ဝါးတားတားများ

Vote No တဲ့။ No Vote တဲ့။ ကျနော်လည်း တတ်သိနားလည်သူများက ရေးနေကြတာကို အလျဉ်မပြတ်ဖတ်နေပါတယ်။ တချို့က ပရမ်းပတာ ဆဲစာရေးကြသည်။ တချို့ကလည်း ဆရာကြီးလေသံနှင့် တောင်ပို့မှန်းသိအောင် ဖွတ်ထွက်ပြနေကြသည်။ အကျိုးသင့် အကြောင်းဆွေးနွေးကြပါလို့ ပြောသူတွေလည်း ဒီအချိန် ဆွေးနွေးရမယ့် အချိန်မဟုတ်တော့ ဟု ပြန်ပက်ခံရသည်။ တချို့ကတော့ ဆော်ကြမည်တဲ့။ ဘယ်လို ဆော်မလဲဆိုတော့ မသိသေးဘူးတဲ့။

ကျနော်တို့ ဇဝေဇ၀ါ၊ နဝေတိန်တောင် ခေတ်ကြီးထဲမှာ ကြီးပြင်းလာကြသလိုဖြစ်နေသည်။ အပေါ်ယံတွေနဲ့ ဟုတ်မလိုလို ခေတ်ကြီးမှာ နတ်ကရာ ကျီးမော့ရင်း နိုင်ငံလည်း ငမွဲစာရင်း ၀င်သွားခဲ့ရပြီ။ အပေါင်းအသင်းတချို့ဆီ မဲလာပေးဖို့ စာရောက်နေ၍ ဂွကျနေကြသည်။ ဂွကျပုံကတော့ အမြန်ဆုံးကားနဲ့တောင် တစ်ညအိမ်ခရီးနဲ့ သွားရမယ့် သံရုံးရှိတဲ့နေရာကို ကိုယ့်စရိတ်နဲ့ကိုယ် (အနည်းဆုံး မြန်မာငွေတစ်သိန်းလောက်) အကုန်ခံပြီး မဲသွားပေးရမှာ မို့လို့ပါပဲ။ ကျနော့်ဆီတော့ ဘာစာမှရောက်မလာပါဘူး။ သံရုံးကတော့ မသိစရာအကြောင်းမရှိပါ။ တက္ကသိုလ်ကိုလည်း အကြောင်မကြားပါ။

ကျနော်ဥာဏ်မီသလောက်၊ အခုအထိ မြင်သလောက် ပြောရရင် နအဖက ချည်ပြီးတုပ်ပြီး အပိုင်ရိုက်မယ့် သဘောရှိနေပါပြီ။ သင်္ချာကို အမှတ်လေးဆယ်ထက် ပိုမရဖူးသော ကျနော့် အစွမ်းဖြင့် တွက်လျှင်ပင် Vote No ဖြစ်ဖြစ်၊ No Vote ဖြစ်ဖြစ် မိအေးကတော့ နှစ်ခါနာဖို့ရာ သေချာလျက်ပဲ ရှိပါတယ်။

ကျနော့်ဘ၀မှာ ပထမဆုံးပေးရမယ့် နိုင်ငံရေးမဲ ဖြစ်ပေမယ့် ကျနော်ကတော့ မဲသွားပေးမှာမဟုတ်ပါဘူး။ နအဖရဲ့ စီမံမှုအပေါ်မှာ ကျနော် Trust မရှိလို့ပါ။ တခြား အချက်အလက်တွေ၊ မူဝါဒတွေ၊ ၀ိဝါဒတွေ ထားလိုက်ဦး၊ လောလောဆယ်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေထဲက နိုင်ငံတကာရဲ့ စောင့်ကြည့်လေ့လာမှုဆိုတာကြီးကို ပယ်ချလိုက်ကတည်းက အကြီးအကျယ် စိတ်လည်းပျက်၊ စိတ်လည်း ကုန်ခဲ့ပါပြီ။

နိုင်ငံလည်း ချွတ်ခြုံကျနေတာ ငြင်းမရပါဘူး။ ပညာရေးမှာလည်း ယိုယွင်းခဲ့ပါပြီ။ စီးပွားရေး၊ လူမှုရေးကလည်း လက်တစ်ဆုပ်စာ လူစုလောက်ပဲ ကောင်းစားနေတာပါ။ မကြာသေးခင်က ထိုင်းကို ခိုးဝင်ဖို့ ကြိုးပမ်းရင်း မြန်မာနိုင်ငံသား ၅၄ ယောက် ရေခဲခန်းကားထဲ သေခဲ့ရတာ နမူနာကြည့်ပါ။ အသေခံ ဗုံးခွဲတာတောင် လူဒီလောက် မသေနိုင်ပါ။ လူနေမှုအဆင့်အတန်းဆိုတာလည်း ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့လို ဖွတ်ချက် နောက်တက်တွေနဲ့ ယှဉ်ရင် နောက်ကောက်ကျနေပါပြီ။ မြန်မာနိုင်ငံကို ဒီလိုပုံစံနဲ့ မြင်ကို မမြင်ချင်ပါ။ သူတို့ ဘယ်သူတက်တက် ကျနော် ဂရုမစိုက်ပါ။ နိုင်ငံနဲ့ ပြည်သူ မကောင်းစားဘူး၊ ကိုယ့်လူမျိုး မျက်နှာငယ်ရမယ်ဆိုရင် သိကြားမင်း ဆင်းအုပ်ချုပ်လည်း ကန်တော့ဆွမ်းပါ ပြောရမှာပဲ။

သိပ်မပြောချင်ဘူးဆိုပေမယ့် တော်တော်တောင် ရှည်သွားပြီ။ ကိုမွှေးရဲ့ ဆန္ဒခံယူပွဲက ထိချက် မှန်လှတာမို့ ပြန်ကူးဖော်ပြဖို့ နိဒါန်းပျိုးနေခြင်းပါ။ ကျနော်ကတော့ ဒီကဗျာကို Heart ထိ သွားပါကြောင်း…။

ဆန္ဒခံယူပွဲ

ကိုမွှေး


လူသတ်သမားဟာ ၀ိုင်းထဲဝင်လာတယ်
မောင်းကွဲတလုံးကို ကောက်ကာငင်ကာ တီးတယ်
မျက်လှည့်ပြတော့မယ်

ဖမ်းဟယ် ဆီးဟယ် နှက်ဟယ် သတ်ဟယ်
ကြီးကြီးငယ်ငယ် ရွယ်ရွယ်ပျိုပျို
ဗြုန်း ဆို တုန့်ဆိုင်း
မျက်လှည့်ဝိုင်းဘေး
ငုတ်တုတ်လေးတွေ

တချို့က
ဟဲ့ ရှူး တိုးတိုး
သူစိတ်ဆိုးမယ်
ငြိမ်ကြည့်ကွယ် တဲ့။

တချို့က
ရုတ်တရက်ထ
ပီယဆေးဝယ်

အလောင်းကတော့
ဘေးမှာ စင်းစင်း
သွေးချင်းနီတုန်း

ကိုမွှေး

Leave a comment

Filed under Experience, Politics

0 responses to “၀ါးတားတားများ

  1. ၀ါးတားတားကိုဖတ်ပြီး
    မှုန်မှိုင်းမှီုင်း ပြန်သွားရပါတယ်
    သက်ပြင်းချလို့တောင် မနိုင်တော့ပါဘူး ကိုသင်ကာရေ

  2. သဇင်

    ၁) ကျွန်တော်တို့နိုင်ငံတွင် မျက်လှည့်ဆရာများ ရှိပါသည်။
    ၂) သူတို့ လိမ်သည်၊ ညာသည်၊ လှည့်စားသည်၊ ကြီးပွားနေသည်။
    ၃) ထိုသို့လေ့လာရန် မျက်လှည့်သင်တန်းကျောင်း မရှိပါ။
    ၄) မျက်လှည့်ပညာ မသင်ပေးရပါ။
    ၅) မျက်လှည့်ပညာ လေ့လာသူများ သက်ဆိုးမရှည်ပါ။
    ၆) မျက်လှည့်စာအုပ်မထုတ်ဝေရပါ။
    ၇) မျက်လှည့်စာအုပ် ဖတ်သူများ အေးဆေးစွာ မနေရပါ။

    မည်သို့ပင်ဆိုစေ…
    သူတို့နှင့် ကျွန်တော်တို့ မျက်လှည့်ပညာပြိုင်ဖို့ အချိန်ရောက်နေပြီလား။

  3. I would vote because it’s important to put people voices. It doesn’t matter weather I trust them or not but simply carry one of my duties of being Myanmar citizen. If fact, leaders prefer no voices in democratic countries. If you have time read the book called “on the shores of the politics”. http://www.amazon.com/Shores-Politics-Radical-Thinkers/dp/1844675777/ref=sr_1_1?ie=UTF8&s=books&qid=1208693514&sr=1-1 It It’s just my humble thought. Good to see your point of views though.

    Take it easy 🙂

  4. ခင်မင်းဇော်

    အန်တီကတော့ မဲသွားပေးသင့်တယ်လို့ မြင်ပါတယ်။ သူညစ်တာ မညစ်တာ က သူ့အပိုင်းပါ။ နောက်ဆုံးဆုံးဖြတ်ဖို့ တမဲလောက်လေး လိုနေရင် ကိုယ့်မဲဟာ အဆုံးအဖြတ်ဖြစ်စေရပါမယ်။ နှမ်းတလုံးနဲ့ ဆီမဖြစ်ဖူး ထင်ပေမယ့် နှမ်းစေ့တွေ များလာရင်တော့ အလုပ်ဖြစ်တာပါပဲ။
    ၁၉၉၀ တုန်းကလဲ ဒီလိုပဲ ထည့်သင့်မထည့်သင့်၊ ရွေးကောက်ပွဲ ၀င်ခွင့်မ၀င်ခွင့် တွေနဲ့အတူ မဲလိမ်မှာပဲ ၊ နိုင်လဲ ရှုံးမှာပဲ လို့ ပြောသူတွေ ရှိခဲ့တာပါပဲ။ ဒါပေမယ့် အဲဒီတုန်းက မဲ ထည့်သူ ပြည်သူတွေတွေကြောင့် နအဖ ဘယ်လိုမှမပယ်ဖျက်နိုင်တဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပိုင်ဆိုင်ခဲ့တာပေါ့။ လွှဲပေးမပေးက သူ့အကြောင်းလေ။
    မဲသွားပေးစေချင်တဲ့ နောက်တခုကတော့ ခုလိုဆန္ဒခံယူပွဲ လုပ်မယ် ဆိုတဲ့ ရလဒ်ကလေးကလဲ ၂၀၀၇ စက်တင်ဘာရဲ့ တွန်းအားတွေ ကြောင့်မလွှဲမရှောင်သာ လုပ်ပေးရတာပါ။ ရွှေဝါရောင်မှာ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေ အတွက် မဲသွားပေးစေချင်ပါတယ်။ မြန်မာငွေတသိန်းလောက်ဆိုတာ သူတို့ သူတို့တွေရဲ့ အသက်နဲ့စာရင် ခြေမှုန်လေးလောက်ပါ။ သူတို့တွေအတွက် လေးစားသောအားဖြင့် သတိရသောအားဖြင့် ဂုဏ်ပြုသောအားဖြင့် ကန့်ကွက်မဲကို သွားထည့်ဖြစ်အောင် ထည့်စေချင်ပါတယ်။

  5. hta2

    i’m also agree ma khin min zaw’s comment.we must vote no for our country.

  6. Tea

    If i want to vote, I need to go to D.C from San francsico.. hmm.. plane ticket is $300! .. 😀

    so, NO VOTE!! 🙂

  7. နိုင်ငံသား မှန်ရင် မဲပေးရမယ် ကောင်လေး.. ဒီတော့ မင်းမှာ ရွေးစရာ နှစ်လမ်း ပဲရှိတယ်.. နိုးလား ရက်စ်လား ဒါပဲ ပြောပါ သွပ် သွပ် သွပ်

  8. မလေးမှာ မဲပုံးလဲမရှိဘူး၊ မဲလက်မှတ်လဲမရှိဘူးလို့ ဖုန်းမက်ဆေ့ရပါတယ်။ အမည်စာရင်းပဲ ကောက်သွားတယ်တဲ့။ ဒါမျိုးဆို၇င် အလုပ်ကခွင့်ယူပီး လမ်းစား၇ိတ်အကုန်ခံပြီးသွားလဲ အလကားပဲမဟုတ်လား။ နိုင်ငံတွင်းမှာလဲ မဲပုံးတွေကိုေ၇ခွင့်မပေးပဲံ အထက်အထိတိုက်ရိုက်ပို့ရမယ်တဲ့။ ကျွန်တော်ကတော့ ကိုယ့်ကိုလူရာမသွင်းတဲ့နအဖကို ခုထိစာ၇င်းလုပ်နေကြတာကို စိတ်ပျက်သွားပြီဗျာ။
    လူမုန်းခံရတာပဲအဖတ်တင်တယ်။

  9. ကြားရတာ တကယ့်ကို ၀ိုးတိုးဝါးတားတွေပါပဲဗျာ။
    😦 😦 😦

  10. ၀ါးတားတားချင်းတော့ တူပါတယ်။

  11. ထပ်လောင်းပြောချင်ပါတယ်..။ ပိုက်ဆံတွေအကုန်ခံပီး ပြည်သူတယောက်အနေနဲ့ မဲ သွားပေးခဲ့တာပါပဲ..။ အခုတော့ နှစ်ဖက်လုံး ဘယ်သူ့မှ မယုံတော့ဘူး။
    မြန်မာနိုင်ငံ… ဘယ်တော့များမှ ဆိုတာလဲ မစဉ်းစားချင်တော့ဘူး..။
    သေချာတဲ့ အဖြေက ရှိတယ်..။ တကယ်လုပ်တဲ့ နိုင်ငံရေးသမား အနည်းငယ်ကို ရေပေါ်ဆီနိုင်ငံရေးသမား အများကြီးက ဖုံးလွှမ်းနေသ၍ မြန်မာပြည်ဟာ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်တော့ဘူး။ စစ်အစိုးရကလဲ ဒီလို လူတွေ ရှိနေတာကို သဘောကျနေမှာပဲ။
    ရလာဒ်ကောင်းကို လိုချင်ရင် ပန်းတိုင်နဲ့အတူ ရည်မှန်းထားတဲ့ လုပ်ဆောင်ချက်တွေ ရှိဖို့လိုပါတယ်။ အခုတော့…

  12. bigf

    နာမည်တော့မပြောရဲဘူး။ ညီငယ်အသစ်လေး အခုမှဖတ်ဖြစ်တယ်။
    ဒီနိုင်ငံမှာပဲရှိသေးလို့ ကြောက်နေရသေးတယ်။ အစ်ကိုနဲ့ အတွေးခြင်းတူ
    ပါတယ်ဗျာ။ ဘယ်သူအုပ်ချုပ်မလဲဆိုတာထက် ဘယ်သူက ဘာလုပ်ပေးနိုင်
    လဲဆိုတာပဲ စိတ်ဝင်စားပါတယ်။ ဒီလူတွေကတော့ ဒီလောက်ငတ်ကြီးကျ
    ရ တော်ရောပေါ့ဗျာ။

Leave a comment