MOE (ခေါ်) ဝီကီမြန်မာနှင့် စပ်လျဉ်း၍

(ရန်ကုန်တွင် ပြုလုပ်သည့် ဝီကီမြန်မာ @ MOE ဆိုင်ရာ အလုပ်ခွင်ဆွေးနွေးပွဲ (Workshop) အတွက် စည်သူအောင် (ဝီကီတည်ထောင်သူ) ထံမှ တဆင့် ပေးပို့သော ကျနော်၏ အကြံပြုလွှာ)

ကိုသင်ကာ (MMWikipedian)

http://www.mmthinker.net

ကျနော် ကိုသင်ကာမှ နှုတ်ခွန်းဆက်ပါတယ်။ ကိုယ်တိုင်မလာရောက်နိုင်လို့ စာနဲ့ပဲ ပို့လိုက်ပါတယ်။ စတင်ခဲ့တဲ့ သုံးလတာအတွင်းမှာ ပုဒ်အဖွင့်တစ်ထောင်ကျော်နဲ့ ရုရှား-မြန်မာ/မြန်မာ-ရုရှား အဘိဓာန် Project တစ်ခုအထိ ခရီးပေါက်နေပြီဖြစ်တဲ့ ဝီကီမြန်မာနဲ့ ပတ်သက်လို့ ကျနော် အကြံပြုချင်၊ မေတ္တာရပ်ချင်တာလေးတွေကတော့…

(၁) ဝီကီမြန်မာဟာ မြန်မာသောတုဇနတွေ၊ ဗဟုသုတရှာမှီးသူတွေအတွက် ကောင်းကင်ပေါ်က ဖွင့်ထားတဲ့ စာအုပ်ကြီးပါ။ ပညာရှင်တွေအတွက် ပညာဒါနပြုရာ၊ မိမိတို့ရဲ့ အတတ်ပညာတွေကို ဖြန့်ဖြူး ဖလှယ်ရာ နေရာကြီးပါ။ ဒါကို ပြည်တွင်း က Mass Media တွေက လူငယ်ထုကြား၊ ပညာရှင်များကြားမှာ Information ချပေးပြီး ဝိုင်းဝန်းကြဖို့ အရေးကြီးတယ်လို့ မြင်မိပါတယ်။ (ဖွဲ့ဖြိုးဆဲ နိုင်ငံအချို့တောင် သူတို့ ဘာသာစကားနဲ့ ဝီကီပီဒီးယား ရှိနေကြပါပြီ။)

(၂) နောက်တစ်ခု (ဒီပွဲမှာ စာနယ်ဇင်းဆရာတွေ ပါမယ်ဆိုတော့ မေတ္တာရပ်ခံ အကြံပြုချင်တာက) ပုံနှိပ်မီဒီယာဖြစ်စေ၊ အီလက်ထရွန်းနစ် မီဒီယာဖြစ်စေ စာတွေ၊ ဆောင်းပါးတွေဟာ Digital Format (ကွန်ပျူတာထဲမှာ စာစီ စာရိုက်ပြီးသား) ရှိနေကြပါတယ်။ အားလုံးသော စာနယ်ဇင်းမီဒီယာတွေဟာ လေဆာဓာတ်ပြားတွေနဲ့ သိမ်းဆည်းထားကြပါတယ်။ အဲဒီအထဲက သင့်လျော်မယ့် သမိုင်းဆိုင်ရာများ၊ ဘာသာပြန်စာစုများ၊ အတ္ထုပ္ပတ္တိမှတ်တမ်းများ၊ သုတစာပေများ၊ ရသစာပေလက်ရာများ၊ ရှားပါစာစုများ စတာတွေကို ဝီကီမြန်မာပေါ်မှာ တင်ပေးစေချင်ပါတယ်။ စာအသင့်ရိုက်ပြီးသားရှိတာမို့ လေဆာဓာတ်ပြားထဲမှာ ကိန်းအောင်းနေမယ့် အစား အင်တာနက်ပေါ်မှာ ရှိနေရင် အကျိုးများစေမယ့် အကိုးအကားတွေ ဖြစ်လာပါလိမ့်မယ်။

ဒါမှမဟုတ် လာရောက်ကူးယူပါ၊ ကိုယ့်ဖာသာ တင်ပါဆိုရင်လည်း (အခု ဒီအကြံပြုချက်ကို ဖတ်ကြားနေတဲ့ ကိုစည်သူအောင်တို့က) ဆောင်ရွက်ပေးဖို့ ဝန်မလေးကြောင်းလည်း အသိပေးပါရစေ။

(၃) အင်တာနက်၊ စာအုပ်စာပေတွေနဲ့ ထိတွေ့နေတဲ့ မီဒီယာစာနယ်ဇင်းတွေ အနေနဲ့ရော၊ သက်ဆိုင်ရာ ပညာရှင်တွေ အနေနဲ့ပါ မိမိတို့ မီဒီယာတိုက်အကြောင်း၊ မိမိလေ့လာသော ဘာသာရပ်အကြောင်းကို အနည်းဆုံးအားဖြင့် စာမျက်နှာသစ်ဖွင့်ပြီး ရေးကြမယ်ဆိုရင် တစ်ယောက်က တစ်ရာ အများကြီး ဒေတာတွေ စုံလာနိုင်မှာပါ။

(၄) မြန်မာဘာသာနဲ့ မြန်မာလို အလွယ်တကူ ဖတ်ရှုကိုးကားဖို့ ကြိုးပမ်းနေတဲ့ ဝီကီမြန်မာကို “မြန်မာ တိုင်းရင်းသား လူမျိုး အားလုံးအတွက်၊ နောက်မျိုးဆက်များအတွက်”လို့ တူညီတဲ့ ဘုံသဘောထားတစ်ရပ် ပေါ်ထွက်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်နဲ့ စေတနာ၊ ကြိုးပမ်းအားထုတ်မှုတွေကို ပုံပေးထားသော်လည်း ကျနော်တို့မှာ ဆာဗာဝယ်ယူရေး အသေးအဖွဲငွေကြေးကအစ နောက်ဆုံး စာလုံးပေါင်းသတ်ပုံမှန်ကန်ရေးအထိ အကုန်လိုအပ်နေဆဲပါ။

အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ကိုသင်ကာ

ချင်းမိုင်တက္ကသိုလ်

ထိုင်းနိုင်ငံ

Advertisements

Leave a comment

Filed under MOE, Wikipedia

Comments are closed.