စာကြည့်တိုက် မဖြစ်လိုက်ရတဲ့ နံရိုးပြိုင်း အဆောက်အအုံကြီး

နာဂစ်အလွန် ခရီးသွားမှတ်တမ်း (၂)

နိုင်ငံတစ်ခုမှာ တကယ်ရှိသင့်တဲ့၊ ဖွံဖြိုးသင့်တဲ့ အမျိုးသားစာကြည့်တိုက်မျိုးဟာ မြန်မာပြည်မှာတော့ နေရာမရရှာပါဘူး။ အရင် ကျိုက္ကဆံသင်္ချိုင်းမှာ တည်ဖို့လုပ်ထားတဲ့ အမျိုးသားစာကြည့်တိုက်ကြီးဟာ ပြီးနိုင်တယ် မရှိပါဘူး။ နိုင်ငံတော်ဆိုတဲ့ လူကြီးတွေကလည်း စိတ်ဝင်စားပုံမရပါဘူး။ ဒီကြားတဲ့ အမျိုးသားစာကြည့်တိုက်ကြီး နေပြည်တော် သယ်မယ်ဆိုလို့ စာရေးဆရာတွေအကြား ပွက်လောရိုက်ရပါသေးတယ်။ မှတ်မှတ်ရရ ဆရာအောင်သင်းက မိတ္တူပွားပြီး ရန်ကုန်မှာထားဖို့ ဆောင်းပါရေးတာ မှတ်မိပါသေးတယ်။

စာကြည့်တိုက် အဆောက်အအုံကြီးဟာ ရှေ့မျက်နှာစာတင် အလှလုပ်ထားတာ ဖြစ်ပြီး ဘေး၊ အနောက်နဲ့ အပေါ်ထပ်တွေက ပြီးသေးတာ မဟုတ်ပါဘူး။ အဲဒီစာကြည့်တိုက် နေရာနဲ့ အဆောက်အအုံကို လေလံတင်ခဲ့တာ မှတ်မိကြဦးမလားပဲ။

နာဂစ်အပြီးမှာတော့ မပြီးသေးရတဲ့ အထဲ မှန်တွေကွဲထွက်နေတဲ့ အမျိုးသားစာကြည့်တိုက် အဆောက်အအုံကြီးဟာ လူနာကြီးနဲ့တူပါတယ်။ ၀ါးငြမ်းတွေက နံရိုးတွေနဲ့တူပြီး ရှေ့က ကွုထွက်နေတဲ့ မှန်တွေဟာ လူနာကို သနပ်ခါးလိမ်းထားသလိုပါပဲ။ ဒါဟာ မြန်မာပြည်ရဲ့ ယနေ့ ပညာရေး၊ ဥာဏ်ရည်တိုးတက်ရေးဟာ အနုတ်လက္ခဏာ ပြနေတဲ့ သရုပ်ပဲလို့ ခံစားမိပါတယ်။

သင်ကာ

၁၉ မေ၊ ၂၀၀၈

Advertisements

Leave a comment

Filed under Experience

0 responses to “စာကြည့်တိုက် မဖြစ်လိုက်ရတဲ့ နံရိုးပြိုင်း အဆောက်အအုံကြီး

  1. ပုံကြည့်ပြီး လေတယ်ဗျာ။

  2. ကျွန်တော် အဲဒီ အဆောက်အအုံကြီးကြည့်နေတာ ကြာပြီ အကိုရေ ကျွန်တော် ငယ်ငယ်ကတည်းကပဲ တလောက ရောင်းမယ်ဆိုပြီး ဒေါ်လာတွေ စွတ်အော်နေတာ သတင်းစာထဲတွေ့လိုက်သေးတယ်။

  3. ဒီစာကြည့်တိုက်ကြီးက တာဝန်ခံစစ်ဗိုလ်တွေ အစားများလိုမပြီးသေးတာဗျို့  ကိုယ်တွေ့ ဗျ၊ စစ်သားတွေအတွက် ဘဏ္ဍာရှာတဲ့ နေရာလေ ဘယ်တော့မှ ပြီးမှာမဟုတ်ပါ၊ ဒီလိုစီမံကိန်းတွေ လံကြုတ်လုပ်ပြီးရိုက်စားလုပ်နေကြတာ အတွင်းကလူတွေပဲသိပါတယ်၊
    ဒီစီမံကိန်းမှာ ပါခဲ့တဲ့ ဝေစုနည်းနည်းသာရခဲ့ဘူးတဲ့ တစ်ယောက်ဆီကသတင်းရတာဗျို့  ၊
    အံချီးမကုန်နိုင်အောင်ပါပဲဗျို့  ကရုဏာသာပွားပေရော့၊

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s