19 comments on “Existence Magazine – Vol.1, Issue.2 – Download

  1. စာလေးတွေတော့ဖတ်ပြီးပြီဗျ။ အကုန်တော့မဟုတ်ဘူး။ ကောင်းတယ်ဗျာ။ ဒီဇိုင်းလေးလဲကြိုက်တယ်။ ရှေးတရုတ်ပြည်မှ အသော့ထေ့များ, စိတ္တဇတိုင်းပြည်, ဆယ်ပြားတန် အတွေးများ၏ သိက္ခာ, ကာတွန်းအော်ပီကျယ် နှင့် International Cartoon ကိုလောလောဆယ်ဖတ်ပြီးသွားပါပြီ။ သဘောလဲကျတယ်ဗျာ။ ဖွဲ့တည်ရာ မဂ္ဂဇင်းလေး အောင်မြင်ပါစေ။ အားပေးနေပါတယ်ဗျာ။

  2. စုံစုံလင်လင်နဲ့ ဒုတိယအကြိမ်မှာ ပိုကောင်းလာတယ်ဗျာ။ စာမျက်နှာ နံပါတ်ကို Pdf file က စာမျက်နှာ နံပါတ်နဲ့ မတူတာလေး တစ်ခုပဲ သတိထားမိတယ်။ ကျနော့် ဆောင်းပါးကိုလဲ ဓါတ်ပုံလေးတွေ လိုက်ဖက်အောင် ထည့်ပေးတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ဖွဲ့တည်ရာ အမြဲတမ်း အောင်မြင်နေပါစေဗျာ။ အယ်ဒီတာအဖွဲ့လည်း ကျန်းမာရေး ဂရုစိုက်ကြအုံးနော့း)

  3. ဒေါင်းလုပ်ဆွဲဖို့ကြိုးစားနေတယ် ။ မရဘူးဗျာ။ ကျနော့်အီးမေးကို attached နဲ့ပို့ထားပေးပါ။ ကျန်းမာရေးလဲ ဂရုစိုက်ကြဦးနော။

  4. Hey friends,
    Thanks for ur best editing articles.. I really like to read ur magazine. Hope ur free of charge Online Magazine will take heart of our audiences.

  5. ဒီ issue ကတော့ ပထမတစ်ခုနဲ့ယှဉ်ရင် ပိုကောင်းလာတယ်။ ပိုလည်း ကြိုက်တယ်။ အယ်ဒီတာ့အာဘော်ကတော့ professional magazine တွေအတိုင်းပါပဲ။ စာဖတ်သူတွေကို ကျေးဇူးတင်နေတာထက် မဂ္ဂဇင်းလက်ရှိအခြေအနေကို သုံးသပ်ပြထားတာမို့ပါ။ `လိပ်ကျောပေါ်က ကျုပ်´ ကဗျာက အခုမှ ပထမဆုံးတွေ့ဖူးတဲ့ကဗျာ။ ဆန်းသစ်ထားတယ်။ `ကျောင်းကဗျာ´ မှာ ခံစားကြေကွဲလိုက်ရတယ်။ သင်္ကြန်ဓာတ်ပုံ ကဏ္ဍထည့်ထားတဲ့စိတ်ကူးကို လေးစားပါတယ်။ ဦးဘဂျမ်းကာတွန်းက အခါခါ ဖတ်ဖူးပေမယ့်လည်း ကြိုက်နေဆဲပါ။ ဒီတစ်ပတ် အက်ဆေးတွေ အားလုံးကို ကြိုက်တယ်။ တောင်တောင်အီအီကတော့ ကြောင်စီစီနည်းနည်းဖြစ်စေပေမယ့် ကောင်းပါတယ်။ အရင်ပတ်က ခိုင်စိုးလင်း ရေးဟန်မျိုးပါပဲ။ `နွေရာသီမှာ ဆုံခဲ့ဖူးသူ´ကတော့ ရာသီစာဖြစ်တော့ ပိုတောင်ကောင်းသေးတယ်။ `တရုတ်ပြည်မှ အသောအထေ့များ´ ကိုကြိုက်တယ်။ (ဟာသ + တွေးစရာ) လို့ထင်တယ်။ ဒီတစ်ပတ် ၀တ္ထုတိုထဲမှာ `သုတေသီနှင့် ဖွဲ့တည်ရာ´ ကိုအကြိုက်ဆုံးပါပဲ။ လာရာဟာ အယ်ဒီတာအဖွဲ့ဝင်ထဲကပဲလား။ ဆူးရှနေက အရင်အပတ်အတိုင်း စိတ်ကူးကောင်းတယ်။ သူခိုးလေးယောက်ကိုရေးတဲ့ ညိုမင်းခကို မြင်ဖူးချင်တယ်။ ဟန်သစ်ငြိမ်ရဲ့ အဖြစ်မှန်က ဒီတစ်ပတ် သိပ်မကောင်းပါ။ Synchro ရေးတဲ့ ရုပ်ရှင် review ကတွေးစရာပေးတယ်။ အရင်အပတ်နဲ့ မတူတဲ့အချက်ပေါ့။ မိုးဟေကိုပုံတွေကရော ဓာတ်ပုံချစ်ထူးရဲ့ လက်ရာတွေပဲလား။ Existentialism မှာထည့်တဲ့ Comment တွေကို ဘယ်တုန်းက တောင်းခဲ့တာလဲ။ သရုပ်မှန်ဝတ္ထုရေးနည်းကိုတော့ ဖတ်ဖူးပြီးသား။ မဖတ်ရသေးတဲ့ သူတွေအတွက်တော့ သိပ်ကောင်းပါတယ်။ ဒီလဆောင်းပါးတွေ အားလုံးကောင်းပါတယ်။ အပြာရောင်နဲ့ ရှေးခေတ်သမိုင်းထဲကစက်ရုပ်များကိုတော့ အကြိုက်ဆုံးပါ။ အင်္ဂလိပ်ကဏ္ဍမှာ ကာတွန်းကို အကြိုက်ဆုံးပါ။ Woman ကဘလိုင်းချည်းလို့ ထင်တယ်။ Man ပါထည့်သင့်တယ်။ Khine Soe Lung ရဲ့ essay မှာ f*cking hospital ဆိုတာ သတိထားမိတယ်။ ဖွဲ့တည်ရာရဲ့ လွတ်လပ်မှုလား၊ ပရမ်းပတာလား။ `နွေရာသီ´လိုပဲ Thingyan ဆောင်းပါးက ရာသီစာလို့မြင်တယ်။

    ခြုံပြောရင် ပြောစရာမရှိအောင် ကောင်းပါတယ်။

    With much love,
    Te Hnin Eain

  6. ခြုံ ပြောရင် ပြောစရာ မလိုလောက်အောင်ပဲ ဗျာ။ တစ်ချက်ပါပဲ..မိုးဟေကို ပုံတွေက သိပ်ကိုလှလွန်းနေတယ်။ Magazine စာမူတွေနဲ့ သိပ်လှတဲ့ မိုးဟေကိုနဲ့ ..ဆက်စပ်လို့မရ၊ ဆန့်ကျင်ဘက် ရောက်သွားသလို ခံစားရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ကျွန်တော်က မိန်းကလေးမို့ ရှေးဆန်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လင်းပြာနွေ ရဲ့တောင်တောင်အီအီများကို ကြိုက်ပါတယ်။ ဒီတစ်ခါတော့ ဘကြီးဖြိုး မညာလောက်ဘူး ထင်ပါရဲ့။😛 ဆူးရှနေ ကြိုက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပိုင်း နားမလည်ဘူးဗျ။ အချစ်ရဲ့ ရဲတိုက်တွေကို အမုန်းတံတိုင်းက ဘာလို့ ကာတာလဲ။ အမုန်းက အချစ်ကို မုန်းတယ်ဆိုရင် ဝေးဝေးနေရမှာ မဟုတ်လား။ လျှောက်တွေးကြည့်တာပါ။ ညိုမင်းခစာမူက သူခိုးတွေ များလွန်းလို့ ဘယ်ဟာက ဘယ်လို ပြောမှန်း သေသေချာချာ မဖမ်းလိုက်နိုင်ဘူး။ ပင့်ဂိုးလ် စာမူက နူးနူးညံ့ညံ့လေး။ သဘောကျပါတယ်။ အင်္ဂလိပ်ကဏ္ဍထဲက ပန်းပွင့်နဲ့ သရုပ်ဖော်တာတွေ ကျွန်တော်က ညံ့လို့ ဖမ်းမမိလိုက်ပြန်ဘူး။
    အင်္ဂလိပ်စာ ညံ့ပေမယ့် ခိုင်စိုးလင်း စာမူကိုတော့ ဖတ်ဖြစ်ပါတယ်။ ကြိုက်ပါတယ်။ ကိုဟန်သစ်ငြိမ် ဒီ မဂ္ဂဇင်းလုပ်တဲ့အခါ တွေ့ကြုံတဲ့ အလွဲတွေ ရေးပါလား။ ရယ်စရာလေးတွေပေါ့။
    စာမူတွေကို သေသေချာချာ တည်းဖြတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါစေလို့ ပြောပါရစေ။ ပြောရဦးမယ်…အမြင်ကတ်လည်း ခံရမှာပဲ။ သင်္ကြန်မှာ ကောင်မလေးပုံတွေပါတာလည်း တစ်မျိုးပဲလို့ ခံစားရတယ်။ မိုးဟေကိုပုံပါတာလည်း မကြိုက်ဘူးဗျ။
    ဘာပဲပြောပြော ဒီမဂ္ဂဇင်းအတွက် ဂုဏ်ယူပါတယ်။

  7. ရက်တိုလေးအတွင်းမှာ ကော်မန့်တွေ အားရလောက်အောင် လာပေးသူများရော၊ ကော်မန့်မပေးသေးသော ဖတ်ဆဲ ပရိသတ်များကိုပါ ကျေးဇူးတင်ပါတယ်။

    -ဒေါင်းလုဒ်ချက်ချင်းဆွဲပြီး လျှပ်တပြက် ကော်မန့် အမောပြေပေးသွားတဲ့ “ညမီးအိမ်”ကို ကျေးဇူးပါ။

    -မဂ္ဂဇင်းကြီးတွေ၊ စာအုပ်တွေရဲ့ Format အတိုင်းလိုက်ထားတဲ့ အတွက် စာမျက်နှာနဲ့ PDF ဖိုင် တို့ နံပါတ်စဉ် မတူဖြစ်နေတာပါ “မင်းကျန်စစ်”ခင်ဗျား။

    -၀ီရိယတွေထားပြီး အစောကြီးလာရောက်အားပေးတဲ့ “ဒေါက်တာစိုးထက်”ကိုလည်း ကျေးဇူးပါဗျာ။

    -အီးမေးလ်နဲ့ ပို့လိုက်ပါပြီ အမိမြေရောက်“မောင်အန့်”ခင်ဗျား။

    -မအားတဲ့ကြားက ကော်မန့်ဝင်ရေးတဲ့ “မယမင်း” ရေ၊ ကျေးဇူးပါ။

    -အားပေးစကားကြောင့် ကျေးဇူးတင်ပါတယ် “Maung Nge” ခင်ဗျား။

    -“မသဲနှင်းအိမ်”ခင်ဗျား။ စုံစေ့အောင် အချိန်ယူ ဖတ်ပြီး ကော်မန့်ပေးတာ ကျေးဇူးပါ။ ပရိသတ်အကြိုက်ကို မျှော်မှန်းပြီး ကျနော်တို့ ကြိုးစားထားတဲ့ အတိုင်း ထိရောက်မှုရှိမှန်း သိရလို့ ၀မ်းမြောက်ရပါတယ်။ “သုတေသီနှင့် ဖွဲ့တည်ရာ”ကို စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးခဲ့တဲ့ စာရေးဆရာမ“လာရာ”ဟာ အယ်ဒီတာ အဖွဲ့ထဲက မဟုတ်ပါဘူးခင်ဗျာ။ မိုးဟေကို ပုံတွေကို “ကိုချစ်ဦး”ရိုက်တာ မဟုတ်ပါ။ သူ့ရဲ့ Blog မှာ တင်တဲ့ အထဲက ယူထားရုံသက်သက်သာဖြစ်ပါတယ်။ “ဘုန်းမြင့်ဦး”ရဲ့ Existentialism ဟာ ၂၀၀၇ အောက်တိုဘာတုန်းက http://www.mmthinker.iblogger.org မှာ ဖော်ပြစဉ် ဆွေးနွေးချက် Comment များ ရခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်အက်ဆေးမှာ ပါသွားတဲ့ မယဉ်ကျေးတဲ့ အသုံးဟာ အယ်ဒီတာများရဲ့ လစ်ဟင်းသွားမှုကြောင့်ပါ။ နောင်ကို ဂရုစိုက်ပါ့မယ်။

    – Katty ခင်ဗျား။ အသေးစိတ်ဖတ်ရှုဝေဖန်တဲ့အတွက် ကျေးဇူးပါ။ မိုးဟေကိုပုံကို ဖော်ပြခြင်းဟာ ဓာတ်ပုံအယူအဆနဲ့ အနုညာကို အသားပေးလိုခြင်း သက်သက်သာဖြစ်ပါတယ်။

    ပွင့်ပွင့်လင်းလင်းဝေဖန်မှုများကို ကျေးဇူးပါ။ စာဖတ်သူများရဲ့ တုန့်ပြန်မှုအပေါ်မူတည်ပြီး တိုးတက်အောင် ပြင်ဆင်ကြိုးစားသွားပါမယ်။

    ကျေးဇူးတင်လျက်…
    အယ်ဒီတာ
    ဖွဲ့တည်ရာမဂ္ဂဇင်း

  8. ဖွဲ့တည်ရာမဂ္ဂဇင်း သားအားလုံးမင်္ဂလာပါ..
    ပထမတစ်အုပ်ကို မဖတ်လိုက်ရပေမယ့်.. ( မသိလိုက်တာ ကျွန်တော့်အပစ်ပါ) ဒုတိယတစ်အုပ်ကိုတော့ တော်တော်ကြိုက်သွားတယ်ဗျာ.. ကျွန်တော့်လို စာဖတ်ပြင်းတဲ့လူကိုတောင် စွဲဆောင်သွားနိုင်တဲ့ ကလောင်ရှင် တွေကိုကော ဖွဲ့တည်ရာမဂ္ဂဇင်း အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါတယ်.. ဒီစာကိုရေးနေတုံး အကုန်လုံးမဖတ်ရသေးပေမယ့်လည်း အရမ်းကိုကောင်းလွန်းလို့ စာကိုဆက်မဖတ်သေးဘဲ ကောင်းကြောင်းလေးတွေကို ချုပ်တည်းမထားနိုင်လို့ ဖွင့်ဟ၀န်ခံလိုက်တာပါ….

    အကြိုက်ဆုံးတစ်ပုဒ်ကတော့.. “သုတေတီနဲ့ဖွဲ့တည်ရာ ” ကိုအကြိုက်ဆုံးပါ…🙂

  9. ဖွဲ့တည်ရာကြီးရေ….

    ငြိမ်းဇေဦးရေးတဲ့ တို့မြို့ကြီးရဲ့ ကို အကြိုက်ဆုံးပဲ။
    နောက်ပြီး ဖတ်ရတာ တုန်လှုပ်စရာကောင်းသလောက် ကြိုက်လည်း ကြိုက်မိတာက လင်းပြာနွေရဲ့ အင်တာနက် ရင်ခုန်သံ
    ညီလင်းသူရဲ့ eleven eleven ကိုလည်း အမှန်တွေချည်းရေးထားလို့ မလုံမလဲပြုံးမိရလောက်အောင် ကောင်းတယ်ဆိုတာ ပြောပါရစေ။
    KMKZ ရဲ့ ပညာသင်တယောက်ရဲ့ ၀ိရောဓိတွေကို ဖတ်ပြီး သက်ပြင်းချတယ်။

    သုတေသီနှင့်ဖွဲ့တည်ရာကို ဖတ်ပြီး ရယ်တယ်။
    ကိုထူးမြတ်ရဲ့ ဖိနပ်ကတော့ ထုံးစံအတိုင်း ဘ၀အမောတွေကို ဖွဲ့ရာမှာ ပြောင်မြောက်တဲ့ လက်စလက်န ပါပဲ။
    ချင်းမိုင်မှ သူမ ခေတ္တခွဲခွာသလေး ဘာလေးနဲ့ မဆီမဆိုင်ထည့်ကြွားထားတဲ့ စာကလည်း ဖတ်လို့ကောင်းပါရဲ့

    အဓွန့်ရှည်ပါစေ ဖွဲ့တည်ရာရေ။

  10. ဒေါင်းလုပ်လာလုပ်တာရလဲ မရဘူး မေးလ်ထဲကိုပို့ပေးပါ
    လားဗျာဖတ်ချင်လို့ပါ။ သူမျာတွေရေးတဲ့ကွန်မန်းကိုကြည့်
    ပြီး သားရေတောင်ကျနေပြီဗျ။

  11. ပထမတစ်အုပ်ရောဒုတိယတစ်အုပ်ရောဖတ်ပြီးသွားပါ ပြီးမဂ္ဂဇင်း ကြီးတစ်အုပ်ကိုဖတ်နေရသလိုပါပဲ လက်ရာတွေ က
    မှီပါပေတယ် အထဲကစာနဲ့လိုက်ဖက်တဲ့ပုံလေးတွေကလည်း
    မိုက်တယ် ပြာဖြစ်သွားတဲ့စိတ္တဇနာမ်ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီးခံစားလိုက်ရပါတယ် ခုဆိုရင်ဖတ်စရာစာအုပ်တစ် အုပ်တိုးလာပါပြီ နောက်ထွက်လာမယ့် စာအုပ်ကိုလည်းစောင့်
    မျှော်နေဆဲပါ ဖွဲ့တည်ရာ မဂ္ဂဇင်းကြီး ဒီ့ထက်ပိုတိုးတက်အောင် မြင်ပါစေ

  12. Pingback: ဖွဲ့တည်ရာနှင့် သောင်းပြောင်းထွေလာ « KoThinker

  13. ဗိုင်းရပ် သတ်လို့မရလို့ပါ
်folder တွေပျောက်နေတယ် ကူညီပေးကြပါ။

  14. ကွန်ပျူတာထဲက ဗိုင်းရပ်တွေကို ဘယ်လိုကြည့် လို့ရမလဲ
    software လေးရှိရင် မျှဝေပါဦး ခင်ဗျား

Comments are closed.