19 comments on “Existence Magazine – Vol.1, Issue.3 – Download

  1. ဒေါင်းလုပ်ဆွဲသွားပြီဗျာ။ ကျောင်းပြန်တာနဲ့ ရောက်ရောက်ချင်း ဖတ်ဖြစ်မှာပဲ။ ခုတော့ မဖတ်ရသေးပေမယ့် ဝမ်းသာကြောင်း ပြောချင်လွန်းလို့ ပြောသွားတာဗျာ။ အားလုံးသေချာဖတ်ပီးမှ ထပ်လာခဲ့တော့မယ်။

  2. ကျွန်တော်လဲဒေါင်းလုပ်အရင်ဆွဲသွားတယ်ဗျို့။ ကျွန်တော်လဲသေချာဖတ်ပြီး ထပ်လာခဲ့ပါမယ်။

  3. ဦးဦးဖျားဖျား ဒေါင်းလော့ဆွဲသွားတယ်ဗျို့ 🙂🙂
    စာမူတွေရော၊ အပြင်အဆင်တွေပါ အစစ အရာရာသေသပ်ကောင်းမွန်လှတဲ့ မဂ္ဂဇင်းတစ်စောင်ကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်လက်ဖန်တီးနိုင်ကြပါစေ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ..🙂🙂

  4. ကျွန်တော်လည်း Download လုပ်သွားတယ်…။ အခုလို တန်ဖိုးရှိတဲ့(အထူးသဖြင့် ပြည်ပရောက်နေသူတွေ အတွက် ပို တန်ဖိုးရှိတဲ့) မဂ္ဂဇင်း တစ်စောင်ကို ဖန်တီးနိုင်တဲ့အတွက် တာဝန်ယူ ဖန်တီးပေးတဲ့ အယ်ဒီတာအဖွဲ့ကိုရော ပါဝင် ရေးသားကြတဲ့ အနုပညာရှင်တွေကိုရော အရမ်းကို ကျေးဇူးတင် လေးစားမိပါတယ်…။ တက်သစ်စ ကလောင်ရှင်တွေ လွတ်လပ်စွာ လက်သွေးလို့ ရတာပေါ့ အစ်ကိုရာ…။ ကျွန်တော်တို့လည်း တစ်ချိန် ဒီမဂ္ဂဇင်းမှာ ပါ ၀င်နိုင်တဲ့ အဆင့်အတန်းမျိုး ရှိအောင် ကြိုးစားပါအုံးမယ်…။

    လေးစားစွာဖြင့်
    BLACK DREAM

  5. ဒေါင်းလုဒ် ဆွဲသွားပြီဗျာ. တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုကောင်းလာတဲ့ ဆောင်းပါးတွေ၊ ကဗျာတွေ၊ အပြင်အဆင်တွေနဲ့ အတူ ဖွဲ့တည်ရာမဂ္ဂဇင်း ဒီ့ထက် ပိုမို ခိုင်မြဲတိုးတက် အောင်မြင်ပါစေကြောင်း ဆုတောင်းပေးသွား ပါတယ်ဗျို့..

  6. Connection အဆင်မပြေပေမဲ့ ဒေါင်းလုပ်ရအောင်ဆွဲသွားပါသည်။ အေးဆေးအချိန်ယူဖတ်ပြီးမှ Comment လာပေးပါမည်။

  7. ယူသွားပြီး မခေါ်ပေမယ့် အစောကြီးထဲက စောင့်နေတာ 🙂 အပြင်ဆင်ကော အရေးသားတွေကော ကြိုက်တယ် အားပေးနေပါတယ်ဗျာ ဖွဲ့ တည်ရာ အမြဲအောင်မြင်ပါစေ။

  8. ယူဖတ်သွားပါတယ်။
    လာအသိပေးတာ ကျေးဇူးပါ။
    အခက်အခဲတွေကြားက ကြိုးစားမှုကို ဂုဏ်ပြုပါတယ်။
    ဖွဲ့တည်ရာ ခိုင်မြဲပါစေ။🙂

  9. ကိုဟန်သစ် ပြောလို့လာဖတ်တာပါခင်ဗျာ
    မနေ့ကတည်းကdownloadဆွဲထားတာ အခုစာတွေဖတ်နေ
    ပါတယ်။အားလုံးစုံအောင်လိုက်ဖတ်လိုက်အုံးမယ်ဗျာ။
    ဖွဲ့တည်ရာအဖွဲ့သားတွေအားလုံးကိုယ်စိတ်နှစ်ဖြာချမ်းသာကြ
    ပါစေဗျာ

  10. Congratulations!!! Existenceကြီးကို အမြဲအားပေးပါတယ်ဆိုပြီး နောက်ဆုံးမှရောက်လာလို့ ရှက်မိပါတယ် …

    နာဂစ်ကတော့ ဘယ်အချိန်ဖတ်ဖတ်ကြေကွဲစရာဖြစ်နေတုန်းပါပဲ

    ကိုငြိမ်းဇေဦးကဗျာရယ် ချင်းမိုင်ရယ်နဲ့ မုတ်သုန်ရဲ့ ဆောင်းပါးတွေအရင်ဖတ်သွားပါတယ် ကျန်တာတွေဖတ်ပြီး စာပို့လိုက်မယ်

    အဓွန့်ရှည်ပါစေ။

  11. ဖွဲ့တည်ရာ အမှတ် ၁၊ ၂၊၃ တွဲလုံးအတွက် ဖွဲ့တည်ရာ အဖွဲ့သားများအားလုံးရဲ့ အားထုတ်မှုကို အထူးပဲ အသိအမှတ်ပြုမိပါတယ်။ ၃တွဲလုံးမှာ အခန်းဆက်ဖြစ်တဲ့ ချင်းမိုင် ဒိုင်ယာရီကို အတော်လေး ကြိုက်ပါတယ်။
    အတွဲ ၃ မှာပါတဲ့ Butox မြို့လေးထဲက ဘ၀ အမှတ်တရ ကစားပွဲများလဲ တော်တော်လေးကောင်းပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အခြား ခရီးသွားပုံစံ စာမျိုးလေးတွေဖတ်ချင်ပါတယ်။ ပြီးတော့ သရော်စာ လေးတွေ လဲပါစေချင်ပါတယ်။ အမှတ် ၃ မှာ နာဂစ်နဲ့ ပါက်သက်တာလေးတွေ စုစည်းတင်ပြပေးထားတဲ့ အတွက်လဲ ကျေဇူးပါ။ အမှတ် ၄ မှာ နာဂစ် မုန်တိုင်းဒဏ်ခံ ဒုတ်ခသည်များ ပြန်လည်ထူထောင်ရေး အတွက် ကျိုးပမ်းနေကြတဲ့ ပုဂ်ဂလိက အဖွဲ့လေးတွေ ရဲ့အကြောင်းနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုလေးတွေ လဲဖတ်ချင်ပါကြောင်း….
    ဖွဲ့တည်ရာ အောင်မြင်သထက် အောင်မြင်ပါစေဗျား….

  12. Download ယူသွားပါပြီ ခင်ဗျာ။ မအားမလပ်တဲ့ကြားက အချိန်ပေး လုပ်ဆောင်သွားတာကို ကျေးဇူးတင်ပါတယ်။

  13. အကြိုက်ဆုံးကို ဖော်ပြရရင် သေလူရဲ့ နိုးထခြင်းပါ။ တစ်ကယ်ကို ကြိုက်ပါတယ်။ တစ်ချို့ ၀တုလေးတွေ အတော်ကြီး ကောင်းပေမယ့် အသေ အချာ စိမ်ပြေနပြေ ဖတ်ဖို့ရာ ဒီလ စိတ်အာရုံ မလန်းခဲ့ပါဘူး။ နောက်ပြီး ကြေကွဲလွမ်းဆွတ်မှုရဲ့ အမှတ်တရ ..တစ်ချို့စာသားလေးတွေ ကြိုက်ပါတယ်။ လူသစ်ပင်လည်း စိတ်ဝင်စားစရာပါပဲ။ ကိုကောင်းမြတ်ကျော်စွာရဲ့ ငမိုးရိပ် ချောင်း ကြိုက်ပါတယ်။ လင်းပြာနွေ ကဗျာအရေး ကောင်းတယ်နော်။ လူသစ်ပင် စိတ်ဝင်စားပါတယ်။ ဒီတစ်ပတ် ထည့်ထားတဲ့ ကာတွန်းတွေ စိတ်ဝင်စား တယ်။ ပန်းချီအကြောင်းထည့်ထားတာ ကျေးဇူး တင်ပါတယ်။ ဒီထက် များများ တင်နိုင်ပါစေလို့ မျှော်လင့်တယ်။ အခုကျ တစ်ဝက်တစ်ပျက် ရေသောက်လိုက်ရသလိုပဲ။ လောလောဆယ်တော့ ဖွဲ့တည်ရာ မဂဇင်းမှာ ကြေညာထည့်ဖို့ စိတ်ဝင်စားနေတယ်..ဟိဟိ

  14. Pingback: Honors to Ko Zaw Wan « Chiang Mai University Myanmar Students

  15. အမြဲလာလည်ဖြစ်ပါတယ်။ အပြင်အဆင် အဖွဲ့ နေရာထားသိုမှု ပြောစရာမရှိပေမယ့် ကိုယ့်နာမည်ကို ကိုယ်ကြေငြာသလိုဖြစ်နေသလိုပဲနော်။

  16. ဒီတစ်လထုတ်မှာ အချိန်မရတာရယ်၊ အယ်ဒီတာအဖွဲ့ရဲ့ အချိတ်အဆက်မမိမှုရယ်ကြောင့် အမှားအယွင်းတချို့ ပါရှိသွားတဲ့ အတွက် ပထမဦးစွာ တောင်းပန်ပါတယ်။

    ကိုမင်းကျန်စစ်ခင်ဗျား
    ဦးဦးဖျားဖျား လာလည်တာကို အထူးကျေးဇူးတင်ပါတယ်။ သေချာဖတ်ပြီးတဲ့အခါ မှတ်ချက်တွေ ရဖို့ မျှော်လင့်ပါတယ်။ နောက်ထပ်စာမူများလည်း ချီးမြှင့်ပါဦး။

    ညမီးအိမ်ခင်ဗျား
    တကူးတက လာတာ ကျေးဇူးပါ။ အားရင် မှတ်ချက်များ ပေးပါဦးခင်ဗျာ။

    ကိုညိမ်းညိုခင်ဗျား
    ပို့လိုက်တဲ့ ကဗျာ လက်ခံရရှိပါတယ်။ အခုတ်တရ လာဖတ်တာ ကျေးဇူးပါ။

    Black Dream ခင်ဗျား
    ဒီမဂ္ဂဇင်းက Free Copy ပါ။ ကလောင် အသစ်အဟောင်းရယ် ခွဲခြားမှု မရှိပါဘူးခင်ဗျာ။ ရေးပို့ပြီဆိုကတည်းက ရေးနိုင်တဲ့လက်အဖြစ် အနုပညာမြောက်ကြတာမို့ ကျနော်တို့က ပေးပို့လာတာကို ကြိုဆိုလျက်ပါ။

    မှော်ဆရာခင်ဗျား
    လာဖတ်တာကျေးဇူးပါ။ နည်းပညာကဏ္ဍအတွက် ရေးပို့မယ်ဆိုလည်း ကြိုဆိုမှာ ဖြစ်ကြောင်း။ ဟိုတလောက အတွေးအခေါ်ဆောင်းပါးမျိုးတွေလည်း ရေးပါဦးလို့ တိုက်တွန်းပါရစေ။

    သဲနှင်းအိမ်ခင်ဗျား
    အမြဲတမ်းပရိတ်သတ်အဖြစ် အားပေးနေတာ ကျေးဇူးပါ။ စာတွေချည်း ဖတ်မနေဘဲ ရေးပါဦးလို့ တိုက်တွန်း ပါရစေ။

    ပင့်ဂိုးလ်ခင်ဗျား
    စိတ်ရှည်လက်ရှည် ရှိတဲ့အတွက် ကျေးဇူးပါ။ စာမူတွေ ထပ်မျှော်လင့်နေပါမယ်။

    မောင်မျိုးခင်ဗျား
    ပို့ထားတဲ့ ကဗျာတွေ ရပါတယ်။ ကောင်းပါတယ်။ အားပေးတာ ကျေးဇူးပါ။

    ရွှန်းမီခင်ဗျား
    လာရောက်အားပေးတာ ကျေးဇူးပါ။

    NYK ခင်ဗျား
    ရှေ့စာစောင်တွေမှာလည်း စာကောင်းလေးတွေ တွေ့နိုင်ကြောင်း လက်တို့ပါရစေ။

    မဟန်နီခင်ဗျား
    အမြဲအားပေးနေတာ ကျေးဇူပါ။ နောက်ကျမှ သိရတာလည်း ကျနော်တို့ရဲ့ အင်ဖော်မေးရှင်း ပေးမှု အားနည်းချက်ကြောင့်ပါ။ ကျေးဇူးပါ။

    ကြယ်စင်မင်းချင်ဗျား
    လာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်။

    လပြည့်ခင်ဗျား
    အဟောင်းတွေ ပြန်မွှေဖတ်သွားတာ ကျေးဇူးပါ။ Current ဖြစ်တာလေးတွေကို ဖော်ပြဖို့ အမြဲကြိုးစားနေပါတယ်။ ဖော်ပြပေးဖို့ အစီအစဉ်ရှိကြောင်း ပြောပါရစေ။

    July Dream ခင်ဗျား
    တင်ထားစ ပို့စ်လေးတွေကို နောက်လထုတ်အတွက် အာရုံကျလျက်ရှိကြောင်းနဲ့ အသစ်ရေးပေးမယ်ဆိုလည်း အတိုင်းမသိ ၀မ်းမြောက်မှာ ဖြစ်ကြောင်း ရေလာမြောင်းပေးလုပ်လိုက်ပါတယ်။

    Katty ခင်ဗျား
    လူသစ်ပင် လက်ရာရှင်ကလည်း နောက်လတွေအတွက် ရေးပေးမှာဖြစ်ကြောင်း စကားဦးသန်းလိုက်ပါတယ်။ ကြော်ညာထည့်ချင်ရင် ဆက်သွယ်လိုက်ပါခင်ဗျာ။ ကျနော်တို့ရဲ့ အခမဲ့ကြော်ညာပေါ်လစီကို မဂ္ဂဇင်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    မနောဖြူခင်ဗျား
    စာမူရေးသားပေးပို့တာ ကျေးဇူးပါပဲ။ `ကိုယ့်နာမည်ကိုယ် ကြေငြာသလို´ဆိုတဲ့မှတ်ချက်ကိုတော့ ကျတော်တို့ အယ်ဒီတာနဲ့ စီစဉ်သူများက နားမလည် ဖြစ်နေရပါတယ်။

    လာရောက်ဖတ်ရှုသူ၊ Download ဆွဲသူ၊ မှတ်ချက်ပေးသူများကို ကျေးဇူးတင်လျက်…

    အယ်ဒီတာအဖွဲ့
    ဖွဲ့တည်ရာ မဂ္ဂဇင်း

  17. ထွက်သမျှအကုန်လုံးကို down ထားပါတယ်။
    နောက်မှမှတ်ချက်ပေးပါ့မယ်။😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s