ဆံပင်

-ဆံပင်အရောင်

-တပင်ရွှေထီး၏ ဆံပင်

-ဆံပင်=ချုပ်ကြိုး

-ဆံညှပ်ကပ်ကြေးအကြိမ်

-ဆံပင်၏ သက်တမ်း

-ကတုံးကြောင့်ဖြစ်သောစစ်

လူရဲ့ ဆံပင်တစ်ချောင်းဟာ လုံးပတ်အားဖြင့် တစ်လက်မရဲ့ အပုံလေးရာမှာ တစ်ပုံလောက်ပဲရှိတယ်။ လုံးပတ်သေးပေမယ့် ဆံပင်ကို နဂိုအရှည်အလျားထက် ငါးပိုင်းတစ်ပိုင်းလောက်ပိုရှည်လာအောင် ဆွဲဆန့်နိုင်တယ်။

မြန်မာတွေရဲ့ အမြင်အားဖြင့် ဆံပင်ဟာ နက်ကြုတ်မဲမှောင်နေမှ ကြည့်ကောင်းတယ်။ အနောက်နိုင်ငံ မျက်နှာဖြူတွေရဲ့ အမြင်ကတော့ ရွှေရောင်ထနေမှ လှတယ်။ မျက်နှာဖြူတွေ သဘောကျတဲ့ ဆံပင်ကို မြန်မာတွေက ပြောင်းဖူးမွှေးနဲ့ တူတယ်ဆိုပြီး မကြိုက်ကြဘူး။

တချို့ဆံပင်တွေဟာ ရွှေရောင်လည်းမကျ၊ အနက်ရောင်လည်းမကျဘဲ နီကျင်ကျင် ဖြစ်နေတတ်တယ်။ ကမ္ဘာကျော် ကလီယိုပက်ထရာဘုရင်မဟာ ဆံပင်ရဲ့ နီခြင်းနဲ့ ပြီးတဲ့အတွက် နဂိုအလှကို ကြက်သရေတိုးစေတယ်လို့ ရာဇဝင်ဆရာတွေက ဆိုကြတယ်။

မြန်မာဘုရင် တပင်ရွှေထီးဟာ ခေါင်းမှာ ရွှေရောင်ဆံပင်တသ်ချောင်း ရှိတဲ့အတွက် အလွန်တရ ဘုန်းတန်ခိုး ကြီးမားခဲ့တယ်လို့ ရာဇဝင်မှာ ရေးထားတာ ဖတ်ရဖူးတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ပစိဖိတ်သမုဒ္ဒရာတိုက်ပွဲမှာ အမေရိကန်စစ်သားတစ်ယောက် အပြင်းအထန် ဒဏ်ရာရသွားတုန်းက ခွဲစိတ်ကုသပြီး ပြန်ချုပ်ဖို့ ကြိုးမရှိတဲ့အတွက် လူရဲ့ဆံပင်နဲ့ ချုပ်ပေးခဲ့ရဖူးတယ်။

ဆံပင်ညှပ်သမားဟာ လူတစ်ယောက်ကို ဆံပင်ညှပ်တဲ့အခါမှာ ဆံညှပ်ကပ်ကျေးကို အကြိမ်ပေါင်း ၄၅၀ ကျော် ကိုက်ညှပ်ရတယ်။

လူတစ်ယောက်ရဲ့ ဦးခေါင်းမှာ ပျမ်းမျှခြင်းအားဖြင့် ဆံပင် ၁၂၀,၀၀၀ ရှိတယ်။ ဆံပင် တစ်ချောင်းရဲ့ သက်တမ်းဟာ အနည်းဆုံး ခြောက်လ၊ အများဆုံး ၂ နှစ် အထိရှိတယ်။ အဲဒီအချိန်က လွန်ရင် ကျွတ်တော့တာပဲ။

ကတုံးကြောင့် စစ်ကြီးဖြစ်ရဖူးတယ်။ ပြင်သစ်ဘုရင် သတ္တမမြောက်လူဝီဟာ သူ့ရဲ့ ဒုစရိုက်များကို ဆေးကြောတဲ့သဘောနဲ့ ဆံပင် မုတ်ဆိတ် နုတ်ခမ်းမွှေးတွေကို ရိတ်ပစ်လိုက်တော့ လူဝီရဲ့ မိဘုရား အီလီနာက ကတုံးပြောင် မျက်နှာပြောင်နဲ့ လူဝီကို ကျောခိုင်းပြီး အင်ဂျူးမြို့စားဘက်ကို အချစ်ပြောင်းခဲ့တယ်။ လူဝီလည်း မခံမရပ်နိုင်ဖြစ်တာနဲ့ စစ်ပွဲကြီး ကြေညာတိုက်ခိုက်လိုက်တော့တာပါပဲ။

(ကျနော် စုဆောင်းထားသော စာမူများထဲမှ “မေမြို့ချစ်ဆွေ”၏ ဆံပင်အကြောင်း ဆောင်းပါးတိုဖြစ်ပါသည်။ ပုံနှိပ်ဖော်ပြပြီး ဟုတ် မဟုတ်ကိုကား ကျနော် မမှတ်သားမိပါ။)

Advertisements

Leave a comment

Filed under Article

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s