CrazY BangkoK

ကျနော်တို့ရဲ့ ဖွဲ့တည်ရာမှာ အင်အားဖြည့်လာမယ့်၊ နောင်ကျတော်နဲ့ ဟန်သစ်ငြိမ်တို့ ပို့စ်တွေမှာ ဇာတ်လိုက်အဖြစ် ပါလာတော့မယ့် ဘော်ဒါ ATLinn ကို ကြိုဖို့ ဘန်ကောက်ရောက်သွားတယ်။ မနက်အစောကြီး ခြောက်နာရီလောက်မှာ အလုပ်သမားတွေနဲ့ ပျားပန်းခတ်နေတဲ့ ဘန်ကောက်ဟာ စက်ရုပ်ဆန်နေတယ်။ “သူတို့က မနက် ၈ နာရီဆို စက်ရုံထဲဝင်သွားတယ်။ ညနေမှ ပြန်ထွက်လာတယ်။ စက်ရုံထဲမှာလည်း မျက်နှာတွေအုပ်၊ ဝတ်စုံတွေဝတ်ပြီး အလုပ်လုပ်ရတယ်။ နေမထိလို့ သူတို့မျက်နှာတွေဟာ ဖြူနေတယ်၊ သေချာကြည့်တဲ့၊” အတူပါလာတဲ့ ထိုင်းသူငယ်ချင်းက ရှင်းပြတယ်။ စိတ်မောစရာကြီး။ ညနေရောက်တော့ များလိုက်တဲ့ လူတွေ မူးနောက်လာတယ်။ Central World ဘက် ယောင်တောင်တောင် ရောက်သွားတော့မှ အမောဖြေနိုင်တော့တယ်။ ဂျပန်ကာတွန်းဇာတ်ကောင်မော်ဒယ်ပြိုင်ပွဲတွေ့ လို့ ပို့စ်တင်စရာရသွားတယ်။

ဘန်ကောက်မြို့လယ် Central World ညနေခင်း

ဘီယာနဲ့ စိမ်တဲ့ ဘန်ကောက်ညနေ (ဆေးလိပ်ဘူးမှာ မြန်မာပြည်ဖြစ် Ruby)

Central World ရှေ့မှာ ကျနော်တို့ရောက်တော့ ဂျပန်ကာတွန်းဇာတ်ကောင်များ မော်ဒယ်လ်ပြိုင်ပွဲလုပ်နေပါတယ်။ အဲဒီမှာ ပြိုင်ပွဲဝင်မယ့် ကာတွန်းရုပ်မလေးများ။

ပြင်တတ်တော့ လှသွားတာပါပဲ။

သူက ဘယ်လိုဆိုင်တယ်တော့ မသိ။ အမေရိကန် မရိန်းဝတ်စုံပြည့်နှင့်။ (ဆံပင်မှတစ်ပါး စစ်သားပုံပေါက်ပါသည်။)
ဒီပုံကို ဘလော်ဂါမမတွေ ဘယ်လို အတင်းပြောမလဲ သိချင်တယ်။

မြန်မာပြည်ကလားလို့ လိုက်မေးတော့ ရှက်ကိုးရှက်ကန်းနဲ့ “ထိုင်းပါရှင့်”တဲ့။

ပြိုင်ပွဲဝင်မယ့်သူ။ ချောတယ်၊ ဒါပေမယ့် ခြောက်နေတယ်။

ဖျတ်ကနဲ အမြန်ရိုက်တာတောင် ရအောင် ပဲပေးလိုက်သေးတယ်။

အပြင်မှာ တကယ်အရုပ်မလေးလိုပဲ။

ဖိုက်တာ မမလေးတွေ။

ခရေဇီဇာတ်ကောင်တွေ။

ဘန်ကောက်မြို့လည်က စပိုက်ဒါမန်း။

မြှောက်ပေးတိုင်း အကုန်လုပ်တဲ့ ကောင်မလေး။

Advertisements

Leave a comment

Filed under Experience, Photo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s