Opportunity Cost

ဤလောကတွင် မည်သည့်အရာမှ အလကားမရပါဟုဆိုလျှင် ရုတ်တရက် လက်ခံလိုသူ နည်းပါလိမ့်မည်။ ကျွန်ုပ်တို့သည် တစ်ခုခုကိုရရန် တစ်ဖက်တွင် တစ်ခုခုကို အဆုံးရှုံး ခံထားရပါသည်။ ဤသို့ တစ်ခုကို ရရန် တစ်ခုကို စွန့်လွှတ်လိုက်ရခြင်းကို အခွင့်အလမ်းစရိတ် (Opportunity Cost) ဟု စီးပွားရေးပညာရပ်တွင် ဆိုပါသည်။

ပတ်ဝန်းကျင် လေထုထဲမှ လေ၊ စမ်းချောင်းထဲမှ ရေတို့သည် အလကားရသည်ဟု စောဒက တက်နိုင်ပါသည်။ လေထုထဲမှ လေနှင့် စမ်းချောင်းထဲမှ ရေသည် သူ့အတိုင်းနေလျှင် Free Goods ဟု သတ်မှတ်ပါသည်။ လေကို နှာခေါင်းအစ အဆုတ်အဆုံး အသက်ရှုအင်္ဂါ၏ အားထုတ်မှုကို သုံးမှ လေကို ရှုသွင်းခြင်းကိစ္စပြီးပါသည်။ ယင်းသို့ အားထုတ်လိုက်ရခြင်းကို Cost ဟု ဆိုနိုင်ပါသည်။ စမ်းချောင်းမှ ရေကို လက်ခုပ်ဖြင့်ဖြစ်စေ၊ ခွက်တစ်ခုခုဖြင့်ဖြစ်စေ ခပ်ယူလိုက်သောအခါ အားထုတ်ရမှုသည်လည်း Cost ဖြစ်ပါသည်။ သူ့ဘာသာသူ Free Goods ဖြစ်နေသော အရာများကို ကျွန်ုပ်တို့က အားထုတ်မှုတစ်ခုဖြင့် လုပ်ဆောင်လိုက်သောအခါ ယင်း Free Goods များသည် Economics Goods များ ဖြစ်လာကြပါသည်။

Economics Goods ဖြစ်သည်နှင့် တစ်ပြိုင်နက် Opportunity Cost ရှိလာပါတော့သည်။ တစ်ခုခုကိုရရန် မိမိဘက်က ရင်းလိုက်ရမှု၊ စွန်းလွှတ်လိုက်ရမှုသည် Opportunity Cost ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရလဒ်တစ်ခုကို ရှုမြင်ရာတွင် ကိုယ်ဘယ်လောက်ရမလဲဟု ကြည့်ခြင်းထက် ကိုယ်ဘယ်လောက်ရင်းခဲ့သလဲဟု ကြည့်ဖို့လိုပါသည်။ အထွတ်အထိပ်ရောက်လာသူများ၊ အောင်မြင်လာသူများကို ရလဒ်သက်သက်ဘက်မှ မမြင်မိဖို့လိုပါသည်။ အနုတ်လက္ခဏာဆောင်သော ရင်းခြင်းဖြစ်စေ၊ အပေါင်းလက္ခဏာဆောင်သော စွန့်ခြင်းဖြစ်စေ Opportunity Cost မလွဲမသေရှိပါသည်။ ထိုသို့မြင်နိုင်လျှင် မုဒိတာ ပွားနိုင်ပါမည်။

ဤနေရာမှ တိုက်တွန်းလိုသည်မှာ ကျွန်ုပ်တို့ မည်မျှရနိုင်မည်ဆိုသည်ထက် မိမိတို့ ဘယ်လောက်ရင်းခဲ့ပြီ၊ Opportunity Cost မည်မျှရှိခဲ့သည်ဆိုသော မိမိ၏ သမိုင်းကသာ အရေးကြီးကြောင်း သတိပြုကြဖို့ ဖြစ်ပါသည်။

(၂၀၀၆၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ထုတ်၊ ခေတ်မြန်မာဂျာနယ်မှာ ရေးခဲ့တဲ့ အယ်ဒီတာ့ အာဘော်အခန်းကပါ။ ဒါလည်းဖော်ပြပြီးရော ဘဏ်မန်နေဂျာတစ်ဦးက ဖုန်းဆက်လာပါတယ်။ သူတို့ ငယ်ငယ်က သင်ရတာနဲ့ မတူဖြစ်နေတယ်တဲ့။ အမှန်လည်း ကိုယ်က တတ်လှလို့ ရေးတာ မဟုတ်ပါဘူး။ Class တက်ရင်း ဆရာစိုးရဲ့ Lecture တစ်ကို ဘောင်ဝင်အောင် ပြန်ရေးတာပါပဲ။ ဒါကိုရေးရင်းပဲ လှုပ်ရှားတိုင်းမှာ ကမ္မဇရုပ်တွေ ဖြစ်တယ် ပျက်တယ်ဆိုတဲ့ အဘိဓမ္မာကို သွားသတိရပါတယ်။ ဒေါ်ပင့်ဂိုးလ်က ပူဆာတာနဲ့ စာရင်းဖော်ပြထားတဲ့ အထဲက အရင်တင်လိုက်ပါတယ်။)

Advertisements

Leave a comment

Filed under Article, Economics

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s