ကိုဇော်တူးသို့ အမှတ်တရ


ကျနော် သင်ကာနဲ့ ဟန်သစ်ငြိမ်၊ မောင်အန့်တို့ ရဲ့ ပို့စ်တွေ၊ ကော်မန့်တွေ၊ ၀တ္တု ဆောင်းပါး ဇာတ်လမ်းတွေမှာ အမြဲလိုလို ဇာတ်ကောင်ဖြစ်ခဲ့တဲ့၊ `ကိုဇော်တူး´လို့ ကျနော်တို့ မကြာကြာညွှန်းလေ့ရှိတဲ့၊ အပေါင်းအသင်းတွေအပေါ် အလွန် အနွံအတာခံတဲ့၊ Cheer မှာ စားပွဲပိုင် နာမည်ပေါက်တဲ့အထိ မငြင်းတမ်းသောက်ခဲ့တဲ့၊ အကိုကြီးသဖွယ်လည်း ခင်ရတဲ့ ကျွန်ုပ်တို့၏ ကိုဇော်တူးကြီးတစ်ယောက် ဘွဲ့လွန်ပညာသင်ယူမှုပြီးဆုံးလို့ ဒီညနေပဲ အမိမြန်မာပြည်ကို ပြန်လည်ထွက်ခွာသွားပါပြီ။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး မဟာသိပ္ပံဘွဲ့ကို ထိုက်ထိုက်တန်တန်ရရှိသွားတဲ့ ကိုဇော်တူုးအတွက် ဂုဏ်ယူကြောင်းနဲ့ အနီးကပ် အပေါင်းအသင်းတစ်ယောက် ဝေးကွာသွားခြင်းအတွက် ၀မ်းနည်းကြောင်း ကိုဇော်တူးအတွက် အမှတ်တရပို့စ်လေး ရေးတင်လိုက်ပါတယ်။

တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကျရာနေရာက ကြိုးပမ်းနိုင်ပါစေ…

မကြာခင် Ph.D အတွက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ…

အမှတ်တရရှိစွာဖြင့်

သင်ကာ

Advertisements

Leave a comment

Filed under Announcement

Comments are closed.