တပ်ဦးကို ဘယ်သူချွန်းဖွင့်မလဲ

နေသာလေသာညနေရဲ့ တိမ်တွေရဲ့ ကကြိုးလောက်
ဘယ်အရာကများ ပိုလှပါသလဲ။


မယ်ကမ္ဘာကို ဂျပန်မယ်က ရသွားတာ
ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။


Kenneg
ရဲ့ Solo Ablum တွေက
ကျွန်တော်ရဲ့အပ်းဖြေရာဆိုရင်လည်း
ခင်ဗျားနဲ့ဘာမှ မဆိုင်ပါဘူး
Yani
ရဲ့ တေးသွားတွေကို
ဘယ်သူက Scale မကိုက်ဘူးလိုပြောရဲလဲ။


ဒွေးသေတာစောတယ်လို့ ပြောတယ်ဆိုတော့
ဘယ်သူသေတာ နောက်ကျလဲ?
ထူးအိမ်သင်၊ ဒိုးလုံး၊ တာရာမင်းဝေ……..
……………………………..
အခြားများစွာ။


သေချာစွာ နောက်ကျနေတာကတော့
ကျွန်တော်ကို အဖြေပြန်မပေးသေးတဲ့
ကောင်မလေးတစ်ယောက်။


အဲ့ဒီကောင်မလေးရဲ့ အပြုံးလောက်
မိုနာလီဇာရဲ့အပြုံးက မခမ်းနားဘူး။


ဘယ်သူပြောလဲ
တစ်သက်နဲ့တစ်ကိုယ်လေးဖြူရဲ့ Stage Show ကို
မကြည့်ရတော့ဘူးလို့။


ထားလိုက်ပါတော
အနှစ်မပါတာတွေပဲ မင်းမူနေတာ
ဘယ်လောက်ကြာပြီလဲ။
ပျင်းတယ်၊ ငြီးငွေ့တယ်၊ ဆာလောင်တယ်၊ ထုံထိုင်းတယ်၊
အားမလိုအားမရဖြစ်တယ်။


မနေ့ကလိုပဲ အသက်ဆက်ခဲ့။
ကျွန်တော်လည်း မတ်နိုင်ဘူး၊ ခင်ဗျာလည်း မတ်နိုင်ဘူး။
ကျွန်တော်လည်း တ်နိုင်တယ်၊ခင်ဗျားလည်း တ်နိုင်တယ်။
ကျွန်တော်လည်း ဘာမှမလုပ်ဘူး၊ ခင်ဗျားလည်း ဘာမှမလုပ်ဘူး။
လွမ်းစရာ အတိတ်လည်း မရှိဘူး။မျှော်လင့်စရာ အနာဂတ်လည်း မရှိဘူး။
ပစ္စုပန်မှာ ငွေနောက်လိုက်၊ အဆင်ပြေမှုနောက်လိုက

အနေချောင်ဖို့နောက်လိုက်၊ အထင်ကြီးမှုနောင်လိုက်၊
အတ္တနောက်လိုက်၊ အာရုံငါးပါးနောက်လိုက်
ဘယ်သူက တပ်ဦးကိုတပ်ဦးကိုချွန်းဖွင့်ရဲလဲ။


နေမုန်း

(ဘလော့ရေးဖို့ စိတ်ကူးနေတဲ့ ကျတော့်ရဲ့ ညီငယ်၊ ကျနော့်ရဲ့ ပရိသတ်ဖြစ်တဲ့ “မောင်စွာလေး”က မိတ်ဆက်ပေးလို့ ခင်မင်ရတဲ့ ညီအစ်ကိုတော် “နေမုန်း”ရဲ့ ကဗျာတစ်ပုဒ်ပါ။ သူကလည်း တင်စေချင်၊ ကျတော်ကလည်း ဖတ်ရင်း ခိုက်သွားတာမို့ တင်လိုက်ပါတယ်။)

Advertisements

Leave a comment

Filed under Poem

Comments are closed.