသည်။ “ကမ္ဘာ
မြမိုး ဖြန်းဖြန်းကျိုးမျှ”ဟုသာ ဗုဒ္ဓဂေါဓမကို သိသောသူများထက် တကယ့်ဗုဒ္ဓ Philosophy ကို မြတ်နိုးသူများ၏ ဆွေးနွေးချက်ကို လိုလားလှပါသည်။

(၂) ကျနော်သွားလေရာ နိုင်ငံတွင် (ပြောသာပြောတာ တစ်နိုင်ငံတည်း ခဏခဏရောက်နေတာ) ပိဋကတ်သုံးပုံ စီဒီရွမ်နှင့် သကျမ်းစာ ဓသစ်၊ ဓဟောင်းကို သယ်သွားပါသည်။ ဖတ်၍ မဆုံးနိုင်သောကြောင့်တည်း။ ကိုရ်ရမ်ကျမ်းစာကား အခါအားလျော်စွာဖတ်သည်။

(၃) ဘာသာရေးအကြောင်းရေးရန် မကြာခဏတိုက်တွန်းသော မောင်မိုးနှင့် ဥပသကာတို့ စိတ်ကျေနပ်စေမည်ဟု မျှော်လင့်ပါသည်။

ပို့စ်ရေးစဉ် အမှတ်တရများ

၁ – ဖန်ခါးမြေ၊ ထွန်းတောက်နေနှင့် ကိုမင်းလွင်ဆွေ (MIT မှ ဆရာ) တို့ မြန်မာဆိုင် လက်ဖက်ရည်သွားသောက်သည်ကို လိုက်ချင်လျက်နှင့် ဒီပို့စ်ကို နေ့တစ်ဝက်ကုန်အောင် ထိုင်ရေးရပါသည်။

၂ – အဘိဓမအကြောင်း ရေးစဉ် မနေ့က အသောက်များ၍ ခေါင်းကိုက်လာသောကြောင့် ကထာဝတ္ထုကို ပြန်နွေးရင်းတန်းလန်း ဖြေဖို့ရာ Chang တစ်ဗူး ပြေးဆွဲရပါသည်။

၃ – စိတ်ပါလက်ပါ အရေးဆုံးပို့စ်များအနက် တစ်ခု ဖြစ်သည်။

Advertisements

Leave a comment

Filed under Critic, Perspective

0 responses to “ဗုဒ္ဓဝါဒ၊ ဦးအေးမောင်နှင့် ဥပသကာ၏ပို့စ်

  1. တားမြစ် ထားသော...

    စိတ်ဝင်စားစရာ ပိုစ့်တစ်ခုပါပဲ။ အားထုတ်ထားတာတွေကို တွေ့နေရတယ်။ ဦးအေးမောင်ရေးတဲ့ စာအုပ်တွေ မဖတ်ဖူးဘူးဗျ။ ဖတ်ချင်တယ်။ စာဖတ်အားကိုတော့ အားကျတယ်။ ပိုစ့်မှာပြောထားတာတွေလည်း စိတ်ဝင်စားတယ်။သုခမိန်(E-Journal)

  2. အလှတရား

    အမှန်ကတော့ ဟိုဘက်ဘလော့မှာ ကွန်မန့်ရေးထားတာ ကြာပေါ့..နှစ်ခါတော့ ထပ်မရေးနိုင်ဘူးနော်ဆရာသမား:D