Comments for Vol.1, Issue.1, February Existence Magazine


It is truly wonderful to see a new magazine coming out which include so much of well-organized topics. The cover photo is absolutely stunning because of its color and light. Perfect cover! I hope this could bring up an enlightment to break though the obscurity and darkness of old cultures.

ကိုဘကောင်း၊ http://bakaung.blogspot.com/, March 3, 2008

 

Congrats! ပါဗျာ။ ကိုသင်ကာ ကြီးနှင့် တစ်ဖွဲ့သားလုံးပေါ့။

ကျွန်တော်လည်း ကြိုးကြိုးစားစားနဲ့ ဒေါင်းလုဒ် လုပ်သွားတယ်ဗျို့။

မှော်ဆရာ၊ http://mbl0gger.iblogger.org/, March 3, 2008

 

So good. I sincerely hope that you will succeed.

မယမင်း၊ http://goldmyanmar.myanmarbloggers.org/, March 3, 2008

 

Congratulation ကိုသင်ကာရေအခက်အခဲတွေ ကြားက ဖြစ်လာတဲ့ အောင်မြင်မှုလေးပဲပေါ့။ စာပေ ဝါသနာပါတဲ့သူတွေတိုင်း ကြိုက်ကြမှာပါ။

မင်းကျန်စစ်၊ http://minnkyansis.blogspot.com/, March 3, 2008

 

မောင်မျိုး မင်းမမူးမီ မမ မိန့်မြွက်မယ် ဟိဟိ
မ အက္ခရာ ဘယ်နှလုံးလည်းလို့ လိုက်ရေတာ..ဂဏာန်းတွေ လွဲကုန်ပါရောလား။ နောက် မမျိုးအကြောင်း အဆုံးထိ ဖတ်ရမယ် ထင်တာ။ ဇာတ်သိမ်းခန်း မဖတ်လိုက်ရသလိုပဲ .

ဖွဲ့တည်ရာ Magazineကို မွေးဖွားသန့်စင်ပေးသော ကလေးအဖေ သုံးယောက်အား ဂုဏ်ယူပါသှ် (ဟိဟိ) ဖတ်ပြီးပါပြီဗျို့။ အားလုံး ကြိုက်ပါတယ်။ ဒါပေမယ့် ပြင်းသလားလို့( ယပင့်ပျင်း မဟုတ်ပါ)

အချိုနဲနဲ ထပ်ထည့်စေလိုပါတယ်

Katty, March 4, 2008

 

Congratulation all, I wanna cooprate with you all

thanks

ကျော်ဇေယျ၊ http://kzy1980.myanmarbloggers.org/, March 4, 2008

 

တော်တော်ကောင်းတဲ့ မဂ္ဂဇင်းလေးပါပဲ။ အားပေးနေတယ်နော်။ ဒီတစ်ခုကိုကော နောက်ထွက်မှာတွေ ကိုကောပေါ့။

ဝင်္ကဘာ၊ http://www.winkabar.blogspot.com/, March 4, 2008

 

တော်တော့်ကို အားစိုက်ပြီး လုပ်ထားမှန်း မြင်သာပါတယ်။ အကုန်လုံး ကြိုက်တယ်ဗျ။ အားပေးလျက်ပါ။

Ulmuka-ဇီးကွက်၊ http://ulmuka.blogspot.com/, March 6, 2008

 

Looking forward to enjoying the next volumes(s). A very nice creation this one is. Thanks to the effort of all members and contributors.

ခွန်မောင်၊ http://khunmoung.myanmarbloggers.org/, March 7, 2008

 

အကုန် ဖတ်ပြီးပါပြီ။ အကုန်ကြိုက်ပါတယ်။ ဒါပေမယ့် ကဗျာလေးတွေကတော့ အကြိုက်ကြီး မဟုတ်ဘူး။

ကောင်းတာလေးတွေက တော်တော်ကြီး ကောင်းပါတယ်။ နာမည်တပ် မပြောတော့ဘူး။ သူလင်းဆက်လည်း ကြိုက်ပါတယ်။ သုညနဲ့ တစ်လည်း မိုက်တယ်။ အဲပုံစံ မဖတ်ဖူးဘူး။

ကိုဘုန်းမြင့်ဦး ရေးတာတွေ နားမလည်ဘူး။ ငါလိုက်မမှီဘူး။ ကိုဟန်သစ်ငြိမ် ရေးတဲ့ ချင်းမိုင်ဒိုင်ယာရီ ကောင်းတယ်။ ထွန်းထွန်းဦးရေးတဲ့ ရုပှ်င်အကြောင်း တော်တော်ကြိုးစားဖတ်လိုက်ရတယ်။

ဖော်ကောင် ရေးထားတာ စိတ်ဝင်စားစရာပဲ။ ကိုသင်ကာရဲ့ အညွှန်းတွေ သဘောကျတယ်။ အင်္ဂလိပ်ကဗျာလည်း သဘောကျတယ်။

ဦးဖေမောင်တင်တော့ မဖတ်ဖြစ်ဘူး။ ဗိသုကာ အကြောင်း နည်းည်းပဲ ဖတ်ဖြစ်တယ်။ နားမလည်ဘူး။ တစ်ချို့စာတွေက ပြင်းတော့ ချက်ချင်း တန်းဖတ်လို့ မရဘူး။

ခိုင်စိုးလင်းစာ ဖတ်ရတာ သစ္စာနီ သတိရသွားတယ်။ သစ္စာနီလောက်တော့ မမိုက်ဘူးပေါ့ရှင်။ သူ အဆက်အစပ်မရှိတာ..တော်တော်ကြီး အဆက်အစပ်ရှိသား။ သူခိုး ၀တ္ထုက လန့်တောင် လန့်တယ်။

ခင်ဆုဝေ၊ March 12, 2008

 

 

ဖတ်ပြီးတာတော့ စထွက်တဲ့နေ့ကတည်းကပါပဲ။ ဟန်သစ်ငြိမ်လုပ်မယ်ဆိုကတည်းက နည်းနည်းမဟုတ်ဘူး အများကြိးထူးခြားမယ် design က အပြစ်ပြောစရာမလိုအောင် ကောင်းမယ်ဆိုတာ ထင်ပြီးသား။ မနေ့ကမှ နောက်လအတွက် စာမူခေါင်းစဉ်တွေလာဖတ်ပါဆိုတာ C box မှာ တွေ့မှ အရင်လအတွက် comment ပေးဖို့ သတိရတယ်။ တကယ်လည်းကောင်းပါတယ်။ ခေတ်သစ်ဝါဒ၀ါဒီ၊ Deconstruction စတဲ့ ဆောင်းပါးတွေကိုတော့ အကြိုက်ဆုံးပဲ။ ဟန်သစ်ငြိမ်ရဲ့ ဖန်တီးမှုလား (အဖြစ်မှန်လား) ဘာဖြစ်ဖြစ် အဲဒီချင်းမိုင်ဒိုင်ယာရီကိုတော့ တော်တော်ခံစားရတယ်။ အင်း
နောက်ထပ်ကြိုက်တာတွေက အက်ဆေးထဲမှာ ကျနော်နှင့်အချိန်၊ ၀တ္ထုထဲမှာက မွန်းတည့်ရောင်။ မှန်+ဘီလူးကတော့ ကြောင်စီစီဖြစ်စေတယ်လို့ ခံစားရတယ်။ ရုပ်ရှင် review မှာ ဘုရင်နာရေစွမ် ကို ဗြနရာဇ် ဆိုပြီး မြန်မာ နာမည်တွေပါရှာပေးထားတာ စိတ်ဝင်စားဖို့ကောင်းတယ်။
ခြုံပြောရင်တော့ အကုန်အကောင်းချည်းပါပဲ။

သဲနှင်းအိမ်၊ March 14, 2008

 

ဖွဲ့တည်ရာ မဂ္ဂဇင်းတဲ့။ မတ်ခ်ျလ ၂၀၀၈ မှာထွက်တဲ့ အမှတ်စဉ်(၁) လို့ ရေးထားပေမယ့် တကယ့်ဝါ့ရင့်သမားတွေ လုပ်ထားတဲ့ မဂ္ဂဇင်းအတိုင်းပဲ။ မဂ္ဂဇင်းတစ်အုပ်လုံးကို မဖတ်ပြီးသေးပေမယ့် လုပ်ထားတဲ့ ဒီဇိုင်းလေးကို သဘောကျလို့ လက်တို့လိုက်ပါတယ်။ မင်းကျန်စစ်ဘလော့မှာ ဖလက်ခ်ျဖိုင်နဲ့ တင်ထားပြီး ပီဒီအက်ဖ်ဖိုင် အနေနဲ့လည်း ဒေါင်းလုပ်ဒ် လုပ်လို့ရပါတယ်တဲ့။ ၀ါသနာနဲ့ စာဖတ်သူအပေါ်ထားတဲ့ ဒယ်ဒီတာတို့ရဲ့ စေတနာကို လေးစားပါတယ်။ ကြာရှည်တည်တံ့ပါစေ…

နိုင်နိုင်းစနေ၊ http://nineninesanay.blogspot.com/, March 17, 2008


ဖွဲ့တည်ရာ အတွက် March 17, 2008 အထိ နောက်ဆုံးလက်ခံရရှိသော အကြံပြုချက်များကို စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။
(အယ်ဒီတာအဖွဲ့)

Advertisements

1 Comment

Filed under Announcement, Existence Magazine

One response to “Comments for Vol.1, Issue.1, February Existence Magazine

  1. Hello!
    I visiting your home. so good.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s