ဖွဲ့တည်မှုတစ်ခုအကြောင်း

ပြီးခဲ့သည့် လလောက်ကစပြီး ကျနော် ပျောက်ပျောက်နေသည်ကို ဘလော့ဂ်နှင့် Chat ဘော်ဒါများ သတိပြုမိပါလိမ့်မယ်။ ပျောက်ရခြင်းရဲ့ ပထမအကြောင်းကတော့ ကျောင်းကိစ္စပါ။ စာမေးပွဲဆိုပါတော့။ ဒုတိယအကြောင်းရင်းကတော့…..

 

cover-1.jpg


ဒုတိယအကြောင်းရင်းကတော့ အခုရေးမယ့် ပို့စ်ပါပဲ။

 
ဟန်သစ်ငြိမ်နဲ့ မောင်အန့်တို့က ဖွတန်သလောက်တော့ ဖွပြီးပါပြီ။ ကျနော်ကတော့ ထပ်ရေးချင်သေးလို့ပါ။

 
ကျနော်နေတဲ့ အဆောင်ကြီးရဲ့ ရှေ့မှာ မြေကွက်လပ်ကြီးရှိတယ်။ အဲဒီမြေကွက်လပ်ကြီးရဲ့ ဟိုမှာဘက်မှာ ဘီယာဆိုင်တွေနဲ့ ကလပ်တွေရှိတယ်။ အဲဒီအထဲမှာ ပထမဆုံးဆိုင်က Meeting Club တဲ့။ ကိုဇော်တူးကြီးကြိုက်တဲ့ ဘီယာအမျိုးအစားရှိတဲ့ဆိုင်ပေါ့ဗျာ။ အစက ကိုဇော်တူးတို့၊ မောင်အန့်တို့က သိပ်သောက်တတ်တာမဟုတ်ဘူး။ ကျနော်နဲ့ ဟန်သစ်ငြိမ်က အကျင့်လုပ်ပေးတာနဲ့ ခုတော့ အသောက်စာရင်းဝင်သွားပြီ။ အဲဒီ Meeting Club ဟာ ကျနော်တို့ အတွက် လေထန်ကုန်းပါပဲ။ စာပေအကြောင်းတွေ ပြောကြတယ်။ အတွေ့အကြုံတွေ ဖလှယ်တယ်။ ဟာသတွေနဲ့ တင်းကြပ်မှုတွေကို လျှော့ချတယ်။ အိမ်နီးချင်းနိုင်ငံက ဘော်ဒါတချို့နဲ့ထိုင်ပြီး သူ့နိုင်ငံကိုယ့်နိုင်ငံအကြောင်း ပြောကြတယ်။ Meeting Club ကို အစပျိုးပြနေတာ အကြောင်းရှိပါတယ်။ အခု ကျနော်တို့ ဖန်တီးလိုက်တဲ့ `ဖွဲ့တည်ရာ´e-Magazine ဟာ Meeting Club ရဲ့ စာပေရေးရာဆွေးနွေးမှုကနေ စခဲ့လို့ပါပဲ။

ဟန်သစ်ငြိမ်က စာဖတ်တယ်။ အတွေးအခေါ်လည်းဆန်းတယ်။ ဒီ့ထက်ကောင်းတာက စာလည်းဖြစ်မြောက်အောင်ရေးတတ်တာပါပဲ။ လွန်ခဲ့တဲ့ နှစ်တချို့တုန်းက သူ တစ်ယောက်တည်း အစအဆုံးလုပ်ထားတဲ့ မဂ္ဂဇင်းလေးတစ်ခုကို ပြပါတယ်။ ချီးကျူးထိုက်အောင် အားထုတ်ထားတာတွေ့ရပါတယ်။ ဒါနဲ့ စာဟေ့ ပေဟေ့ဆိုရင် ပိုးက ထနေပြီးဖြစ်တဲ့ ကျနော်က တို့လုပ်ရအောင်၊ လုပ်ချင်တယ်ပြောတော့ မဆိုင်းမတွဘဲ အစီအစဉ်ကို ဆွဲကြပါတယ်။ မောင်အန့်ကိုလည်း ချက်ချင်း အယ်ဒီတာ ဆွဲထည့်လိုက်ပါတယ်။ ကိုဇော်တူးလည်း မနေရ၊ Contributor ဆိုပြီး ဆွဲထားလိုက်တယ်။ စာအရေးအသားနဲ့ အတွေးအခေါ်ကို ကြိုက်တာနဲ့ ခိုင်စိုးလင်းကို ဟန်သစ်ငြိမ်ကတဆင့် အယ်ဒီတာဆိုပြီး ထပ်ဆွဲထားလိုက်တယ်။ ကဗျာရေးကောင်တဲ့ လင်းပြာနွေကိုလည်း နောက်လတွေမှာ ၀င်လုပ်ပေးဖို့ မဲဆွယ်ထားပါတယ်။ အွန်လိုင်းမှာ တွေ့တဲ့ အပေါင်းအသင်းတွေကိုလည်း ရေးပေးဖို့ ပူဆာထားပါတယ်။

ကျနော်တို့က ကျောင်းသား၊ ဘီယာဖိုးနဲ့ လုံးပါးပါးတဲ့ကောင်တွေဆိုတော့ သူများတွေလို ဒိုမိန်းတွေ ဘာတွေ မ၀ယ်နိုင်ချေဘူး။ ဒါနဲ့ အလကားရတဲ့ WordPress နဲ့ မဂ္ဂဇင်းအတွက် ဘလော့ဂ်လေး ကောက်လုပ်လိုက်တာပဲ။

ပြီးသွားတော့ ကျနော်လည်း မလှုပ်ချင်တော့ဘူး ဖြစ်သွားတယ်။ စိတ်လျှော့လိုက်လို့လားမသိ။ ဒီလို မဂ္ဂဇင်းလုပ်ရတာ ကျနော့်အတွက် အတွေ့အကြုံသစ်တော့မဟုတ်ပါ။ ဒါပေမယ့် ဘယ်အယ်ဒီတာမဆို စာစောင်လေးတစ်ခု ကောင်းကောင်းမွန်မွန် ပြီးမြောက်သွားရင် ပီတိဖြစ်ရစမြဲပါပဲ။

အထစ်အငေါ့တွေကတော့ အများကြီးရှိခဲ့ပါတယ်။ ကွန်ပျူတာထဲမှာ ပရိုဂရမ်မရှိတာကနေ ကိုဇော်တူးကြီး အက်ဆီးဒန့် ဖြစ်တဲ့အထိ အစုံပါပဲ။

ဒါပေမယ့် ကျနော်တို့ စနစ်တကျလုပ်ကြတယ်။ ကြိုးစားပမ်းစားလည်း အားထည့်ကြပါတယ်။ ဟန်သစ်ငြိမ်ကတော့ အပင်ပန်းဆုံးပါပဲ။ မဂ္ဂဇင်းကို Upload တင်တော့မယ့် နောက်ဆုံးအချိန်အထိ ကျနော်တို့ အထပ်ထပ်စစ်၊ အထပ်ထပ်ပြင်၊ Perfect မဖြစ်တောင် အကောင်းဆုံးဖြစ်အောင် လုပ်ကြပါတယ်။

အဲဒီရလဒ်ကို ဒီမှာ ရှုစားကြပါ။

အကြံပေးမယ်။ ၀ိုင်းပြီးရေးချင်တယ်ဆိုရင်လည်း ကြိုဆိုလျက်ပါ။

Advertisements

Leave a comment

Filed under Art, Experience

0 responses to “ဖွဲ့တည်မှုတစ်ခုအကြောင်း

  1. Congrats! ပါဗျာ။ ကိုသင်ကာ ကြီးနှင့် တစ်ဖွဲ့သားလုံးပေါ့။

    ကျွန်တော်လည်း ကြိုးကြိုးစားစားနဲ့ ဒေါင်းလုဒ် လုပ်သွားတယ်ဗျို့။

  2. congratulation ကိုသင်ကာရေ… အခက်အခဲတွေ ကြားက ဖြစ်လာတဲ့ အောင်မြင်မှုလေးပဲပေါ့။ စာပေ ဝါသနာပါတဲ့သူတွေတိုင်း ကြိုက်ကြမှာပါ။

  3. katty

    ဖတ်ပြီးပါပြီဗျို့။ အားလုံး ကြိုက်ပါတယ်။ ဒါပေမယ့် ပြင်းသလားလို့( ယပင့်ပျင်း မဟုတ်ပါ)

  4. congratulation all,
    I wanna cooprate with you all
    thanks

  5. တော်တော်ကောင်းတဲ့ မဂ္ဂဇင်းလေးပါပဲ။ အားပေးနေတယ်နော်။ ဒီတစ်ခုကိုကော နောက်ထွက်မှာတွေ ကိုကောပေါ့။

  6. တော်တော့်ကို အားစိုက်ပြီး လုပ်ထားမှန်း မြင်သာပါတယ်။ အကုန်လုံး ကြိုက်တယ်ဗျ။ အားပေးလျက်ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s