ခွဲရေး၊ တွဲရေး

အခုတလော ထိုင်းမှာ ဘော်ဒါဆောင်နေသူတွေ အပြောင်းအရွေ့များနေကြပါတယ်။ “ဆိုနင်း”လို့ခေါ်တဲ့ ဥပဒေအရ ဘော်ဒါဆောင်တွေမှာ ယောင်္ကျားလေးနဲ့ မိန်းကလေး သတ်သတ်စီခွဲနေရတော့မှာ ဖြစ်ပါတယ်။ မေလမှာ အသက်ဝင်မယ်လို့ ဆိုပါတယ်။ သူတို့က Dorm လို့ အတိုကောက်ခေါ်တဲ့ ဒိုမေထရီတွေဟာ ထိုင်းမှာ တော်တော်များပါတယ်။ Dorm ဆိုပေမယ့် ကျနော်တို့ဆီက တိုက်ခန်းတွေထက် သာပါတယ်။ ကျဉ်းတာလေး တစ်ခုကလွဲရင်ပေါ့။ Dorm အားလုံးနီးပါးမှာ ကုတင်နှစ်လုံး၊ စာပွဲနှစ်စုံ၊ စသဖြင့် နှစ်စုံစီရှိပါတယ်။ ကျနော်ရောက်စက တစ်ယောက်ခန်းမရှိဘူးလားမေးတော့ ရယ်ကြပါတယ်။ နောက်မှ သဘောပေါက်တာက Living Together စနစ်ဟာ ထိုင်းမှာ ကြောက်စရာကောင်းလောက်အောင် လူငယ်တွေ အကြားဖြစ်နေတယ်ဆိုတာပါပဲ။ အများစုဟာ တက္ကသိုလ်ရောက်တာနဲ့ မိဘဆီမှာ မနေတော့ပါဘူး။ ကျနော့် အခန်းနားမှာဆို အထက်တန်းကျောင်းသူပဲ ရှိပါသေးတယ်။ မိဘနဲ့ ခွဲနေပါတယ်။ ခွဲနေရခြင်း အကြောင်းရင်းကို မသိပေမယ့် ကောင်လေးတွေ တရုန်းရုန်းနဲ့တွေ့ရတာတော့ သဘောမကျစရာပါပဲ။

Living Together နေကြတာ ဘီယာသောက်သလိုပဲ လွယ်လွန်းလို့ ကျနော် ထိုင်းရောက်စက အတော်ပဲ အံ့သြမိပါတယ်။ တကယ်မှာ ဒီကိစ္စဟာ ကြီးကျယ်တဲ့ လူမှုပြဿနာဖြစ်ပါတယ်။ ကိုယ်ဝန်ပြဿနာ၊ ကိုယ်ကျင့်တရားစံပြဿနာ မျိုးစုံပါပဲ။ မိဘတွေ မသိဘူးလားမေးရင် ဖြေရမှာ ခပ်ခက်ခက်ပဲ။ သိသိနဲ့ မထိန်းချုပ်နိုင်လို့ လွတ်ထားတယ် ပြောရမှာပဲ။ နေ့တိုင်းလိုက်ကြည့်နေနိုင်တာမှ မဟုတ်တာ။ ဖုန်းတော့ ပြောနေကြတာပဲ။ လက်တွေ့ဘာဖြစ်နေလဲ မိဘက သိနိုင်တာမဟုတ်။

အခု သူတို့စီစဉ်ထားတာတော့ ကြာပြီဆိုတဲ့ ဆိုနင်းဥပဒေကို အသက်သွင်းလာရတာ ဒီပြဿနာကြီးကြောင့်ပါ။ ဒါပေမယ့် ကျနော့် အမြင်မှာတော့ ဘာမှ ထိရောက်ဖို့ မမြင်ပါဘူး။ ထိုင်းလူငယ်တွေကိုယ်တိုင်ကလည်း သိပ်မကြာခင် လျော့လျဲလျဲဖြစ်မယ့်ဥပဒေလို့ သဘောထားတာတွေ့ရပါတယ်။

သေးတဲ့ အဆောင်တွေက ယောင်္ကျားဆောင်လုပ်မလား၊ မိန်းမဆောင်လုပ်မလား ရွေးရတယ်။ ကြီးတဲ့အဆောင်တွေက ဒီဘက်က ယောင်္ကျားခြမ်း၊ ဟိုဘက်က မိန်းမခြမ်းဆိုပြီးခွဲတယ်။ တကယ်တော့ ရယ်စရာကြီးပါ။ ဘာမှလည်း အတားအဆီးရှိတာမဟုတ်။ ဒီဘက်အခန်းက ကောင်လေးက ဟိုဘက်အခန်းက ကောင်မလေးဆီ ညကျရင်ကူးသွားရုံပဲ။ တစ်ဆောင်တည်းမှာ ယောင်္ကျားလေးနှစ်ယောက်က တစ်ခန်းယူမယ်ဆိုပြီး စာရင်းသွင်း၊ မိန်းကလေးနှစ်ယောက်ကလည်း ထို့အတူ စာရင်းသွင်း၊ ပြီးတော့ Exchange လုပ်ပြီးပြောင်းနေရုံပဲလေ။ ပစ္စည်းပစ္စယ ထားသိုရတာ ကရိကထများတာတစ်ခုပဲ။ တကယ်လို့ အဆောင်မှာ ယောင်္ကျား၊ မိန်းမ အတူနေတယ်လို့ တာဝန်ရှိသူတွေက မိရင် ကာယကံရှင်ရော၊ အဆောင်ပိုင်ရှင်ပါ ဒဏ်ရိုက်ခံရမယ်လို့ ဆိုပါတယ်။

ပြဿနာက နိုင်ငံခြားသားကျောင်းသားတွေပါ။ တချို့ မိန်းမတွေ၊ ယောင်္ကျားတွေ ခဏဖြစ်ဖြစ်၊ အကြာကြီးဖြစ်ဖြစ် လိုက်လာ၊ လာနေကြပါတယ်။ ယောင်္ကျားမိန်းမအတူနေခွင့်ရှိတဲ့ တိုက်ခန်း (ကွန်ဒို၊ အိမ်) တွေကျတော့လည်း ကျောင်းသားတစ်ယောက်အနေနဲ့ ဈေးကြီးတယ်လေ။

ဒီလိုလုပ်ရုံနဲ့ ဒီလူမှုပြဿနာတွေကို ရှင်းနေပါပြီလို့ လုပ်ပြနေတာဟာ ထိုင်းနိုင်ငံရဲ့ လျော့လျဲမှု၊ အပေါ်ရံဘန်းပြတွေနဲ့ ဖြေသိမ့်မှုတွေကို ပြနေတာပါပဲ။ နှိမ်ပြောတာတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးမှုရဲ့ မမြင်နိုင်တဲ့စာမျက်နှာ တစ်ဖက်လို့လည်း ပြောလို့ရပါတယ်။ ဒီဆိုနင်းကြီး ဘယ်လောက်များထိရောက်မလဲဆိုတာတော့ ကြည့်ချင်သေးတယ်။ လောလောဆယ် မစ္စတာသင်ကာနေတဲ့ အဆောင်အခြမ်းဘက်ကို မိန်းကလေးခြမ်း သတ်မှတ်လိုက်လို့ ကျနော်ရော၊ ကိုဇော်တူးကြီးရော အခန်းပြောင်း အလုပ်ရှုပ်ချိမ့်ဦးမယ်။ ခုတော့ မဟုတ်သေးဘူး။ သင်္ကြန်ပြီးလောက်ပေါ့။

Advertisements

13 Comments

Filed under Experience

13 responses to “ခွဲရေး၊ တွဲရေး

  1. ကိုသင်ကာ ကလည်းနော်
    ပြောင်းမနေပါနဲ့… Operation လုပ်ပြီးတော့ မိန်းကလေး ဆောင်မှာပဲ ဆက်နေလိုက် ပြီးနေတာကို..

    ဘန်ကောက်မှာဆို ပေါမှ ပေါ့ အဟိ

  2. ကသင့်နဲ့ ကဇော်ထူးလဲ living together နေတာပေါ့နော် ဟုတ်စ။ ဒါနဲ့ စီပုံးမှာအော်မလို့ဟာ error ပြနေတယ် ဘာဖြစ်လဲမသိဘူးဗျ

  3. ထိုင်းတွေက အူကြောင်ကြောင်တွေဗျ။ အခုတလော ချင်းမိုင်က ဥပဒေအသစ်က အရက်ကို `ည၅ နာရီကစပြီး နံနက် ၂နာရီအထိ´ ပဲ ဆိုင်တွေကရောင်းခွင့်ရှိတယ်။ အဲ… ည၅နာရီ မတိုင်ခင် သောက်ချင်ရင်တော့ ဆောရီးပဲ…။ ဒီတော့ ဘာလုပ်ရမလဲ။ ကြိုဝယ်ပြီး လှောင်ထားလိုက်တာပေါ့။ ဟီးဟီး…..။ ဒီလိုနည်းနဲ့ ထိုင်းနိုင်ငံမှာ အရက်သောက်သူဦးရေ ကျဆင်းမလား။ ကျုပ်တော့ မထင်… ကိုသင့်က ဇော်တူးနဲ့သာ နေတာ ကျုပ်နဲ့ သောက်တာဗျ… အခုတောင် စီပုံးကို အရက်ပုံးဆိုပြီး ခေါင်းစဉ်ပြောင်းမလို့လုပ်နေလို့ Error ဖြစ်နေတာပဲဖြစ်မှာ…။

  4. အဆောင်ပဲပြောင်းပါ ဗျာ … ဟိုဟာတော့ မပြောင်းပါနဲ့ 🙂

  5. boedawgyi

    ဟိုဟာပြောင်းပြီးရင်..ဓတ်ပုံတင်ပါဗျို့

  6. ရှုပ်ကုန်ပြီဗျို့။ ကျနော်နဲ့ ကိုဇော်တူးနေတာ အဆောင်သာတူတာဗျို့။ အခန်းက တစ်ခန်းစီပါဗျာ။ ကျနော်က ဒုတိယထပ်၊ ကိုဇော်တူးက ရှစ်ထပ်မြောက်မှာ။ ဟန်သစ်ငြိမ်က ကျနော့်အခန်းမှာ သောက်ပြီးရင် ကိုဇော်တူး အခန်းမှာ သွားသွားအိပ်တာဗျ။

    အခြောက်ဆိုရင် အာရုံနောက်လွန်းလို့ပါဗျာ။ ထိုင်းမှာ ပြောပါတယ်။
    သင်ကာ

  7. ကိုသင်ကာကြီး ကို အရောက်ပို့ပေးနေကြပါလားဗျ. 😀 ဟက်ဟက်. ကိုသင့်ရေ. သတိသာထားတော့ဗျို့။

  8. အခြောက်ဆိုရင် အာရုံနောက်လွန်းလို့ပါဗျာ။ “ထိုင်းမှာ ပြောပါတယ်။”

    ဘယ်မှာ ဆိုရင်တော့ မနောက်ဘူးလဲ.. ဟာ.. ရှုပ်ကုန်ပြီ…

  9. t

    သူပြောမှ ပဲ ဒွတ်ခ…ဟားဟား

  10. ကိုသင့်ကလဲ အလုပ်မရှုပ်ချင်ရင် လွယ်လွယ်လေး.. မိန်းကလေးပုံစံပြောင်းလိုက်ပေါ့..။ ဆံပင်ကလည်း ရှည်ပြီးသားမို့လား..လို့..။

    မှတ်ချက်။ ဦးလေးရေ..ပို့စ်မှားပြီး ကွန်မန့်ချလိုက်မိတယ်..ဖျက်လိုက်ဦး

  11. mg ANT

    ဟဲလို ကိုသင်ကာကြီး။ ဒီလို ဆောင်းပါးလေးတွေ ထပ်ရေးပါ။

  12. ထိုင်းကလာတဲ့ officer တယောက်ပြောဖူးတယ်။ ဗမာပြည် ပန်းခြံတွေမှာ အတွဲသိပ်များတယ်တဲ့ သူတို့ထိုင်းမှာ အတွဲတွေက လူမြင်ကွင်းမှာ အဲလိုမနေဘူးဆိုပဲ။ ထိုင်းရောက်တော့ ထိုင်းမတွေ ဘိုတွေနဲ့ တွဲနေတော့တွေ့တယ် ထိုင်းအတွဲသိပ်မတွေ့လို့ သူပြောတာများ ဟုတ်သလား မှတ်ပါတယ်။ ဒင်းတို့က အဲလိုကိုး

  13. သြော်….သြော်။။။။။။ ခွဲရေး တွဲရေးဆိုတာ။။။။ အနို့ကလို..သို့ကလို ကိုး….ဗျ။။။။း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s