ချစ်စွာသော မိန်းကလေးသို့

မျက်နှာလွှဲထားလည်း

စိတ်ထဲက ကြိတ် ကြေ ခိုက်

အိပ်ငိုက်တုန်း အချစ်က သိမ်းပိုက်သွားတယ်။

သိက္ခာနဲ့

စိတ်ပြာကျသွားတော့

အိပ်ယာအထမှာ အချစ်က ပွင့်ဖူးလာတယ်။

ကိုယ့်ကိုယ်ကို လိမ်ကာမှ

ဇာတ်ဆရာက

လိုက်ကာ မ လိုက်တော့

အချစ်က ဇာတ်မတိုက်လိုက်ရဘူး။

“ဒီမယ် မိန်းကလေးရဲ့”

ရှက်ရှက်နဲ့ ပြောရပုံက

“မင်းကို ငါချစ်တယ် ထင်ရဲ့”တဲ့

အဲဒီ့ မနက်မှာ

ကမ္ဘာဟာမလည်ပတ်တော့ဘူး

သီအိုရီတွေ အရိုးစူး

ချစ်ဖူးမှ သိလိမ့်မယ်။

သင်ကာ

Advertisements

Leave a comment

Filed under Poem

0 responses to “ချစ်စွာသော မိန်းကလေးသို့

  1. flower

    nice poem 🙂

  2. sin dan lar

    ချစ်စရာကောင်းတဲ့ ကဗျာလေးပါ…ချစ်တဲ့အကြောင်း ရှက်ရှက်နဲ့ ၀န်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းကဗျာကို magazine တစ်ခုမှာ ဖတ်ခဲ့ဖူးတယ်…အဲဒီကဗျာလေးဖတ်တုံးကပြုံးမိသလိုပဲ ဒီကဗျာဖတ်တော့ရှက်ရှက်နဲ့ ချစ်ရေးဆိုရတဲ့ ကဗျာဆရာကို ပြုံးမိပါတယ်။