ဒုက္ခသည် ကူညီရေးလက်စွဲ

ဒုက္ခသည် ကူညီရေးလက်စွဲ

( http://www.countrybuilders.blogspot.com/ မှ)

ကျွန်တော်တို့ရင်ထဲ မှာ မချိအောင်နာပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကိုများလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့ အခါမှာ သိသင့်တယ်လို့ထင်တဲ့ အချက်ကလေးများကို လေ့လာတင်ပြပေး လိုက်ပါတယ်ခင်ဗျာ။ တတ်အားသရွေ့ ဖြန့်ဝေ ပေးကြပါခင်ဗျား။

သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံး လိုအပ်တဲ့အချက်တွေကတော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

အမှန်တစ်ကယ် အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာအား မသွားပါနှင့်

အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများ ရေထဲထိနေခြင်း ရှိမရှိစသည်။

ရေကြီးနေသည့် အဆောက်အဦးများ အတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝ မ၀င်ပါနှင့်။

ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။

ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုး ၀င်ရောက်နိုင်ပါသည်။

ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်း ကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။

တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝ အသုံးမပြုပါနှင့်။

ခြံစည်းရိုးအစရှိသည် နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။

အစားအသောက် ပေးလှူလိုသည်ဆိုလျင် အောက်ပါအချက်များအား စဉ်းစားပါ

ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန် မလိုသော အစားအသောက်များ

လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ

ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ

ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ

ဥပမာပေးထားသည့် အစားအစာများမှာ

စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသောအစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွပ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစား ထိုးဆေးပြားများကိုလည်း ပေးပို့နိုင်ပါသည်။

ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။

စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများအား ချေဖျက်ရန် ရေဓာတ်များစွာလိုအပ်ပါသည်။

ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)

အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။

အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။

နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။

အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။

အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။

ကွတ်ကီးနှင့် ဘီစကစ် အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တ်ထပ် ဗူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။

ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက် စားသုံးနိုင်သည့် အစားအစာများအား လေလုံဗူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။

ရေ ရေ ရေ

လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ ၁ ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။

ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး ၃ ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။

ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာ မွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။

ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ

ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။

အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး

ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)

ကလိုရင်း ဆေးရည်

ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်

အိမ်သာသုံးစက္ကူ

အိမ်သာဘယ်လိုဆောက်မလဲ

ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။

အိမ်သာအိုဲး သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။

အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန် အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန်သတိပြုပါ။

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများ ရှာဖွေရန်လိုအပ်ပါသည်။

ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ

အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း

အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း

ရေပတ်တိုက်ခြင်း

အိမ်သာသုံးနှင့် ကိုယ်သန့်စင်သည့် စက္ကူများ အသုံးပြု သန့်စင်ခြင်း

မျက်နှာလိမ်းသည့် ကရင်မ်များ၊ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း

စပရေးဘူးများအတွင်းသို့ ရေထည့်ကာ ပက်ဖြန်း ရေချိုးခြင်းတို့ဖြစ်သည်။

Advertisements

Leave a comment

Filed under Announcement, Knowledge, Sharing

0 responses to “ဒုက္ခသည် ကူညီရေးလက်စွဲ

  1. ကျနော်တို့ မှာရှိတဲ့ အာဏာရူးတွေက လူမဟုတ်လို့ ဒါတွေ မဖတ်တတ်ဘူး

  2. ဒီပို့စ်သိပ်ကောင်းတယ်ဗျို့။ ဒီဟာလေးတွေ.. လူတွေ များများသိရင်ကောင်းမယ်ဗျ။

  3. ဒါလေးကူးသွားတယ်..ကိုသင့်..။

  4. အကိုရေဖြန့်ဝေဖို့ လာယူသွားပါတယ်။ ကျေးဇူးအထူးတင်ပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s