၎+၁=ရင်ခြစ်ကဗျာ

ကျွန်ုပ်ဘ၀ ရေးသည်
ထို့ကြောင့် ကျွန်ုပ်ရှိသည်။

ဒီလိုနဲ့
ငါမသိတဲ့ည
ငါ့မှာမရှိတဲ့ စကားလုံးတွေ
တစ်ခွက် တစ်ခွက်နဲ့
ထွက်ကျ

ဝင်္ကပါလို ကောက်ကွေ့တဲ့လမ်းတွေထဲ
တောင်တန်းတွေကို ကျောပိုးရင်းနဲ့
တိတ်တဆိတ် မြိုချခြင်းတွေ များနေပြီ။

ဆူးအောင့်တဲ့ ရင်အုပ်အောက်မှာ
ချိန်ကိုက်ဗုံးတစ်လုံးက
တစ်ချက်တစ်ချက်နဲ့

ယစ်ရီဝေမနက်မှာ
ဘ၀ကိုဇာတ်မြှုပ်လို့
တစ်ဝက် အဆုံးစီရင်လိုက်ပြီ။

အဲဒါတွေ ကန့်လန့်ကာချတဲ့နောက်
ကော်ဖီတစ်ခွက်နဲ့ သန့်စင်ပြီး
မနက်တိုင်းကို
ငါတို့
လောင်ကြွမ်းစေခဲ့တယ်။

သင်ဟန်အန့်ကြီး

(မှတ်ချက်။ ။

သင်= သင်ကာ

ဟန်=ဟန်သစ်ငြိမ်

အန့်= မောင်အန့်နှင့်

ကြီး=သခင်ကြီး)

Advertisements

Leave a comment

Filed under Art

0 responses to “၄+၁=ရင်ခြစ်ကဗျာ

  1. မိုက်တယ်အစ်ကိုရာ…။ စကားလုံးတွေ တစ်ခွက်ပြီးတစ်ခွက် ထွက်ကျနိုင်ပါစေ 🙂

  2. ခွက်နဲ့ ခြင့်တာလားဗျ … ပုံးနဲ့ ထက် ပို များများ ရတာပေါ့ 😛

  3. ကိုသီဟန် ဆီမှာလည်း ပြောပြီး သွားပြီ ဒီမှာ ထပ်ပြောအုံးမယ်… ကဗျာက အစကနေ ကောင်းလာတာ သင်ဟန်အန့်ကြီးလည်းရောက်ရော ပျက်ရော ဟီး

  4. တစ်ခွက်..တစ်ခွက်..ယစ်ရီဝေ..ကော်ဖီ..ကောင်းပါပေတယ်..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s