မုန်တိုင်းပြီးတဲ့နောက်

မုန်တိုင်းပြီးတဲ့နောက်

(မင်းထက်ဘုန်းမြတ်၏ ပို့စ်ကို ခွင့်ပြုချက်ယူ၍ ပြန်လည်ဖော်ပြပါသည်။)

ပြီးခဲ့တဲ့မေလ (၂) ရက်နေ့ညက စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေမှာတော့ ရန်ကုန်မြို့တော်ကြီးမှာရှိသမျှ သစ်ပင်တွေပြိုလဲနေတာကို ကျွန်တော် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်။ အစပိုင်းမှာတုန်းကတော့ ကျွန်တော်ဟာ လေမုန်တိုင်းကို ဒီလောက်အထိ ရိုင်းစိုင်းလိမ့်မယ်လို့ မတွေးထင်ခဲ့မိဘူး။ အခုတော့ ကြည့်ပါဦး။ ကျွန်တော်လျှောက်လှမ်းလာတဲ့ လှည်းတန်းလမ်းမကြီးတစ်လျှောက်မှာ ပြိုလဲနေတဲ့ သစ်ပင်ကြီးတွေဟာ လမ်းသွားလို့မရအောင်တောင် ရှိနေတော့တယ်။

ဒီအချိန်အထိ ကျွန်တော့်မှာ မျှော်လင့်ချက်တွေက အများကြီးရှိခဲ့ပါတယ်။ သြော်ဒီနေရာက သစ်ပင်တွေလောက်ပဲဖြစ်တာနေမှာပါပေါ့”။ ဒီလိုနဲ့ ကျွန်တော်လျှောက်လှမ်းလာတဲ့ လမ်းတစ်လျှောက်မှာ ကြဲပြန့်နေတဲ့ သွပ်မိုးတွေ၊ စားသောက်စရာကို အလုအယက်ပြေးပြီး ၀ယ်ယူနေကြတဲ့ လူတွေဟာ အများအပြားပေါ့။ ကျွန်တော်ဟာလည်း ဒီကြားထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

ဒီလိုနဲ့ ကျွန်တော်လှည်းတန်းလမ်ုးံကို ရောက်သွားခဲ့တယ်။ အရင်ကဆိုရင် ကြော်ငြာဆိုင်းဘုတ်မျိုးစုံနဲ့ ရှုပ်ပွနေတဲ့ ကောင်းကင်ပြင်ကြီးတစ်ခုလုံးဟာ ရှင်းလင်းနေတာ ကျွန်တော်တွေ့ရတယ်။ ကျွန်တော့်င်ထဲမှာတော့ ဒီလောက်ပဲဖြစ်ပါစေဆိုတဲ့ အတွေးဟာ အပြည့်အနက်နောယျူက်ပါ။ ဒီလိုနဲ့ ဘယ်လိုမှ အလုပ်မလုပ်နိုင်တော့တဲ့ လှည်တန်းမီးပွိုင့်ကို ကျွန်တော်ောက်သွားခဲ့တယ်။ ညက မုန်တိုင်းဒဏ်ကို အပြည့်အ၀ခံစားလိုက်ရတဲ့ သူတွေအနေနဲ့ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်ဖို့အတွက် လှည်းတန်းကို အလုံးအရင်းနဲ့ထွက်ခဲ့ကြတယ်။ တချို့ကတော့ ကျွန်တော့်လို အခြေအနေကို ကြည့်ချင်တဲ့စိတ်နဲ့လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော်ခြေချခဲ့ဘူးတဲ့တစ်ချိန်က ကျွန်တော်တက်ရောက်ခဲ့ဘူးတဲ့ မြကျွန်းညိုညို ကွန်းခိုရာတကသိုလ်နယ်မြေဆိုတာကို ကျွန်တော် လှမ်းမျှော်ကြည့်လိုက်မိပါတယ်။ တစ်ချိန်က နေဘယ်လောက်ပဲပူပူ လမ်းလျှောက်သွားရင် နေရောင်မထိတဲ့ တကသိုလ်ရိပ်သာ လမ်းဆိုတာကြီးဟာ တောနက်ကြီးဖြစ်နေတာ တွေရတယ်။ အရင်က ကျွန်တော်တို့ လျှောက်ခဲ့ဘူးတဲ့ လမ်းမကြီး တစ်ခုလုံး ဒီလိုဖြစ်သွား လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးထင်ထားခဲ့မိပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီအခြေအနေကြီးကို မြင်တွေ့ခွင့်ရလိုက်ရပါပြီ။

ဒီနေရာမှာတောင် ဒီလောက်ဆိုးတာ အခြား ဆင်ခြေုံးရပ်ကွက်တွေဆို ဘယ်လိုနေမလဲဆိုတဲ့ အတွေးဟာ ကျွန်တော့်အတွေးတွေကို လွှမ်းမိုးလျက် ကျွန်တော့်စိတ်ကလည်း အပြေးသွားချင်ခဲ့မိတယ်။ ဒါကြောင့် ပထမဆုံးကျွန်တော်တွေ့လိုက်ရတဲ့ အငှားယာဉ်တစ်စင်ကို တားဖို့ ကြိုးစားခဲ့တယ်။ သူကျွန်တော့်ကို လက်ခါပြပြီး ဆက်မောင်းသွားခဲ့တယ်။ မိနစ်အနည်းငယ်လောက် ကြာတဲ့အခါမှာတော့ ပဲခူးကလာတဲ့ ခရီးသည်တင်ကားလို့ထင်ရတဲ့ ကားတစ်စီးကို ကျွန်တော်တားလိုက်မိတယ်။ လိုက်လို့ရမလားပေါ့။ ကျွန်တော့် အိကပ်ထဲမှာပါလာတဲ့ ငွေကြေးအနည်းငယ်နဲ့ဆို ရန်ကုန်မြို့ကို ပတ်လို့ရမယ်လို့ ကျွန်တော်ထင်ထားခဲ့မိတာကို

ဘယ်လိုက်မလဲဆူးလေကို တစ်ယောက်နှစ်ထောင်´´ လို့ ယာဉ်နောက်လိုက်ရဲ့ စကားသံကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော် ဆက်မတွေးရဲတော့ပေ။ စိတ်ကို လျောချလိုက်ရင် အင်စိန်လမ်းဘက်ကို ကျွန်တော်ပြန်လာခဲ့တယ်။ လမ်းဘေးမှာလဲကျနဲ့ ဆက်သွယ်ရေးဖုန်းဆိုင်လေးရဲ့ မှန်ကွဲစတွေဟာ ကျဲပြန့်လျှက်…၊ ကလေးငယ်တစ်ဦးဟာ ရေဗူးလေးတစ်ဗူးကို ကိုင်လျက် မိခင်ကို ရေပူာလို့နေပါတယ်။ မိခင်မှာတော့ ရေငတ်မွတ်နေရှာတဲ့ သားငယ်ရဲ့ စိတ်ဆနကို မဖြေရှင်းပေးနိုင်တဲ့အတွက် စိတ်ထိခိုက်နေတဲ့ပုံရပေမယ့် ပူာနေတဲ့ ကလေးကို တစ်ဖုန်းဖုန်းမည်အောင် ရိုက်နက်နေတာကို ကျွန်တော် စိတ်မကောင်းစွာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့လူမျိုးတွေရဲ့ နေစဉ်ကြုံတွေ့နေရတဲ့ ဒုက္ခိတဘ၀ကို ပျားတုတ်လိုက်တာပဲလို့တောင် ကျွန်တော်တွေးခဲ့မိပါတယ်။

လှည်းတန်းလမ်းအတိုင်းကို ပြန်ဆင်းလာရင် လှည်တန်းကုန်းပေါ်မှာ လည်းကျနေတဲ့ သစ်ပင်တွေကို ကျော်ခွကာ ကျွန်တော် ဆင်မလိုက် ဈေးဘက်ကို ရောက်သွားခဲ့တယ်။ ဆင်မလိုက်ဈေးမှာလည်း သူအပေါ်ကို လဲပြိုကျလာတဲ့ သစ်ပင်ကြီးတွေရဲ့ ဒဏ်ကိုခံလိုက်ရတာမို့ နေ့လည် သုံးနာရီကျော်သွားပေမယ့် ဈေးဟာ မလှုပ်ရှားနိုင်တော့ပါဘူး။ အတွေးထဲမှာလည်း ဘုရင်နောင်ဘက်ကလာတဲ့ ကားတွေ ရှိနိုင်တဲ့ဆိုတဲ့ အတွေးဟာ လွှမ်းမိုးလာခဲ့ပြန်ပါတယ်။ လမ်းတစ်လျှောက်လုံးမှာတော့ ဓာတ်တိုင်တွေကြိုးကျနေတာတွေ ကားတွေ သစ်ပင်ပိနေတာတွေကို ကျွန်တော် ရင်သတ်ရှုမောစွာနဲ့ လိုက်ကြည့်နေသလို ကျွန်တော့်အတွေးအာရုံများအတွင်းမှာတော့ ငါတို့ ဘယ်လို ဆက်လုပ်ကြမလဲဆိုတဲ့ အတွေးဟာလည်း လွှမ်းမိုးလျှက်ပါ။

ဒီကနေ ကျွန်တော် ဟံသာဝတီအရိုးကုဆေးရုံဘက်ကို ကိုယ့်ခြေထောက်ကိုအားကိုးပြီး လျှောက်သွားခဲ့တယ်။ ဒီမှာလည်း အရိုးကုဆေးရုံ ကြီးတစ်ခုလုံး မွစာကြဲပျက်ဆီးနေတာကို တွေ့ခဲ့ရတယ်။ ဟံသာဝတီဘတာအနီးမှာတော့ မီးရထားလမ်းတစ်လျှောက် စိုက်ပျိုးထားတဲ့ အပင်တွေဟာ လဲကျလျှက်ရှိနေသလို အဲ့ဒီနားက စီအန်ဂျီဓာတ်ငွေပေးတဲ့ ခွဲရုံမှာလည်း သစ်ပင်တွေအောက်မှာ ပြားပြားဝတ်လျှက်ရှိလို့ နေနေပါတယ်။ ဟံသာဝတီကားပွဲစားတန်းရယ်လို့ နာမည်ကြီးတဲ့ ကားဝိုင်းကိုရောက်တဲ့အခါမှာတော့ ကျွန်တော်တို့လို လူသုံးလေးယောက်လောက် ဖက်စာရှိတဲ့ ကုက္ကိုပင်ကြီးတွေ အတုန်းရုန်းနဲ့ ရပ်နားထားတဲ့ ကားကြီး ကားငယ်တွေအပေါ် မိုးမိနေတာကိုတွေ့ခဲ့ရပါတယ်။ ဒီထောင့်နားက ဟံသာဝတီရဲဝန်းမှာတော့ အမိုးဆိုလို မရှိလောက်အောင် အဆောက်အအုံတွေဟာ ပျက်ဆီးနေတာကို တွေခဲ့ရတယ်။ မူးယစ်ဆေးဝါးပြတိုက်နားကို ရောက်တော့လည်း မူးယစ်ဆေးဝါးပြတိုက်ကြီးဟာ အမိုးမရှိတော့လောက်အောင် ဖြစ်သွားခဲ့ပြီဟံသာဝတီအ၀ိုင်းမှာတော့ အ၀ိုင်းအလည်မှာရှိနေတဲ့ ဆွမ်းအုပ်ကြီးဟာ လကျလျှက် အနီးအနားမှာရှိတဲ့ ကြော်ငြာဘုတ်တွေဆိုတာ မြင်မကောင်းဖြစ်နေပါတော့တယ်။ ရုပ်သံလွှင်အစီအစဉ်တွေကို မထုတ်လွှင့်နိုင်အောင်ရှိနေတဲ့ မြန်မာ့ရုပ်မြင်သံကြားတစ်ဝင်းလုံး မွစာကြဲနေပြီး အောက်မှာချထားတဲ့ ဂြိုလ်တုစလောင်းတွေဟာ မှောက်ခုံတွေဖြစ်နေပါပြီ။ အမိုးတွေအားလုံးမှာလည်း မရှိတော့လောက်အောင်ပါပဲ။ ကဲ ကျွန်တော်တို့တို့ ဘက်လိုဆက်လုပ်ကြမလဲ။

ရပ်ကွက်အတွင်းမှာရှိတဲ့ လုပ်သားပြည်သူတစ်ချို့ကတော့ သူတို့မှာ ရှိနေတဲ့ လွှ၊ ပုဆိန်နဲ့ ဓားတွေကို ဆွဲကိုင်ရင် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပွင့်သွားအောင် အားကြိုးမာန်တက် ခုတ်ဖြတ်ပေးကြလို့ ညနေ လေးနာရီလောက်မှာ ပြည်လမ်း ပြန်ပွင့်သွားခဲ့ပြီး ဆက်သွယ်ရေးတွေ နည်းနည်းပြန်ကောင်းသွားခဲ့တယ်။ ဒီအချိန်ထိတော့ အစိုးရဟာ ဘာသတင်းမှ မကြေညာ ဘာမှလည်းမလုပ်ဲ အချိန်အတော်ကြာအောင် နေနေခဲ့တာပေါ့။ ရပ်ကွက်ရယကတွေနဲ့ ရပ်မိရပ်ဖတွေကတော့ မုန်းတိုင်းသင့်ရပ်ကွက်သူ ရပ်ကွက်သားတွေအတွက် လေဘေးစခန်းတွေဖွင့်ပေးတယ်။ ထမင်းထ်ုတွေ လိုက်အလှူခံတာတွေလုပ်ပေးခဲ့တယ်။

လတ်တလောမှာတော့ ကုန်ဈေးနှုန်းတွေက သိသိသာသာမတက်သေးတော့ အားလုံးဟာ ၀ယ်ယူစားသောက်နိုင်ပါသေးတယ်။ ဒီတစ်ရက်ပဲလို့ ကျွန်တော် ထင်ခဲ့တာပါ။ ဒါပေမယ့် ရက်ကြာလာလေ ကုန်ဈေးနှုန်းက ကြီးလာလေလောပါ။ နောက်နေတွေရောက်တဲ့အခါမှာတော့ လေဘေးဒုကသည်တွေကို ရပ်ကွက်လူထုက ထမင်းထ်ုမလှူနိုင်တောဲ့ ကိုယ့်ဝမ်းရေးကိုကိုယ် မနည်းဖြေရှင်နေကြရပါပြီ။ ဒီအခြေအနေမှာ နိုင်ငံတကာက အကူအညီတွေပေးမယ်ဆိုတဲ့သတင်းတွေ နိုင်ငံခြားမီဒီယာတွေက ကြေညာပေးခဲ့တဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေ ပျော်ရွှင်ရပေမယ့် ဒီလိုကူညီမယ့် အကူအညီတွေအတွက် အစိုးရက လက်မခံသေးဘူးဆိုတဲ့သတင်းကို ကြားရတဲ့အခါမှာတော့ အစိုးရကို အတော်လေးကို ရွံမုန်းမိပါတယ်။ ဒီလောက်ကောက်ညစ်စင်းလဲတဲ့ အစိုးရမျိုးရဲ့အောက်မှာ အသက်ဆက်ရှင်ဖို့တာ မလွယ်ကူတော့တဲ့ အခြား ကျွန်တော်တို့လို မုန်တိုင်းသင့် ပြည်သူတွေရဲ့ ဘ၀ကို ကျွန်တော်စာနာမိတယ်။ ဒါပေမယ့်လည်း ကျွန်တော့်မှာ ကူညီနိုင်ဖို့ဆိုလို့ ကျွန်တော်တက်ထားတဲ့ စားရေးသားခြင်းပဲဖြစ်နေတယ်။ ကျွန်တော်တို့မဂဇင်းပိတ်ထားရတယ်။ မီးပျက်နေတာဘယ်လောက်ကြမယ်ဆိုတာ မသိရဘူး။ ဒီလိုအခြေအနေမျိုးမှာ မနက်ဖြန်အတွက်တောင် ထမင်းစားဖို့က အနိုင်နိုင်။ ဘယ်လိုလုပ်ရမလဲ။ အင်တာနက်မှာ ဘလော့ခ်အခုရေးနေတယ်။ တစ်နာရီကို ငါးရာ ကျွန်တော့်မှာ ပိုက်ဆံနည်းမျိုးစုံနဲ့ ရှာဖွေပြီး ကျွန်တော့်တိုင်းပြည်အတွက် လုပ်သင့်တဲ့ အလုပ်တစ်ခု လုပ်လိုက်ရတဲ့အတွက် ကျွန်တော့်မှာ ခံစားနေရတဲ့ ခံစားတစ်ချို့တော့ ပြေလျော့သွားခဲ့ရပေမယ့် ရင်ထမှာတော့ ပြည်သူတွေအတူ မျှဝေခံစားနေရတဲ့ ကျွန်တော့်ဒုက္ခဆင်းရဲတွေကတော့ ပြေလျော့သွားမှာ မဟုတ်ပါဘူး။

မင်းထက်ဘုန်းမြတ်

Advertisements

Leave a comment

Filed under Experience, Perspective, Politics, Sharing

0 responses to “မုန်တိုင်းပြီးတဲ့နောက်

  1. အခုလိုမျှဝေပေးတဲ့ အတွက် ကျေးဇူးပါ..

  2. Ko Pyae

    I very sorrow about your post.

  3. ခွင့်လွတ်ပါ ကူးသွားတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s