အချဉ်ပေါက်နေသောမြစ်


(၁)

ကျနော် အချဉ်ပေါက်နေသည်မှာ လွန်ခဲ့သော ၁၁x၂၄=? ကပင်ဖြစ်သည်။

(၂)

“ငါ့သစ္စာတရားက ငါ့အသက်ကို ယူသွားကြပေါ့။” (မောင်ချောနွယ်၏ ကိုက်လမ်းကဗျာမှ)

(၃)

ငါ့မေးလ်ကို အကြောင်းကြားတယ်။ ငါ့ဘလော့ဂ်မှာ Author တစ်ယောက် Register ပါတဲ့။ ဒီဘက်ခေတ်မှာ ဧည့်သည် မရှိခဲ့ပါဘူး။ ဘလော့ဂ်ရဲ့ Users ထဲမှာ ဒင်းဟာ အခန့်သား။ ဒါများတော့ မရဘူး။ နန်းလုပွဲမို့ သတ်လိုက်တယ်။

(၄)

ငါ့ဘလော့ဂ်ရဲ့ ကော်မန့်ဘောက်စ်ဟာ အမှိုက်သွန်စရာဖြစ်နေသလား။ ဒါမှမဟုတ် ကမြင်းမသားတို့ရဲ့ နေ့တွက်ကိုက် လက်ရည်စစ်မှုလား။

ပထမနေ့က တစ်ရက်သာသာမှာ စပမ်းကော်မန့် ၁၃၅ စောင်။

ဒုတိယနေ့ တစ်နေ့လည်သာသာမှာ စပမ်းကော်မန့် ၉၉ စောင်။

တတိယနေ့က တစ်ညနေနဲ့ တစ်ညမှာ စပမ်းကော်မန့် ၂၂၂ စောင်။

ဒီဂဏန်းတွေ အဖွားသိရင် ချဲထိုးပေလိမ့်မယ်။

(၅)

ပင့်ဂိုလ်းရဲ့ ပန်းခင်းလည်း ယဇ်ပွဲဖြစ်သွားတယ်။

ဟန်သစ်ငြိမ်က ချစ်ခြင်းနဲ့ ပုခုံးကျိုးနေတုန်း စိုးဇေယျက ငါးခုံးမပုပ်ကို ရှာနေတယ်။

ကော်ပီတွေ ထမ်းပိုးထားတဲ့ လူရာဝင်လှေခါးပေါ်က နေစစ်+စေး ခြေခေါက်ပြီး ပြုတ်ကျတယ်။ ဒင်းတို့တော့ အက္ခရာသုံးလုံးနဲ့ ဘွဲ့ထူး၊ မရွယ်ဘဲခူးရဦးတော့မယ်။

ကံဆိုးသူဆရာကြီးမောင်စူးစမ်းဟာ အသွားစေသူ မမှန်မကန်၊ အစွယ်လိုသူ အကြံအဖန်သမားတွေကြားမှာ “အင်တာနက်ပေါ်က ထုတ်ပေး၊ လစဉ်မှာစာအုပ်တွေကနေ ဆုတ်ပေးတဲ့” ဘလော့ဂ်အစွယ်ဖြတ်ရေး စီမံကိန်း“စာရွက်”တွေကြားမှာ ဘုဘမသိ ဘာသာပြန်မြားကြီးနဲ့ ချိန်ခွင်းပြီး ကံကွက်ကြားတဲ့ ငမိုက်သားဖြစ်ရ၊ ဇာတ်ကတော့ လှသလိုလိုရှိရဲ့။

ဒီမယ် စာလုံးပေါင်းတစ်မျိုးနဲ့ မစ်(စ်)သွန်းသွန်းရဲ့၊ ဟိုးတစ်လက မင်းပြောတဲ့ ကော်ဖီတစ်ခွက်ကိုပဲ လွမ်းတယ်ကွယ့်။

ဟော…ဒီမှာငုတ်တုတ်ရေးနေတုန်း၊ စပမ်းမေးလ် ၄ ကောင်ဟာ ခိုးကြောင်ခိုးဝှက် ဝင်လာပြန်တယ်။

မြစ်အသေတွေမှ မဟုတ်ဘူး။ စီးဆင်းလို့ကောင်းနေလည်း မြစ်ဟာ အချဉ်ပေါက်တတ်တယ်။

(၆)

If there are five flies on a table kill one,

How many would remain?

Only the dead one.

စားပွဲပေါ်မှာ ယင်ကောင်ငါးကောင်ရှိတယ်။

တစ်ကောင်ကို သတ်လိုက်ရင် ဘယ်နှကောင်ကျန်မလဲ။

သေတဲ့အကောင်ပဲ ကျန်မှာပေါ့။

(၇)

မြစ်အသေတွေမှ မဟုတ်ဘူး။ စီးဆင်းလို့ကောင်းနေလည်း မြစ်ဟာ အချဉ်ပေါက်တတ်တယ်။

သင်ကာ

စက်တင်ဘာ၊ ၂၀၀၈။

Advertisements

Leave a comment

Filed under Essay

0 responses to “အချဉ်ပေါက်နေသောမြစ်

  1. လန်ထွက်နေတာပဲ

  2. ရှာလကာရည်သည်များ ၀မ်းမြောက်ဖွယ်ဗျို့…။

  3. ခုခေတ်ကြီးကတော့ မြစ်တွေတင်မက၊ တစ်ကမ္ဘာလုံးပါ pH 1.00 သာသာပဲရှိတော့တာဗျို့။

  4. 🙂 အချဉ်ပေါက်နေတဲ့ မြစ်ရယ်.. ပင်လယ်ထဲက ဆားတွေရယ်.. အဲဒါကြောင့်များ ရေက neutral ဖြစ်သွားတာလား မသိ။

  5. ဟား…ဖတ်လို့ကောင်းတယ်ကွ။ နာလည်းပါတယ် ကဗျာမှာ။ နောက်လည်း ဒီလိုအချဉ်များများပေါက်နိုင်ပါစေ။ 🙂

  6. 11 x 24 = ? က ဘာလဲဗျ သိဘူး ရှင်းပြ

  7. ၁၁x၂၄ ပါဆို.. ၂၆၄ ပေါ့.. နော် အကို..။ နားတော့လည်ဝူး 😀

  8. ၁၁x၂၄ ဆိုတာက ဒီလိုဗျ။

    ၁၁ က ၁၁ ရက်ရှိပြီလို့ပြောတာ။ တစ်ရက်မှာ ၂၄ နာရီဆိုတော့ ၂၄ နဲ့မြှာက်လိုက်တာ။ စိတ်ညစ်နေတဲ့ နာရီတွေ အဲသလောက်ကြာပြီလို့ ပြောတာဗျ။ အဟဲ
    🙂

  9. မော်ဒန်စာပေသမားသဦး၏ အတွေးထက် အရေးသွက် အလေးနက်သည့် 
    စာပေများကို အားပေးလျှက် မြန်မာစာပေ တဆစ်ချိုး လမ်းဆုံ မှ သည်
    မြင့် မားသောတောင်ထိပ်သို့ ဦးတည်လျှေက်လှမ်းနိုင်ပါစေ…

  10. ကွန်မန့်ပေးခဲ့ရမှာတောင် လန့်နေ၊တွန့်နေတယ်ဗျို့..။ဟတ် ဟတ်…။

    (ငါ့ဘလော့ဂ်ရဲ့ ကော်မန့်ဘောက်စ်ဟာ အမှိုက်သွန်စရာဖြစ်နေသလား။ ဒါမှမဟုတ် ကမြင်းမသားတို့ရဲ့ နေ့တွက်ကိုက် လက်ရည်စစ်မှုလား။)

  11. ဟား..ဟား

    မရည်ရွယ်ပါဘူးဗျ ကိုလဂွန်းအိန်ရဲ့…

    စပမ်းကော်မန့် အမှိုက်တွေကိုပဲ ပြောတာပါ။

    စိတ်ရှုပ်လို့။

  12. လန်ထွက်သွားပြီ ကိုသင့်ကြီး.. .. 😛

  13. မိုက်တယ်ဗျာ…မြစ်သေတွေ များများစီးလေ များများဖတ်ရလေပဲ..။ စကားမစပ် ကျွန်တော့မေးလ်ထဲမှာလဲ စပန်းတွေတော်တော်များနေပြီ 🙂

  14. ဘာမှန်းမသိပဲ ကောင်းတယ် လို့တော့ မပြောတော့ပါဘူး… တချို့ ဟာတွေတော့ နားမလည် ဘူး တချို့ကိုတော့ အချဉ်ပေါက်နေတာကို လိုက်ခံစားလို့ ရတယ်ဗျာ.. မကြာခင် အချိုပေါက် အချိုတွေ ရောက်လာပါစေဗျာ..

  15. ဟီးဟီး
    ကောင်းတယ် ကမြင်းမသားတွေဆိုတဲ့ အသုံးကို ကြိုက်တယ်.. အားမာန်ပါတယ်:P

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s