ခွဲခွာသူအတွက် နုတ်ဆက်စကား

မတ်လအတွက် ကျနော် ပို့စ်တွေ ဟုတ်တိပတ်တိမရေးနိုင်ခဲ့ပါ။ စိတ်ရှုပ်စရာတွေ၊ ဖိစီးမှုတွေ များနေ၍ဖြစ်သည်။ (ဖွဲ့တည်ရာမဂ္ဂဇင်းကြောင့်တော့ မဟုတ်ပါ။ မဂ္ဂဇင်းအပေါ်အာရုံစူးစိုက်မှု လုံးဝမလျော့ပါ။) ပို့စ်ရေးဖို့ ဘယ်လိုမှ ဖီလင်မလာဖြစ်နေသည်။ ဒါနဲ့ပဲ မျှောထားလိုက်သည်။

မတ်လ ပို့စ်/ဘလော့ဂ်အညွှန်းအတွက် ဒီနေ့ ဘလော့ဂ်ရွာစဉ်လည်သည်။ ပျောက်နေတာကြာပြီး၊ ကိုယ်က မရောက်ဖြစ်တာလည်း ကြာနေသော ဘိုးတော်ကြီးတို့ဆီရောက်၏။ ဘလော့ဂ်လောကမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း နုတ်ဆက်စာက ကြိုနေသည်။ ကျနော်ဘလော့ဂ်စရေးစတွင် ဖိုရမ်တွေ မွှေနေသောမောင်အန့်က ဘိုးတော်ကြီးဘလော့ဂ်မိုက်တယ်၊ သွားကြည့်ဟု ညွှန်းသည်။ ဖတ်ပြီးကျနော်ကြိုက်သွားသည်။ နောက်ပြီး မှတ်မှတ်ရရ ကျနော် ဘလော့ဂ်စလုပ်ခါစ ချောက်တီးချောက်ချက်ရေးနေစဉ် အစဉ်တစိုက် စီဗုံးမှတစ်ဆင့်အားပေးသူမှာ ဘိုးတော်ကြီးတို့ဖြစ်သည်။ (ထိုစဉ်က ကျနော့်မှာ ဘလော့ဂ်မိတ်ဆွေ မရှိသေးပါ။ ကိုကဒေါင်းညင်သာက လာလည်သော်လည်း ဖောင့်မမြင်ရဟု သတိပေးပါသည်။)

ကျနော်အရှိန်ရလာစဉ် သူနှင့် စိန်မျောက်မျောက်တို့က နုတ်ဆက်လေပြီ။ အဆက်အသွယ်မရနိုင်တဲ့ ဝေးရာဆီ မိတ်ဆွေတစ်ယောက်ထွက်ခွာသွားသလို ခံစားမိသည်။ သူတို့ ဒိုမိန်းစ၀ယ်စဉ်က ဈေးချိုချိုနှင့်ရလိုက်ပုံ၊ နောက်နှစ်ထပ်ယူရင် ငွေထပ်ပေးရမှာ စသဖြင့် ဘိုးတော်ကြီးတို့ ပို့စ်ရေးဖူးတာ သတိရသေးသည်။

တိုက်ဆိုက်စွာ ကျနော်သည်လည်း Blogging အချိန်ကို လျှော့ချတော့မည်ဟု စိတ်ကူးနေချိန်လည်းဖြစ်သည်။ စာကောင်းကောင်း၊ နည်းနည်းကို ကျဲကျဲပဲတင်တော့မည်ဟု တွေးနေချိန်ဖြစ်သည်။

ဘာဖြစ်ဖြစ် ဘလော့ဂ်ရေးခြင်းသည် ကျနော်တို့က ရှာဖွေပျော်မွေ့နေသော ယာယီကမ္ဘာဖြစ်ပါသည်။ နုတ်ဆက်ထွက်ခွာသူတွေရော၊ နုတ်မဆက်ဘဲ ပျောက်ကွယ်သွားသူတွေရော မြင်နေရသည်။ အသစ်အသစ်တွေလည်း လန်းဆန်းဖူးပွင့်နေတာ မြင်ရသည်။ ကျနော်ပြောထားသလို ဒီကမ္ဘာသည် ကျနော်တို့၏ ယာယီ Community သာ ဖြစ်ပါသည်။ ကျနော်သည်လည်း ဘယ်အချိန်ခွဲခွာသွားရမည်ဟူ၍ကား မသိနိုင်သေး။

ဝင်သူဝင်၊ ထွက်သူထွက်၊ ခံစားချက်သန့်သန့်၊ ရိုးသားမှုသက်သက်၊ အတ္တအဖြူဖြင့် ကျနော်တို့ ခင်မင်ဖူးပြီ၊ ကူးလူးဆက်ဆံကြဖူးပြီ၊ စိတ်ပြေစရာတို့ရှိခဲ့ဖူးပြီ။ ဤသည်ပင် ကျနော်တို့အတွက် အဓိပ္ပာယ်ရှိသော၊ သို့သော် မမြဲခြင်းအနိစ္စလည်းရှိသော ဖြစ်တည်မှုတစ်ခုပင်ဖြစ်သည်ဟု ဆင်ခြင်မိပါသည်။

ဘိုးတော်ကြီးနှင့် စိန်မျောက်မျောက်၏ နုတ်ဆက်စာ..

TIME TO SAY GOODBYE

Farewell my friends. It was fun blogging for almost 2 years in Boesein, but I have decided to shut down this project since Janauary for several reasons.Firstly, I don’t have enough time to read and translate all those stuffs which I literally enjoy doing; and secondly, I have alot of personal issuies to be taken care of. Me and my partner, Seinmyoutmyout, couldn’t have done 502 posts of nonesense without your very kind encouragments. Thanks zillions for visiting – intentionally or unintentionally, commenting, linking, clicking or..whatever you do here. I am going to delete everything when the domain registeration expires.


မမြင်ဖူးပေမယ့်

ခင်မင်ဖူးလေတဲ့ ဘိုး-စိန်သို့

mm philosopher တစ်ဖြစ်လဲ mm thinker

Advertisements

Leave a comment

Filed under Experience, IT & Blogging

0 responses to “ခွဲခွာသူအတွက် နုတ်ဆက်စကား

  1. boedawgyi

    🙂 ကျေးဇူးဗျာ

  2. လမ်းခွဲစကားတွေ ပြောနေကြပြန်ပါလား..
    အဲလိုတွေဆိုရင် ဘလော့ထဲမှာ ချိတ်ထားတဲ့ လင့်တွေကို ဖြုတ်မပေးချင်ဘူး..
    ရှိနေစေချင်တယ်.. တခါတလေများ စိတ်လည်ပြီး လာပြန်ရေးမလားလို့ သွားချောင်းကြည့်မိဖူးတယ်။
    ခုတလောတော့ ကိုယ်တိုင်လည်း ဒီကမ္ဘာနဲ့ စိမ်းကားနေရတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s