သင်ကာ၏ Blogging တစ်နှစ်လည်

တစ်နှစ်ပြည့် ပြန်သုံးသပ်ကြည့်ခြင်း

ယခုသြဂုတ်လတွင် ကျနော် ဘလော့ဂ်ရေးသက် တစ်နှစ်ပြည့်ချေပြီ။ Blogspot မှ WordPress, ထိုမှ Free Host ပေါ်တွင် WordPress တင်ပြီး Iblogger, မကြာသေးခင်က Burma Bloggers Network, တနေ့ကတော့ ကိုငွေထွန်း ကောင်းမှုနှင့် Mask လုပ်ပြီး Dot Net နဲ့ ဖြစ်သွားသည်။ တစ်နှစ်ပြည့်သည်ဟု သတိထားမိသော်လည်း စိတ်ထဲမည်သို့မှတော့ မနေပါ။ ကျနော်သည် နှစ်ပတ်လည်တွေ၊ ဘာညာရတုတွေ၊ ဘာပြည့် ညာပြည့် သိပ်စိတ်ဝင်စားသည်ကားမဟုတ်။ ကိုယ့်မွေးနေ့ကိုယ် ရောက်မှန်းလည်း ဘယ်တော့မှ သတိပြုမိသူမဟုတ်။ သို့သော် Blogging တစ်နှစ်ပြည့်မှာ တော့ ပို့စ်တစ်ခု ရေးလိုက်မည်ဟု အားခဲ၏။ အရေးထဲ ကလိတာလက်လွန်၍ ဘဘော့ဂ်က ဂိသွားရာ ခုမှပဲ ရေးနိုင်၏။

ဘလော့ဂ်ရေးသားမှု Trend

အတွေးအခေါ်၊ စာကောင်းကောင်းလေးတွေရေးဖို့ စရေးကတည်းက အာရုံရှိသည်။ သို့သော် မြန်မာလို ကောင်းကောင်းမရိုက်တတ်သေးခြင်းက ပြဿနာဖြစ်ခဲ့သည်။ နေ့တိုင်းစာရိုက်ရင်း ခုတော့ အိုကေသွားသည်။ စာတွေလည်း အားရလောက်အောင် ရေးဖြစ်ခဲ့ပါသည်။ စရေးခဲ့တဲ့ Trand အတိုင်း ဆက်သွားနေဖို့ရှိပါသည်။

ရပ်သွားသည်များ

ပို့စ်၊ ဘလော့ဂ်အညွှန်းရေးခြင်းကို နာဂစ်မတိုင်ခင်ကတည်းက ရပ်ထားခဲ့သည်။ မြန်မာဘလော့ဂ်လောကကြီး အဆမတန်ကြီးထွားလာခြင်း၊ တနည်းအားဖြင့် ဖောင်းပွလာခြင်းသည်လည်း အညွှန်းရေးခြင်းကို ရပ်ရသော အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ ဘလော့ဂ်ရိုးကိုးပေါက် နှံ့အောင်မလည်နိုင်။ ထိုရောအခါ စာကောင်းတွေညွှန်းဖို့လွတ်ပြီး အားနာစရာ၊ တာဝန်မကျေစရာမျိုး ဖြစ်ရမှာ အားနာသည်။ ဤကိစ္စသည် ရပ်သွားသော အရာများထဲမှ တစ်ခု။

Ism တွေ ဆက်တိုက်ရေးရန် အားခဲထားသော်လည်း ဖွဲ့တည်ရာမဂ္ဂဇင်းလုပ် ဖြစ်လိုက်သောကြောင့်တစ်ကြောင်း၊ စာလေးကြီးတွေကြောင့် လာဖတ်သူတွေ ငြီးငွေ့မှာ စိုးသည်ကတစ်ကြောင်း ခပ်ကျဲကျဲရေးရင်း ရပ်သလိုဖြစ်နေခဲ့ရသည်။ ဤသည်က ဒုတိယ အရပ်။

WordPress ကို ပြောင်းလုပ်ခါစက ကျနော် အလွန်ကလိသည်။ ကလိသည်များကိုလည်း လျှောက်ရေးသည်။ ကိုယ့်လို ခပ်ထူထူသူတွေအတွက်တော့ နည်းနည်း အသုံးဝင်တာတွေ့ရသည်။ နောက်ပိုင်းတော့ သိတာကုန်သွား၍ ဆက်မရေးနိုင်။ ကလိလည်း မကလိအားတော့။ ဤသည်လည်း ရပ်ခြင်းတစ်မျိုး။

နောက်ဆုံး သိသာသောအရပ်တစ်ခုမှာ အလည်ရပ်ခြင်းဖြစ်သည်။ ဆွမ်းခံရင်း ငှက်သင့်ရသည်လည်းရှိသည်။ ဖြစ်ကတန်းရေးသူ၊ လုပ်သူတွေ၊ နာမည်ကြီးချင်သူတွေကိုလည်း ကြည့်ပြီး စိတ်ပျက်ရသည်။ အသွားမတော်တစ်လှမ်းဆိုသလို ကော်မန့်ပေးရာတွင်လည်း အရေးမတော် တစ်ကြောင်းဆိုသလို အမြင်စောင်းခံရသည်လည်း ရှိသည်။ ထို့ကြောင့် ရင်ဘတ်ချင်းတူသောဘလော့ဂ်များသို့ လျှောက်လည်သည်။ တိတ်တိတ်လေးပြန်လာသည်လည်းရှိသည်။ စီဗုံးမှာ အော်သည့်အခါအော်၊ ကော်မန့်ကို စိတ်လိုလက်ရရေးသည့်အခါလည်းရေးသည်။ မကောင်းတတ်၍ ဝင်ရေးတာမျိုးတော့ အခုထိ လုံးဝမလုပ်ပါ။ နောက်တစ်ခုမှာ ပေးလာသော ကော်မန့်များကို ကိုယ်မကြိုက်တိုင်း ဖျက်သည်ဟူ၍ မရှိဖူးပါ။ ကုမ္မာရီသူမဆိုသော မှတ်ချက်ပေးသူကား လိုသလိုဆွဲပြီး ထင်ရာပြောသဖြင့် ဘန်းထားလိုက်ဖူးသည်။

တိုးတက်သည်များ

အထိုင်များသဖြင့် ကိုယ်အလေးချိန်တက်လာခြင်းသည် ပထမဆုံးသော တိုးတက်မှုဖြစ်သည်။ နောက်တခါ ညဘက်ညဘက် သောက်သည့် Rate ကလည်း တက်လာလိုက်သေးသည်။

ဘလော့ဂ်ရေးခြင်းဖြင့် စိတ်အချမ်းသာရဆုံးရလဒ်မှာ ကိုယ်နှင့်ရေချိန်တူ ပြော၍ရမည့် အပေါင်းအသင်း၊ ကိုယ်က ပညာယူရမည့် အပေါင်းအသင်းများ ရလာခြင်းဖြစ်သည် (အရက်ရေချိန်မဟုတ်ပါ။ ဗဟုသုတ၊ တွေးခေါ်မှုရေချိန် Level ကို ဆိုလိုသည်။)။ အပြင်လောကတွင် ကမ္ဘာပတ်သော်လည်း ဤလို အပေါင်းအသင်းမိတ်ဆွေတွေ တစ်စုတည်း အလွယ်ရမည်မဟုတ်ချေ။ အများအားဖြင့် မမြင်ဖူးသော်လည်း ရင်ခုန်သံခြင်း စည်းချက်ညီကြသည်သာဖြစ်သည်။ တချို့လည်း အစ်ကိုလို၊ အစ်မလို ခင်ရသည် (ကိုငြိမ်းဇေဦး၊ ကိုသခင်ကြီး၊ အစ်မမေငြိမ်း၊ မယမင်း၊ မောင်ကျည်ပွေ့ စသဖြင့်) တချို့လည်း ညီလို၊ ညီမလို ခင်ရသည်(မဂျစ်တူး၊ ဟန်သစ်ငြိမ်၊ ပင့်ဂိုးလ်၊ ပန်းခရေ၊ နေနတ် စသဖြင့်) တချို့လည်း ပြောမနာဆိုမနာ မူးမူးနှင့် ကိုင်တုပ်ပေးမှရမည့် ကောင်မျိုး (ဥပမာ …… :)) လည်း ရှိသေးသည်။

ဘာဖြစ်ဖြစ် လောကသည် နေပျော်လာသည်တော့ အမှန်ဖြစ်သည်။ ကျနော်နှင့် လေးမ အတွေးတူကြသလို ဘလော့ဂ်ဆိုတာ လောက၏ အခြားသော ပြတင်းပေါက်တစ်ခု ဖြစ်ပါသည်။ အွန်လိုင်း Community သာမရှိလျှင်ကျနော်အဖို့ အခုအချိန် ဘာလုပ်နေရမည်ကို စဉ်းစား၍ပင်မရ။

အမြင်မှားများကို တည့်ပေးခြင်း

ပထမဆုံးဒီနေရာမှာ အလျဉ်းသင့်၍ ကျနော် ရှင်းပြ၊ ဝန်ခံချင်တာတစ်ခုရှိသေးသည်။ နောက်တက်အတော်များများက ကျနော်ကို WordPress BLogging အတော်သိသူဟု အမှတ်မှားနေကြခြင်းဖြစ်သည်။ ကျနော် ဘာကြောင့် WordPress လုပ်ရသည်ကို အချို့အား ထုတ်ပြောဖူးပါသည်။ BLogspot တွင် Read More လုပ်ရာ အဆင်မပြေရာမှ စိတ်ပျက်ပြီး WordPress သို့ရောက်လာခြင်းဖြစ်ပါသည်။ (ဘယ်ပြေမလဲ၊ HTML ထဲ Select မလုပ်ဘဲရေးနေတာကိုး။ တုံးချက်။)

သူများရေးထားသည့် နည်းပညာပို့စ်လေးတွေ စမ်းရင်း ကျနော်က နောက်ဆွယ်က လိုက်ရေးသည်ကို အချို့ကလည်း အကြောင်းမသိ၍ အထင်ကြီးနေကြပါသည်။ ဤနေရာမှာ ညွှန်းလိုသည်မှာ WordPress Blogging တွင် ကိုသင်္ကြန် (mmwordpress.com) နှင့် မှော်ဆရာ (wordpressmyanmar.com) တို့သာလျှင် အချိန်မရွေး အားကိုးထိုက်သည့် WordPress ဘလော့ဂ်ဆရာများဖြစ်ပါကြောင်း မောင်းခတ်လိုက်ပါသည်။

နောက်အထင်မှားခြင်းများမှာ ကျနော်သည် () ဆားများများခတ်ထားသည့် စားမကောင်းသော စာလေးကြီးများ ရေးခြင်းကြောင့် အဘိုးကြီးဟုလည်းကောင်း၊ () ဘုရားတရားအကြောင်းရေး၍ ဘာသာရေးကိုင်းရှိုင်းသူဟုလည်းကောင်း၊ () လူတတ်လိုလိုဘာလိုလို လေသံပစ်ရေး၍ လူလိမ္မာကြီးဟုလည်းကောင်း အထင်မှားနေကြခြင်းဖြစ်ပါသည်။ နောက်တစ်ခါ () သူများနိုင်ငံမှာ ကျောင်းတက်နေ၍ ငွေပေါသူဟု ထင်နေသည်လည်း ရှိပါသည်။ () စာတော်သူဟုလည်း အထင်ရှိနေကြပါသည်။ ရှင်းပါမည်။

() ကျနော် စာလေးကြီးရေးခြင်းမှာ (သူငယ်ချင်းကဗျာဆရာ ကိုတိုးကြီးစကားဖြင့်ပြောရလျင်) စကားလုံးလော်မာချင်၍၊ ဘာသာပြန်ပြီး လက်ဆော့ချင်၍ ဖြစ်ပါသည်။ အဘိုးကြီးဖြစ်နေ၍ ရေးရခြင်း မဟုတ်ပါ။ ကျနော်သည် ပုဆိုးပင်ကောင်းကောင်းမြဲအောင် မဝတ်တတ်၍ ဂျင်းပင်န်ကို ခါးကမချသူ၊ UngerGround, Dr.Martin နှင့် ထိပ်ဖု ဘွတ်ဖိနပ်များကို အရူးထ ဝတ်ဆင်လိုသူဖြစ်ပါသည်။ (ဝယ်ထားတာတွေက အဲဒီ Brand တော့ မပါပါ။ တခြား Brand ပေမယ့် ဂွတ်ဒ်ပါတယ်။ ထိုင်းက ဝယ်တဲ့ Hand Made တစ်ရံဆို အသည်းစွဲပဲ။)

() ဘာသာတရားအကြောင်းရေးသော်လည်း ကျနော်သည် ဘာသာမဲ့ဖြစ်ပါသည်။

() သူများကို ဆရာသွားသွားလုပ်သော်လည်း ကျနော်သည် လူမိုက်ဖြစ်ပါသည်။ ဆံပင်ဘုတ်သိုက်နှင့် မူးရူးနေတတ်ပြီး ရန်လိုသူ (သူငယ်ချင်းများအခေါ် စစ်သွေးကြွ“)ဖြစ်ပါသည်။ ကျနော့်ရှော့ပင်န် အကုန်လုံးမှာ စစ်ရောင်နှင့် ပြောက်ကြားများဖြစ်ကြပါသည်။

() သူများနိုင်ငံတွင် ကျောင်းတက်သည်ဆိုရာဝယ် ကျနော်သည် ကံကောင်းချင်၍လား၊ ကံဆိုးချင်၍လာမသိ၊ လိမ်ဖယ်လိမ်ဖယ်နှင့် အလှူလုပ်မယ့်နေ့ ရွာရောက်လာသောဧည့်သည်လို ပညာသင်ဆုထဲ ပါလာခြင်းဖြစ်ပါသည်။ ငွေပေါချက်ကတော့ မပြောပါနှင့် ။ လေဆိပ်သွားဖို့ တက္ကစီငှားရန် ပိုက်ဆံမလောက်၍ စာအုပ်စင်ပေါ်မှ စာအုပ် ၅ အုပ်ကို သူငယ်ချင်းမိုးကြီးအတူ စာအုပ်စုဆောင်းရောင်းဝယ်သူ ဦးဖိုးသင်းနိုင်တွင် ရောင်းလာခဲ့ရခြင်း ဖြစ်လေသတည်း။

() စာတော် မတော်ဟူသော အချက်မှာ အထူးပြောရန်မရှိပါ။ ကျောင်းနေခဲ့သမျှ အင်္ဂလိပ်စာကို ၄၀ နှင့် အနိုင်နိုင်အောင်ပါသည်။ ဒါတောင် မော်ရေးရှင်းနှင့် အောင်သည်ဟု သိရပါသေးသည်။ သင်္ချာညံ့ချက်မှာ ပြောမပြနိုင်အောင်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာကျော်တွေဟာ ကျောင်းစာမတော်ဘူးကွ၊ အိုင်းစတိုင်းလည်း တိုင်စာအပို့ခံရတယ်၊ ရှိတ်စပီးယားဆို ဂရမ်မာတွေ လွှတ်မှားပေါ့၊ ဟိုကဗျာဆရာကြီးဆို ကိန်းဗရစ်ကျောင်းထဲက မောင်းထုတ်ခံရတာ၊ ငါနဲ့တစ်တန်းတည်း တက်တဲ့ကောင်တွေမှာ အပြင်လောကကိုကြည့်၊ အောင်မြင်လာတဲ့ကောင်ကြည့်၊ တစ်ကောင်မှ စာတော်တဲ့ကောင် မပါဘူးဟု ကိုယ့်ကိုယ်ကို ရသေ့စိတ်ဖြေ လုပ်ရသူ ဖြစ်ပါသည်။

ဟန်သစ်ငြိမ်က ပြောပြ၍သိရသည်။ ခင်ဗျားကိုရှိန်လို့ တချို့က မပြောချင်ဘူးတဲ့ဟူ၍ အကြောင်းသိ၍ ခင်မိသူတွေကတော့ အွန်လိုင်းပေါ်မှာ ချီးယားတက်လုပ်လိုက်၊ ရစ်လိုက်၊ ဝူးတူးဝါးတားပြောဆိုလိုက်ဖြင့်ပင် ရှိနေတော့သည်တကား

တစ်နှစ်ပြည့်ဘလော်ဂါသင်ကာနှင့် ပစ္စုပ္ပန်၊ အနာဂတ်

ပစ္စုပ္ပန်အဖို့မှာမူ ပြောစရာတချို့ရှိ၏။ သင်ကာတစ်ယောက် ကရင်နီ၊ ကယန်း ညီအစ်ကိုမောင်နှမများထံ ကွင်းဆင်းသုတေသနသွားသည်ဟု သိကြသော အချို့ကလည်း ပို့စ်တွေ ဖတ်ရတော့မှာပဲဟု မျှော်ကြလေသည်။ သို့သော် ကျနော်က အချက်အလက်များကို စာတမ်းရေးရန်သာ အာရုံထားနေ၍ ယခုတလော ဆွေးနွေးတင်ပြနေသည့် ကရင်နီအကြောင်းလောက်မှလွဲ၍ မရေးဖြစ်ပါ။ ခရီးမှ ပြန်ရောက်ပြီး ကိုငွေထွန်း၊ ကိုစည်သူအောင် (Mysteryzillion)၊ ဘလူးဖီးနစ်၊ အိုကိစံတို့နှင့် လူပေါင်းမှား (ဟန်သစ်ငြိမ်အလို လူမှားပေါင်း”) သဖြင့် ဝီကီမြန်မာ (wikimyanmar.org) နှင့် နှစ်ပါးသွား ကမိနေသော ကာလဖြစ်နေပေသည်။ ဝီကီကို ကျနော်စရေးရာတွင် သားပစ် မယားပစ်ဆိုသလို ဘလော့ပစ် ကျောင်းစာပစ်ပင် ဖြစ်လေတော့သည်။ များမကြာမီတွင် Future Posts တွင် ကျနော် အိပ်မက်ပေးထားသည်များကို တင်သွားပါမည်။ ဝီကီတွင်လည်း ရေးပါမည်။ ကျနော်တင်နေသော ဘာသာရေးပို့စ်၊ မနုဿဗေဒဆိုင်ရာ တိုင်းရင်းသားလူမျိုးစုများပို့စ်၊ အတွေးအခေါ်ဆိုင်ရာပို့စ်၊ အနုပညာဆိုင်ရာပို့စ်များကို ဆွေးနွေးကြသူများအားလည်း ဝေဖန်ကြရန်ဖိတ်ခေါ်ပါသည်။ ဆွေးနွေးဆဲသူများလည်း ထပ်မံ ရှေ့တိုးကြပါရန် အားပေးပါသည်။

သင်ကာအကြိုက်ဆုံးနှင့် မကြိုက်သော ဘလော့ဂ်များ

ကဗျာ ငြိမ်းဇေဦး၊ ကောင်းကင်ကို

သရော်စာ ကိုလျှာရှည်၊ ကလူသစ်၊ ကိုရင်ညိန်း

အပြောင်အလှောင် ကိုကိုဖရီး၊ ဟန်သစ်ငြိမ်

ဝတ္တု မင်းတစ္ဆေ၊ ထူးမြတ်

နည်းပညာ ကိုသင်္ကြန်၊ မှော်ဆရာ၊ ကိုရန်အောင်

ထွေထွေရာရာ – Zero Trash, ဂျစ်တူး၊ မင်းကျန်စစ်၊ နိုင်နိုင်းစနေ၊ ပင့်ဂိုးလ်၊ Black Dream, မောင်လူအေး၊ မောင်ကျည်ပွေ့

ဗဟုသုတ ပီကေ၊ အက္ခရ၊ ကိုဘကောင်း၊ ပျူနိုင်ငံ

အဖတ်ဆုံးဘလော့ဂ်များပီကေ၊ ဒေါက်တာလွဏ်းဆွေ (သတင်းများစုထား၍)၊ ကိုမိုးသီးဇွန် (ပြူးတူးပြဲတဲ သတင်းများအတွက်)၊ ကိုကလိုစေးထူး၊ (တွေးတွေးဆဆဆောင်းပါးများ)၊ ရွက်မွန် (အီလစ်ဆန်သော အရေးအသားများ)၊ ကိုထိုက်၊ ကိုစိုးထက်၊ ကိုလျှာရှည်

မကြိုက်သောဘလော့ဂ်များ အာဇာနည်၊ သာကီနွယ်၊ ပိတောက်မြေ၊ မသဒ္ဓါ၊ သီချင်းများကို ကလစ်လျင်ကလစ်ချင်း ပွင့်အောင်လုပ်ထားသော ဘလော့ဂ်အများစု၊ စာကို ဖြစ်ကတတ်ဆန်းရေးသော ဘလော့ဂ်များ၊ မသိသေးသော ဘလော့ဂ်များ

ဆုံဖူးသော ဘလော်ဂါများ (အက္ခရာစဉ်အတိုင်း)

ကေဂျွန်

ကြယ်စင်ကျော်

ဂျစ်တူး

ကိုငွေထွန်း

စိန်ကတုံး

စိုင်းစိုင်း

စိုးဇေယျထွန်း

ကိုဇော်တူး (စိုက်ပျိုးရေး)

တူးတူးသာ

ထူးမြတ်

နေနတ်နွယ်

ပင့်ဂိုးလ်

ပန်းပုံပြင်

ဖန်ခါးမြေ

မမေငြိမ်း

မင်းကရုဏာ

မောင်အန့်

မွန်းသက်ပန် (ဆေး)

မျက်လုံး

မယမင်း

လင်းပြာနွေ

သခင်ကြီး

ဟန်သစ်ငြိမ်

အလွမ်းပြေ

အံ့ဘုန်းမြတ်

Zero Trash

ကျေးဇူးတင်ခြင်း

ပထမဆုံး ကျနော်စရေးချိန်မှာ ရေးသောစာအရ လာရောက် အားပေးအားမြှောက်ရှိကြတဲ့ သီဟကျော်ဇောနဲ့ (ဘလော့ဂ်လောကကထွက်သွားပြီဖြစ်သော) ဘိုးတော်ကြီးတို့ရဲ့ ဘိုးစိန်အဖွဲ့၊ ပထမဆုံး ကော်မန့်လာပေးတဲ့ ကြာပီ၊ WordPress ကို စိတ်ဝင်စားအောင် ခြေရာထားခဲ့သောလေးမ (Virtual World)WP နည်းပညာတွေကို သင်ကြားပြသပေးတဲ့ ကိုသင်္ကြန် (စပ်မိစပ်ရာ)နဲ့ မှော်ဆရာ၊ အကူအညီပေးတဲ့ ကိုရန်အောင်၊ လုံးဝကျေးဇူးတင်ရမယ့်သူဖြစ်တဲ့ ကိုငွေထွန်း

လာရောက်ဖတ်ရှုသော လေးစားရတဲ့ ဆရာမမမေငြိမ်း၊ ကိုဘကောင်း၊ ကိုသခင်ကြီး၊ ကိုစိုးထက်၊ Zero Trash, ကိုပီကေ၊ ကောင်းကင်ကို၊ ကိုကိုဖရီး၊ ကလူသစ်၊ မခင်မင်းဇော်၊ မကေသွယ်၊ မပန်ဒိုရာ၊ ကိုရင်ညိန်း၊ အက္ခရ၊ မင်းကရုဏာ၊ ချမ်းမြေ့ဦး၊ လင်းဦး (စိတ်ပညာ)July Dream, Black Dream, မဇနိ

ခေါင်းစဉ်တစ်ခုခုအောက်ကို မကြာခဏရောက်ဖြစ်၊ ပြောဖြစ်၊ ဆွေးနွေးဖြစ်ကြတဲ့ ကိုငြိမ်းဇေဦး၊ မဂျစ်တူး (ဂျစ်တူးဆိုသူ၏ အပိုင်းအစများ)Better Tomorrow, မောင်ကျည်ပွေ့၊ ကေဂျွန် (All Together on a Planet)၊ ဥပသကာ၊ မုတ်သုန်၊ မောင်မိုး (Happy Cloud 1000)…

အမှုမပတ်အောင်ရှောင်ရှောင်နေရတဲ့ ဆြာလျှာရှည်၊ ဆြာပြောင်ရှည်၊ ဆြာဒိုင်း၊ ဆြာယော၊ နေနတ်နွယ်

မပျင်းအောင် ရန်ဖြစ်ဖြစ်ပေးကြတဲ့ ပင့်ဂိုးလ်၊ မယမင်း၊ ခိုင်စိုးလင်း

ပြောမနာဆိုမနာ မောင်အန့်၊ ဟန်သစ်ငြိမ်၊ သားဖြိုး၊ စိုးဇေယျထွန်း၊ မင်းကျန်စစ်၊ မောင်မျိုး၊ လေးမ၊ ဖန်ခါးမြေ၊ ပန်းခရေ

အသံတိတ်အားပေးကြတဲ့ ရှမ်းမလေးဘေဘီမစ္စ(ချစ်စနိုးခင်)Chrisnalay, မောင်စွာလေး၊ မန်းလေးကစံပယ် (လာရာ)၊ သွန်းသွန်း

မဂ္ဂဇင်းအတွက် ဘယ်တော့မှ မငြီးငြူတဲ့ အက်စ်.နေညို၊ ကိုချစ်လွန်းအိမ်(အောင်ကျော်)၊ ရွှေပြည်သူ၊ အလွမ်းပြေ၊ ပန်းပုံပြင်၊ စာမူပေးပို့သူများ၊ စာဖတ်ပရိသတ်များ

ကျနော်ပြောတာတွေ နားညီးခံ နားထောင်ပေးသူများ၊ ရစ်သမျှသည်းခံသူများ၊ စိတ်ရှည်ပေးသောသူများ၊ ခွင့်လွှတ်ပေးသောသူများ၊ ပို့စ်ကို သေသေချာချာဖတ်ပြီး စာထပ်ရေးဖြစ်အောင် နားပူနားဆာလုပ်သူများ၊ မရေးဖြစ်တာတွေ ထွက်လာအောင် တိုက်တွန်းပေးသော ဘော်ဒါဘလော်ဂါများ၊ စာသေချာမဖတ်ဘဲ ကောင်းတယ်ပြောသူများ အားလုံးကို ကျေးဇူး


သုံးလသားသင်ကာ

သင်ကာ

ခေတ္တ ချင်းမိုင်၊ ထိုင်းနိုင်ငံ။

သြဂုတ်၊ ၂၀၀၈။

(မပြီးသေးပါ။ ထပ်ဖြည့်ရေးဦးမည်။ နောက်ပြီး အခုရေးတဲ့ထဲမှာ နာမည်မပါသူများလည်း စိတ်မကောက်ကြပါနဲ့လို့၊ သတိရလျှင်ရခြင်း ဖြည့်သွားပါ့မယ် ဆိုတဲ့အကြောင်း…)

Advertisements

Leave a comment

Filed under Experience, IT & Blogging

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s