ဆန်းစစ်ချက်

သူ့ရင်ခွင်မှာ မှေးမှိတ်ခွင့်ဟာ

အခါခပ်သိမ်း

အိပ်မက်စိမ်းတစ်ခုမျှသာ…။

ဒီအကာအရံတွေ တောင်ပံတပ်ပေးလိုက်ရင်

ကမ်းပါးပြတ်တွေ

မြစ်ငတ်ရဲ့ မာယာထဲ ထိုးကျကုန်ရောပေါ့…။

ဦးနှောက်နားမှာ

နှလုံးသားနားမှာ

ပလပ်ပေါက်တွေ ထားဖို့လိုလာပြီ…။

ဒီမယ်

ဘီယာကို ပင်လယ်ရေထဲ မရောစေနဲ့…

ကဗျာတစ်ပုဒ်ကို စုန်းမပူးစေနဲ့…

မိန်းမတစ်ယောက်ရဲ့ ရင်ဘတ်မှာ

အချစ်လှိုင်း မဖြတ်စေနဲ့…။

သေချာတာ

ငါ

ကာ့တ်ကိုဘိန်း မဟုတ်။

ကေအမ်ကေဇက်

(သပြေတေးမဂ္ဂဇင်း၊ ၂၀၀၂)

Advertisements

Leave a comment

Filed under Poem

Comments are closed.