ဒုက္ခသည်စခန်း ခရီးသွားမှတ်တမ်း (၁)

မယ်ဟောင်ဆောင်ရှိ ကရင်နီဒုက္ခသည်စခန်း

လွန်ခဲ့သည့် ၂ နှစ်ကာလ၊ ၂၀၀၆ ခုနှစ်လောက်ကဖြစ်သည်။ ထိုင်းနိုင်ငံမြောက်ဖျားမြို့ဟု ဆိုနိုင်သည့် မယ်ဟောင်ဆောင်သို့ ကျနော် ရောက်သွားသည်။ မြန်မာပြည်ဘက်နှင့် ဆိုလျှင် ကယားပြည်နယ် (ကရင်နီတို့ အခေါ် ကရင်နီပြည်) နှင့် ထိစပ်သော မြို့ဖြစ်သည်။ ထိုရောကာလအထိ ဒုက္ခသည် စခန်းဆိုသည်ကို ကျနော်သည် ကြားသာကြားဖူးပြီး မရောက်ဖူး၊ မမြင်ဖူးသေးပေ။

တောင်ပေါ်စေတီမှ မြင်ရသော မယ်ဟောင်ဆောင်။ ဓာတ်ပုံ-သင်ကာ

မယ်ဟောင်ဆောင်သို့ ကျနော် ရောက်သွားခြင်းမှာ ကျနော့ဘွဲ့ယူကျမ်းအတွက် ကရင်နီလူမျိုးစုနွယ်ဝင် ကယန်းတိုင်းရင်းသားတို့ အကြောင်း ပြုစုရေးသားရန် တင်ကြို စနည်းနာထွက်ခြင်းဖြစ်သည်။ မယ်ဟောင်ဆောင်တွင် အသိအကျွမ်းမရှိ၍ ဆိုင်ကယ် ကယ်ရီသမားကို ဈေးချိုသည့် တည်းခိုခန်းရှိရာ မေးပြီးသွားရသည်။ ထိုမှာ သုံးရက်ခန့်နေစဉ် ကရင်နီဒုက္ခသည်များအတွက် အလုပ်လုပ်နေသည့် အဖွဲ့အစည်းမှ တချို့နှင့် ထမင်းဆိုင်မှာ ဆုံမိကြသည်။ ကျနော်တည်းခိုသည့်အဆောင်ရှေ့တွင် စားသောက်ဆိုင်တစ်ခုရှိသည်။ ထိုဆိုင်တွင် ဘီယာမှာသောက်စဉ် မြန်မာလိုပြောနေသော နှစ်ယောက်သုံးယောက်ကို တွေ့မိ၏။ မိတ်ဖွဲ့ကြည့်တော့ ကျနော်စိတ်ဝင်စားနေသော ဒုက္ခသည်စခန်းအတွက် အလုပ်လုပ်နေသော ဘာသာရေးနွှယ် အဖွဲ့အစည်းမှ ဖြစ်ကြောင်း သိရသည်။ မြန်မာပြည်မှ ရောက်လာသည်မှာ လပိုင်းလောက်ပဲ ရှိသေးသည်ဟုဆိုသည်။ ထိုင်းလို အတော်ပင် ပြောနိုင်ကြ၏။

မြန်မာပြည် အလွမ်းပြေ၊ ရှမ်းလက်ရာ ဘုန်းကြီးကျောင်း ဝပ်ဂျွင်ကင်မ်နှင့် ရေကန်။ ဓာတ်ပုံ-Kea

ဒုက္ခသည် စခန်းထဲ သွားလည်လို့ရမလားဟု ကျနော်က စပ်စုကြည့်သည်။ သူတို့က တညီတညွတ်တည်း မရနိုင်ဘူးဟု ပြောကြသည်။ ကျောင်းသား အနေနဲ့ပဲဖြစ်ဖြစ်၊ သတင်းထောက်အနေနဲ့ပဲဖြစ်ဖြစ်၊ သုတေသီအနေနဲ့ပဲဖြစ်ဖြစ် ထိုင်းဒေသအာဏာပိုင်များက ဝင်ခွင့်မပြုကြောင်း ရှင်းပြကြပါသည်။ သွားလိုလျှင် ဘန်ကောက်အစိုးရရုံးမှာ ပြည်ထဲရေးဝန်ကြီးဌာနကို လျှောက်လွှာတင်ရသည်တဲ့။ အဲဒီက ခွင့်ပြုမှ ဒေသအာဏာပိုင်တွေက ခွင့်ပြုသည်ဟု ပြောကြသည်။ အတော်ပင် ကြီးကျယ်ပေတာပဲဟု အောက်မေ့မိသည်။ ဘာလို့ အခုလို တင်းကြပ်ထားသလဲဟု ထိုစဉ်ကမေးသော်လည်း ကျေနပ်လောက်သော အဖြေကို မရခဲ့ချေ။

တောင်ပေါ်စေတီမှ မြင်ရေသော မယ်ဟောင်ဆောင်။ ဓာတ်ပုံ-သင်ကာ

ကျနော် သုတေသနပြုရန် ရွေးချယ်ထားသည်က ဒုက္ခသည် စခန်းထဲတွင် မဟုတ်ချေ။ မြန်မာပြည်မှာ “ပဒေါင်”ဟု သိကြသော ကြေးကွင်းပတ်ကယန်းအကြောင်း လေ့လာမည်ဖြစ်သည်။ (“ပဒေါင်”ဟူသော အခေါ်အဝေါ်နှင့်စပ်လျဉ်း၍ နောက်အခန်းများတွင် ရေးပါမည်။) သူတို့သည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်၍ ထိုင်းဘိဇနက်သမားတွေက ထိုင်းအာဏာပိုင်တွေနှင့် ညှိပြီး ဒုက္ခသည်စခန်းမှာ မနေစေဘဲ အပြင်တွင် ရွာဖွဲ့၍ နေစေသည်။ မယ်ဟောင်ဆောင်တွင် ကြေးကွင်းပတ်ကယန်း ရွာသုံးရွာရှိသည်။ နန်းဆွယ်၊ ဟွေ့စူထောက်နှင့် ဟွေ့ပူခမ်း တို့ဖြစ်သည်။ ရွာသုံးရွာကို စုစည်းရန် ထိုင်းအာဏာပိုင်တို့က အားထုတ်သော်လည်း အောင်မြင်မှု မရှိသေးပေ။ နန်းဆွယ်ကျေးရွာဘက်တွင် ကရင်နီဒုက္ခသည်စခန်းရှိပြီး လူဦးရေ တစ်သောင်းခွဲကျော်ရှိလေသည်။

ယခု ကျနော်ပျိုးနေသည့် အချီနိဒါန်းမှာ ကျနော် ထိုစခန်းထဲသို့ ရောက်ရှိခဲ့ပုံနှင့် တွေ့ကြုံခဲ့ရပုံများဖြစ်ပါသည်။ အနှစ်နှစ်ဆယ် သက်တမ်းရှိခဲ့ပြီဖြစ်သော ဒုက္ခသည်စခန်းထဲတွင် တံခါးပိတ် အဆက်ပြတ်နေသော တိုင်းရင်းသားများနှင့် ဒုက္ခသည်စခန်းဆိုတာ ဘယ်လိုနေကြပါလိမ့်ဟူသော ပြင်ပလောကကလူများအကြား ဤမှတ်တမ်းဖြင့် ပေါင်းကူးပေးရန်ရည်ရွယ်ပါသည်။

သင်ကာ

(ဆက်လက်ဖော်ပြပါမည်)

Advertisements

Leave a comment

Filed under Article, Experience

0 responses to “ဒုက္ခသည်စခန်း ခရီးသွားမှတ်တမ်း (၁)

  1. ဆက်ရန်ကို စောင့်ဖတ်နေကြောင်း……..

  2. ကောင်းကင်ကို

    စောင့်ဖတ်နေမယ်ဗျို့ 

  3. yymyat

    အရမ်းစိတ်ဝင်စားတယ်ဗျို့။ ဆက်ရေးပါဦး။ စောင့်ဖတ်နေမယ်။

  4. dovewhite

    မရောက်ဖူးပေမယ့် မြင်ယောင်ပြီး ခံစားရပါတယ်…………..ဒါကြောင့်မို့ အရမ်းစိတ်ဝင်စားပြီး စောင့်မျှော်နေပါတယ် … ဆက်ရန်…. ကို………..

  5. စောတာရာ

    ဆက်ရန်ကိုမျော်နေတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s