0 comments on “ပဉ္စလက်ကကြိုးနဲ့ မှော်ရောင်ဆိုးထားတဲ့ ကဗျာ

  1. ပန်းတွေဝေတဲ့ဘ၀တော့ မဟုတ်ခဲ့ဘူး..

    ခညောင်းတဲ့ မင်္ဂလာတွေနဲ့လည်း တချိန်လုံးမပြည့်ခဲ့ဘူး

    ရေတွက်နေဆဲ နေ့ညတွေမှာ

    စိန်တစ်ပွင့်လို မာကျောမှုအလှတွေနဲ့

    မရှုံးမနိမ့်ခဲ့ဘူး

    မငိုမရယ်ခဲ့ဘူး…

    အားပါး ရေလည်လန်းတယ် ကိုဘုန်းကတော့မိုက်တယ်

  2. သင်၏ အတွေးတွေကို ရှင်းလိုက်စမ်းပါ။
    ကာနေတဲ့ ဒီ မြက်ရိုင်းတောတဆုံး
    နေခြစ်ခြစ်တောက်ပူနေတဲ့ လွင်ပြင် တခုရှိတယ်။
    ကောင်းမွန်သော လမ်းတခုတော့ ဟုတ်မယ်မထင်။
    လားပေါင်းများစွာနဲ့ ငါတို့ ခရီးဆက်ဖို့ပဲ ရှိတော့တယ်။

  3. ကိုရောက်လာခဲ့တော့
    သင်ဧည့်ခံထားခဲ့တဲ့
    ကာရံလှလှလေးတွေကို
    မိုက်မိုက်မူးမူးဖတ်သွားပြီး
    တယ်ခင်းထားတာမှန်သမျှကိုလည်း
    ဗျာပါဒမရှိစားသုံးသွားခဲ့လေ၏။

  4. သင့်မြတ်တဲ့ ရေးစပ်မှုပါပဲ…
    ကာရန်တွေ လှပခဲ့ပါပေ့..
    လွတ်လွတ်လပ်လပ်တွေးရင်း..
    ရဲရဲရင့်ရင့်ရေးတဲ့သူရေ..
    အားပေးခဲ့တယ် အောင်လံထူစေ

  5. ကိုသင်ကာရေ..

    ပြည့်အောင်ဖြည့်ဖို့မလွယ်တဲ့ ဘ၀မှာ

    စုံအောင်တော့ စွန့်စားခဲ့ပါပြီ

    လေးနက်မှုတစ်စုံတရာကို ရှာဖွေရင်းနဲ့…
    စိတ်ကူးလေးရယ်.. ပုံဖော်ထားတာရယ်..
    အရမ်းကောင်းတယ်ဗျာ…
    ကိုသင်ကာပြောသလို ကျနော်ရှာဖွေတုန်းပါ..
    ကျနော်က နာမည်ပဲ ပြည့်စုံတာလေ.. ..
    မနက်ဖြန်တိုင်းမှာ နံနက်ခင်းလေးလို လှပနိုင်ပါစေဗျာ..

  6. ကိုယ်တိုင်ရေးတဲ့ကဗျာတစ်ပုဒ်မှာ
    သင့်ကိုသာ ရည်စူး
    ကာဆီးမှုတွေကို တွန်းလှန်တော့
    ပျော်တော့မယ့် ရေခဲပြင်တစ်ခုက
    ရွှင်လန်းစွာ ကခုန်နေသည်။
    ပါဝင်ခွင့်ရတာကို ကြည်နူးရင်း
    စေတဖန် သက်တဆုံး ဂုဏ်ယူနေမယ်တဲ့။

  7. ပင့်ဂိုလ်းရောင် အတိတ်တွေ ဆိုတာ ဘယ်လိုများ ပါလိမ့်
    ကိုကျော်ဇေယျ လည်း ရေးလို့ ဟိုနေ့ကပဲ သွားဖတ်ပြီးပြီ
    ဟော ခု ကိုသင်ကာ ရေးပြန်ပြီ
    ပေါက်ပေါက်ရှာရှာတွေ တွေးတတ်ကြတယ်

  8. ကျွန်တော်လုပ်ချင်တဲ့ အိုင်ဒီယာမျိုးပဲဗျ။ အရမ်းအရမ်းကို လေးစားပါတယ်ဗျာ။ ကျွန်တော်လည်း အချိန်ရရင် တစ်ပုဒ်ရေးမယ်ဗျာ။

    (သင်)လုပ်သမျှ
    (ကာ)ရံဆန်းတွေ
    (တော်)ရိရော်ရိ
    (သည်)လူမမြင်။

  9. Virtual World လေးပဲ ပိုင်ဆိုင်ခွင့်ရစေဦးတော့

    ဘုရင်မနဲ့ ထီးပြိုင်နန်းပြိုင်မရှိဘူးလေ…/
    ဟား….လှတယ်ဗျို့…ကျေးဇူး..။

  10. ကိုသင်ကာ .. ရေးထားတာ အရမ်းကောင်းတယ်ဗျာ.. ရေးလည်းရေးတတ် အတွေးလည်းစုံတော့ အကုန်ပါသွားအောင်ကိုရေးတတ်တာပဲဗျ… အဆင်ပြေပါစေဗျာ..

  11. ကို သင်ကာရေ အင်မတန်ကောင်းပါတယ်။။ကျေးဇူးဗျာ ..နက်မကောင်းတာရယ်။စီဘောက်က
    ဘာတွေ အယ်ရာနေမှန်းမသိလို့ ကဗျာလေးကို မတွေ့ လိုက်ရဘူး အခုမှ တွေ့ရတယ်
    တော်တော်လေး စုံနေတာပဲနော် ..ကိုသင်ကာ အဆင်ပြောပါစေ .ပျော်ရွှင်ပါစေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s