အနုပညာနှင့် ဖန်တီးခွင့်

(ဖွဲ့တည်ရာမဂ္ဂဇင်း အမှတ် (၄) မှာ ရေးဖြစ်တဲ့ Editorial ပါ။ စာရေးဖို့ မပျင်းပေမယ့် စာရိုက်ရမှာ ပျင်းလေတော့ အဲဒီ အယ်ဒီတာ့စကားလေး ပြန်တင်လိုက်ပါတယ်။ စာပေသဘောတရား ကြေညာချက်လို့ ကျနော်တို့က ကြီးကြီးကျယ်ကျယ်ပြောဖြစ်တဲ့ စာစုလေးပါ။)

ကျွန်ုပ်တို့မဂ္ဂဇင်းသည် အလကားရသည့် စာမူများဖြင့် အလကား လုပ်သည့် ကျွန်ုပ်တို့ အယ်ဒီတာများက စီစဉ်ပေးပြီး အလကားဖြန့်ချိပါသည် ဆိုသော်လည်း စာကောင်းပေမွန်များနှင့် ရွက်ပုန်းသီးတို့ မီးထတောက်ရာ ဘူမိနက်သန်အဖြစ် လေးစောင်မြောက် ထုတ်ဝေပြီး သက်သေထူနိုင် ခဲ့ပါပြီ။ လောကဓံ ရှစ်ပါးထဲမှ နိန္ဒာ၊ ပသံသာဆိုသည့် ချီးမွမ်းမှု၊ ကဲ့ရဲ့မှုများလည်း ရရှိခဲ့ပါပြီ။ ကျွန်ုပ်တို့ အယ်ဒီတာများသည်လည်း မဂ္ဂဇင်း၏ မူဝါဒကို ထင်ဟပ်ဖို့၊ ထုတ်ဖော်ပြောဖို့ စိတ်ကူးရှိခဲ့ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် မဂ္ဂဇင်းတွင် စာကောင်း၊ စာပေါ့၊ သုတ၊ ရသ၊ အိုးဒီးလ်စ် (Oldies) ၊ ပို့စ်မော်ဒန် အကုန်ပါနေရကား အဘယ်ကြောင့် ထိုသို့ ဖော်ပြသည်ကို သဘောထားတစ်ရပ် ပြောရန်လိုသည်ဟု ယူဆမိပါသည်။

ဖွဲ့တည်ရာ ဟူသောမဂ္ဂဇင်းတစ်စောင်ကို ဖန်တီးကြဖို့ ကောင်းမြတ်ကျော်စွာ၊ ဟန်သစ်ငြိမ်၊ မောင်အန့်နှင့် ကိုဇော်တူးတို့ ချင်းမိုင်မြို့ရှိ ရက်ဂေးတေးများ မြူးကြွနေသော Club တစ်ခု၏ ညတစ်ညတွင် ဆုံးဖြတ်ခဲ့ကြပါသည်။ ကောင်းမြတ်ကျော်စွာနဲ့ ဟန်သစ်ငြိမ်တို့က ဖွဲ့တည်ရာ မဂ္ဂဇင်း၏ အချို့သော အပိုင်းများကို လုပ်သွားရင်း အဆုံးအဖြတ်ပေးဖို့ လိုလာသော အခါများတွင် ကျွန်ုပ်တို့၏ ပင်ကိုယ်ခံယူချက် (Personal Concept) များနှင့် ရောက်ရှိ၊ ရရှိလာသော စာမူများ၏ အနုပညာပုံဖော်မှု (Representation) ကို ထင်ဟပ် ဆွေးနွေးခဲ့ကြပါသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့သည် အနုပညာသက်ဝင်နေခြင်း (Being Art)၊ နှင့် ရသ ပျော်ဝင်ခြင်း (Ascetics) တို့ကို ဦးစားပေးရန်၊ ဖန်တီးသူ၏ ခံစားမှု (Mood) နှင့် သူ့အလိုကျ ဖန်တီးနိုင်ခွင့် (Creativity) ကို လေးစားရန်နှင့် ဖန်တီးသူ၏ ဘ၀နှင့်ရင်းလာသော ဖြစ်တည်မှု (Being) တို့အပေါ်တွင် အတိမ်အနက် ခံစားမှုအရ လွတ်လပ်စွာ ဖန်တီးခြင်းနှင့် Means of Creation ကို အသိအမှတ်ပြု လေးစားရန် ဆုံးဖြတ်ကြပါသည်။ ထို့ကြောင့်ပင်လျှင် ဖွဲ့တည်ရာ မဂ္ဂဇင်း၌ စာမျိုးစုံ ကို တလေးတစား ဖော်ပြခဲ့ပါသည်။

ရင်ဘတ်ဖြင့် ရေးခြင်းနှင့် လုပ်ရေးခြင်းသည် လည်း အထူးတလည် စံချိန်ထိုး စိစစ်ရန်မလိုပါ။ အနုပညာ ထုတ်ကုန်က သက်သေခံပြီး ဖြစ်ပါသည်။ ထို့အတွက် ဖန်တီးမှု လွတ်လပ်ခွင့်နှင့် ခုတုံးလုပ်ပြီး တဆင့်ခုန်ခြင်း အတွက် အငြင်းပွားဖွယ်လည်း မပေါ်ပေါက်သေးပါ။ မည်မျှပင် ရိုးရှင်းပါစေ၊ မည်မျှပင် ခေတ်သစ် အနံ့ မနံသည်ဖြစ်စေ ထိုရိုးရှင်းခြင်း၌ ရိုးသားမှုနှင့် အတူ အနုပညာသည် ကပ်၍ ပါနေပါသည်။ ထိုသို့ ဖြစ်ခြင်းကို ရှာဖွေရန် ကျွန်ုပ်တို့ ဖွဲ့တည်ရာကို နေရာခင်းဖြန့်ထားပါ သည်။ အားလုံးသော ဖြစ်တည်မှုကို တန်ဖိုးထားပါသည်။

လူတိုင်းသည် သူ့ဘ၀နှင့်သူ ဇာတ်လိုက်ဖြစ်ကြပါ သည်။ အနုပညာတွင်လည်း လူတိုင်းသည် ဇာတ်လိုက် ဖြစ်ခွင့်ရှိပါသည်။ သူတို့၏ အနုပညာသည် သူတို့ကိုယ်တိုင် အသုံးတော်ခံရန် ဇာတ်စင်ဖြစ်သည်ဟု ခံယူပါသည်။

အနုပညာကိတိုင်းမည့် ပေတံ၏ တိကျမှု၊ သတ်မှတ်ပေးနိုင်မှုတို့ကို မယုံကြည်ဘဲ ဖြစ်တည်လာမှုများ၏ အဇ္ဈာသယများကိုသာ ဂရုဓမ္မပြုပါကြောင်း။

အယ်ဒီတာ

ဖွဲ့တည်ရာ (Existence) မဂ္ဂဇင်း

၂၆၊ ဇူလိုင်၊ ၂၀၀၈

မကြာမီ ထွက်ရှိမည့် Vol.1, Issue.5 ဖွဲ့တည်ရာမဂ္ဂဇင်း

မကြာမီ ထွက်ရှိမည့် Vol.1, Issue.5 ဖွဲ့တည်ရာမဂ္ဂဇင်း

Advertisements

Leave a comment

Filed under Existence Magazine, Perspective

0 responses to “အနုပညာနှင့် ဖန်တီးခွင့်

  1. အဲဒီ အယ်ဒီတာ့အမှာစာလေးကို မဂ္ဂဇင်းစစဖတ်ချင်းမှာပဲ ကျော်မချဘဲ စိတ်ဝင်တစားဖတ်ဖြစ်တယ်။ မဂ္ဂဇင်း ဖြစ်လာပုံ ၊ ရည်ရွယ်ချက် ၊ ရင်ဘတ်နဲ့ရေးခြင်း နှင့် လုပ်ရေးခြင်း အပေါ် အမြင်လေး … မိုက်တယ်ရှင့်။

  2. ပြန်တင်ပေးတော့ ပြန်ဖတ်ရတာပေါ့ .. .
    ဒီတစ်ခါ မျက်နှာဖုံး ဒီဇိုင်းက ရှင်းပြီး လှနေတယ်။
    “လူတိုင်းသည် သူ့ဘ၀နှင့်သူ ဇာတ်လိုက်ဖြစ်ကြပါ သည်။ အနုပညာတွင်လည်း လူတိုင်းသည် ဇာတ်လိုက် ဖြစ်ခွင့်ရှိပါသည်။ သူတို့၏ အနုပညာသည် သူတို့ကိုယ်တိုင် အသုံးတော်ခံရန် ဇာတ်စင်ဖြစ်သည်ဟု ခံယူပါသည်။”
    ဆိုတဲ့စာသားတွေကို ဟိုင်းလိုက်လုပ်ခဲ့ပါတယ်။

  3. ကောင်းကင်ကို

    အောက်က ပို့ စ်လေးနဲ့ ကဗျာလေး ဖတ်ပြီး မယ်ဟောင်ဆောင်ကို သွားချင်စိတ်ပေါက်လာတယ်ဗျာ။

  4. ဖွဲ့တည်ရာ မဂ္ဂဇင်းဆိုတာကို လာဖို့ပြောတဲ့ တစ်ယောက်လို့ ထင်တာပဲ။လူမသိ သူမသိ ဂျပန်ဘာသာပြန်တွေကို လာဖတ်ပေးတဲ့အပြင် commentပေးသွားတဲ့အတွက် ကျနော်ကတောင် ကျေးဇူးတင်ပါတယ်။ မဂ္ဂဇင်းကိုလည်း ဖတ်ဖြစ်ကြောင်းပါ…

  5. ဖွဲ့တည်ရာ ရဲ့ ရည်ရွယ်ချက်နဲ့ သဘောထားကို လေးစားတယ်ဗျာ..။ တာဝန်ခံ အားထုတ်ကျတဲ့ အယ်ဒီတာတွေအတွက် ဂုဏ်ယူတယ်…။ ပါဝင်ဖန်တီးကျတဲ့ ကလောင်ရှင်တွေကိုလည်း အားကျတယ်ဗျာ…။ စေတနာမှန်ရင် အကျိုးပေးကောင်းမယ် ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s