ကကြိုးဖွဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့
ဒေါင်းတစ်ကောင်ရဲ့ အိပ်မက်မှာ
ညင်သာစွာတည်ဖြစ်တဲ့
သာယာခြင်း ပြည်သစ်ပုံရိပ်တွေ…
ကကွက်တွေ ဆုံးပျောက်
လူတစ်ယောက်ရဲ့ ဖြစ်တည်မှုအလွဲများမှာ
သစ်လွင်တဲ့ အခြားစာမျက်နှာတစ်ဖက်ရှိတယ်…
ကောင်လေးတစ်ယောက်ရဲ့
ဆိုးဆိုးပေပေ အတွေးဝိဥာဉ်တစ်ခုပါ
လေးနက်မှုတွေနဲ့အတူ အေးဆေးမှုတွေလည်း ရောစွက်ထားပါရဲ့….
ကောင်းကင်ကို ကိုင်ဆုပ်မယ့်လက်နဲ့
ကင်ဆာတစ်ခုလို လောင်ကျွမ်းမယ့်စိတ်ကူးကြားမှာ
ကိုပိုင်ဆိုင်ထားတဲ့ အနမ်းတစ်ခုတော့ သိမ်းခဲ့မယ်…
ကောင်းမွန်ခြင်းတွေ သယ်ဆောင်ခဲ့ပါ
အောင်မြင်မှုတွေကို မင်းခြွေယူဖို့ ထားခဲ့တယ်…
ကျော်ကြားမှုတွေနဲ့ ယစ်မူးတတ်တဲ့ဘ၀ဇာတ်ခုံမှာ
ခိုင်မာနေတဲ့ စိတ်တစ်စုံလည်း အတူရပ်နေရမယ်…
All Together on A Planet ပေါ့…
ပိုကောင်းမယ့် မျှော်လင့်ခြင်းလျလျအတွက်
မနက်ဖြန်တစ်ခဏတော့ ရပါရစေဦး…
`စပ်မိစပ်ရာတွေကို ရောက်တတ်ရာရာတွေးတဲ့အခါ
လုလုပြီး နင်နဲ့စားခဲ့တဲ့ မုန့်အရသာ
ပင့်ခ်ဂိုးလ်ရောင်အတိတ်မှာ ကျန်ခဲ့တာသတိရ
မုတ်သုန်လေ နဲ့အတူတစ်ပတ်ကျော့ခဲ့ပြီ…
မှော်ဆရာမဟုတ်တဲ့
ပုထုဇဉ် ကိုယ်လိုလူအတွက်
သုညနီးနီးကျဆုံးခဲ့ပေမယ့်
Trash ထဲ ထည့်ပစ်ဖို့ မဟုတ်ဘူး
ဘ၀သစ်ကို ပြန်စဖို့…´
ခွန်အားတွေ မျှပါရစေ
မြအဆင်းလို လှခြင်းအသရေတွေနဲ့
လှိုင်စေ လွှမ်းစေ သာယာစေ…
ရေခဲပြင်မှာ အေးစက်မှုတွေ ပွေ့ဖက်နေသလား
ပန်းတစ်ပွင့်အတွက်တော့ အသက်ဆက်ခွင့်ရှိရမယ်…
ချိုမြိန်တဲ့ အချိန်တွေ အတိတ်မှာ မကျန်ရစ်ဘူး
ငယ်သေးတဲ့အတွေးမှာ လတ်ဆတ်ခြင်းတွေနဲ့
ဦးဦးဖျားဖျားကြည်နူးမှတ်တမ်းထဲမှာ…
Chaos ထွေပြားလျော့လျဲမှုတွေမှာ
ကဗျာနဲ့ ရှင်တဲ့သူတစ်ယောက်ကတော့
ချစ်သူပေးတဲ့ ရှင်သန်ခွင့်နဲ့ပေါ့…
ဂျစ်တစ်တစ်နဲ့ လောကကို ခါးစောင်းတင်ချင်
တူးတူးခါးခါးတွေနဲ့ အတိတ်က မချိုခဲ့ပဲလေ…
အပိုင်းအစတွေနဲ့ပဲ ဘ၀တစ်ခုဖွဲ့ခဲ့တယ်…
ညလေးရဲ့ ဆိတ်ငြိမ်မှုမှာ အသက်ဝင်ဖူးတဲ့
အိပ်မက်သဲ့သဲ့ ၀ိဥာဉ်တစ်စပါပဲ
မက်ဖူးတာကို ခေါက်သိမ်းထားခဲ့တယ်
ဒိုင်ယာရီဆိုပေမယ့် စကားလုံးတွေနဲ့တော့ မဟုတ်ဘူး…
စင်ပေါ်ရောက်မှလည်း မီးစင်ကြည့်ကဖူးတယ်
ခယမှုတွေနဲ့လည်း အနိုင်ရဘူးတယ်
ရိုသေမှုအပြန်အလှန်နဲ့ အရာရာကျော်ဖြတ်ဖို့ပါပဲ…
စိုးမိုးထားခြင်းရဲ့နောက်ကွယ်မှာ
ထက်မြက်တဲ့ ချစ်ခြင်းနဲ့ တွဲလျက်ပါကွယ်..
ဆောင်းညရဲ့ အစိမ်းသက်သက်တွေထဲမှာ
ယွန်းသွားတဲ့ နေ့ရက်တွေကို ပြန်ဆယ်တဲ့အခါ
လလည်း မသာနိုင်ဘူး…
ပန်းတွေဝေတဲ့ဘ၀တော့ မဟုတ်ခဲ့ဘူး..
ခညောင်းတဲ့ မင်္ဂလာတွေနဲ့လည်း တချိန်လုံးမပြည့်ခဲ့ဘူး
ရေတွက်နေဆဲ နေ့ညတွေမှာ
စိန်တစ်ပွင့်လို မာကျောမှုအလှတွေနဲ့
မရှုံးမနိမ့်ခဲ့ဘူး
မငိုမရယ်ခဲ့ဘူး…
ပီပြင်မှုနဲ့ ၀ိုးတ၀ါးတွေအကြားမှာ
ကေသရာလိုလည်း ရဲရင့်ခဲ့တယ်…
ပြည့်အောင်ဖြည့်ဖို့မလွယ်တဲ့ ဘ၀မှာ
စုံအောင်တော့ စွန့်စားခဲ့ပါပြီ
လေးနက်မှုတစ်စုံတရာကို ရှာဖွေရင်းနဲ့…
ဘာတွေမှ ရှင်းမပြနဲ့တော့
ညာနေတာမဟုတ်မှန်း သိခဲ့ပြီးသား
ဒီလိုအချိန်မှာ ရှင်သန်ခွင့်ပေးစေချင်တာက
မိုမောက်ခြင်းမပါတဲ့ မာနအသင့်အတင့်တစ်ခုပါ..
မာန်တွေမှ တင်းမထားရင်းလည်း
လှိုင်းပြင်းရိုက်တွေဟာ
ငယ်ရွယ်တဲ့အခါမှာ ဒဏ်ဖြစ်ကျန်ခဲ့မယ်…
Biggest ပွဲကြီးပွဲကောင်းတဲ့လား
သူများတွေလို လိုက်မယောင်ချင်ဘူး
Let it Be နေပါစေတော့….
မလျှော့မတင်းတဲ့ ဇွဲခတ်မှုမျိုးနဲ့
ယသော်ဓရာအလွမ်းလိုလည်း ဖွဲ့မနေချင်သူမို့
မင်းမူနေတဲ့ အနုတ်လက္ခာဏာ တွန်းကန်အားတွေကို
အေးဆေးတဲ့ ခံနိုင်ရည်တွေနဲ့ ကျော်ဖြတ်ခဲ့တယ်…
မိုးပြာရောင် ကမ္ဗလာအကြည်သားမှာ
အိပ်မက်များ တယုတယစိုက်ပျိုးထား
မေပျိုမှတပါး အခြားသူမဖြစ်နိုင်…
ရန်လိုခြင်းတွေ ကင်းတဲ့ ကမ္ဘာမို့
အောင်မြင်မှုတွေ လိုချင်သလောက်ထုပ်ပိုးယူသွားကြပါ…
ပြောပါရစေ
ရွှေအဆင်း စိတ်ကူးစိတ်သန်းတွေ
ဂျမ်းဖြစ်ပြီး ရပ်သွားတဲ့အထိ…
ရွှန်းပတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ပါ
မီတာပြသလို တက်ရိပ်ကျရိပ်တွေရှိသည့်တိုင်
စုံစီနဖာ အသေချာပြဌာန်းမထားပေမယ့်
စာမျက်နှာကတော့ လှပနေလိမ့်မယ်…
လေးနက်ခြင်းတွေနဲ့ တွယ်တာခဲ့တာပါ
မမျှော်လင့်တာတွေ ဖြစ်ပျက်နေသမျှ
ကမ္ဘာဟာ အသက်ဝင်နေဦးမယ်…
Virtual World လေးပဲ ပိုင်ဆိုင်ခွင့်ရစေဦးတော့
ဘုရင်မနဲ့ ထီးပြိုင်နန်းပြိုင်မရှိဘူးလေ…
လင်းဖျော့ဖျော့အတိတ်ရဲ့ အရိပ်တွေထဲမှာ
ဦးခေါင်းဟာ ချာချာလည်ခဲ့ဖူးပြီ
အာကာသထဲမှာ တစ်နေရာရပ်ဖို့ကြိုးစားရင်း
ဆင်ခြေဆင်လက်တထမ်းတပိုးနဲ့
နယ်ခြားရဲ့ စည်းတစ်ဖက်ကို မလွန်မြောက်ခဲ့သူပါ…
လင်းထိန်နေဖို့ အမြဲအသင့်မဖြစ်သင့်တိုင်
လက်ကနဲသော တဖျတ်ဖျတ်တောက်ပမှုမျိုးနဲ့
ကြယ်တစ်စင်းရဲ့ ပါဝင်ထွန်းလင်းခြင်းလို
စင်ကြယ်တဲ့ ဖြစ်တည်မှုအနေနဲ့ ရှိပါရစေ…
လွမ်းနေတဲ့ တိတ်ဆိတ်နာရီတွေမှာ
စေသူမဲ့ လွှင့်မျောနေခဲ့ဖူးတယ်…
မင်းကိုလွမ်းပြီး တဖြည်းဖြည်းကြွေကျအောင်
`တ´ စေ တဲ့ အနမ်းတွေနဲ့ အမိန့်ပေးခဲ့ပြီပဲ…
ဝင်္က န္တဥာဏ်တွေနဲ့ စီမံတဲ့
ကစားမယ့် လှည့်ကွက်တစ်ခုမဟုတ်ခဲ့ပါဘူး
ပါဝင်ပေါင်းစပ်ခဲ့တဲ့ စိတ်ကူးအလျဉ်တစ်ခုပါ…
သင်ဟာ ဒီစကားလုံးတွေကို ပယ်ဖျက်ခွင့်ရှိပါတယ်
ကာရန်အဖွဲ့တွေကို ခါးသက်တယ်လို့များ ထင်ရင်ပေါ့…
လွတ်လွတ်လပ်လပ်ပဲ စကားလုံးတွေ ချပစ်ခဲ့ပါ
တွေးတောခြင်းကမ္ဘာမှာ နယ်စပ်ဆိုတာမရှိဘူး….
ဟန်တစ်ခု ထိုးထွက်လာဖို့
သစ်ချင်မှသစ်ပေမယ့်
ငြိမ်သက်စာလုံးတွေနဲ့ ထုဆစ်ခဲ့တာမို့ပါ…
သင်ကာ
(07: 05 pm, 18 Feb, 2008)
ကိုသင်ကာရေးတဲ့ ထူးထူးဆန်းဆန်းကဗျာတွေ လာဖတ်သွားတယ်ဗျို့။
ကောင်းပါတယ် ခင်ဗျာ … 😀
ကဗျာ အရမ်းကောင်းတယ်ဗျာ။ စိတ်ကူးဆန်းလှချည်လားဗျ။ ကဗျာတွေ ရေးပါဦးဗျာ။
“ဟား ဟား ဟား“ ဟု သုံးကြိမ် သုံးခါ ရယ်သွမ်းသွားသည်။
ပန်းတွေဝေတဲ့ဘ၀တော့ မဟုတ်ခဲ့ဘူး..
ခညောင်းတဲ့ မင်္ဂလာတွေနဲ့လည်း တချိန်လုံးမပြည့်ခဲ့ဘူး
ရေတွက်နေဆဲ နေ့ညတွေမှာ
စိန်တစ်ပွင့်လို မာကျောမှုအလှတွေနဲ့
မရှုံးမနိမ့်ခဲ့ဘူး
မငိုမရယ်ခဲ့ဘူး…
အားပါး ရေလည်လန်းတယ် ကိုဘုန်းကတော့မိုက်တယ်
သင်၏ အတွေးတွေကို ရှင်းလိုက်စမ်းပါ။
ကာနေတဲ့ ဒီ မြက်ရိုင်းတောတဆုံး
နေခြစ်ခြစ်တောက်ပူနေတဲ့ လွင်ပြင် တခုရှိတယ်။
ကောင်းမွန်သော လမ်းတခုတော့ ဟုတ်မယ်မထင်။
လားပေါင်းများစွာနဲ့ ငါတို့ ခရီးဆက်ဖို့ပဲ ရှိတော့တယ်။
ကိုရောက်လာခဲ့တော့
သင်ဧည့်ခံထားခဲ့တဲ့
ကာရံလှလှလေးတွေကို
မိုက်မိုက်မူးမူးဖတ်သွားပြီး
တယ်ခင်းထားတာမှန်သမျှကိုလည်း
ဗျာပါဒမရှိစားသုံးသွားခဲ့လေ၏။
သင့်မြတ်တဲ့ ရေးစပ်မှုပါပဲ…
ကာရန်တွေ လှပခဲ့ပါပေ့..
လွတ်လွတ်လပ်လပ်တွေးရင်း..
ရဲရဲရင့်ရင့်ရေးတဲ့သူရေ..
အားပေးခဲ့တယ် အောင်လံထူစေ
ကိုသင်ကာရေ..
ပြည့်အောင်ဖြည့်ဖို့မလွယ်တဲ့ ဘ၀မှာ
စုံအောင်တော့ စွန့်စားခဲ့ပါပြီ
လေးနက်မှုတစ်စုံတရာကို ရှာဖွေရင်းနဲ့…
စိတ်ကူးလေးရယ်.. ပုံဖော်ထားတာရယ်..
အရမ်းကောင်းတယ်ဗျာ…
ကိုသင်ကာပြောသလို ကျနော်ရှာဖွေတုန်းပါ..
ကျနော်က နာမည်ပဲ ပြည့်စုံတာလေ.. ..
မနက်ဖြန်တိုင်းမှာ နံနက်ခင်းလေးလို လှပနိုင်ပါစေဗျာ..
ကိုယ်တိုင်ရေးတဲ့ကဗျာတစ်ပုဒ်မှာ
သင့်ကိုသာ ရည်စူး
ကာဆီးမှုတွေကို တွန်းလှန်တော့
ပျော်တော့မယ့် ရေခဲပြင်တစ်ခုက
ရွှင်လန်းစွာ ကခုန်နေသည်။
ပါဝင်ခွင့်ရတာကို ကြည်နူးရင်း
စေတဖန် သက်တဆုံး ဂုဏ်ယူနေမယ်တဲ့။
ပင့်ဂိုလ်းရောင် အတိတ်တွေ ဆိုတာ ဘယ်လိုများ ပါလိမ့်
ကိုကျော်ဇေယျ လည်း ရေးလို့ ဟိုနေ့ကပဲ သွားဖတ်ပြီးပြီ
ဟော ခု ကိုသင်ကာ ရေးပြန်ပြီ
ပေါက်ပေါက်ရှာရှာတွေ တွေးတတ်ကြတယ်
ကျွန်တော်လုပ်ချင်တဲ့ အိုင်ဒီယာမျိုးပဲဗျ။ အရမ်းအရမ်းကို လေးစားပါတယ်ဗျာ။ ကျွန်တော်လည်း အချိန်ရရင် တစ်ပုဒ်ရေးမယ်ဗျာ။
(သင်)လုပ်သမျှ
(ကာ)ရံဆန်းတွေ
(တော်)ရိရော်ရိ
(သည်)လူမမြင်။
Virtual World လေးပဲ ပိုင်ဆိုင်ခွင့်ရစေဦးတော့
ဘုရင်မနဲ့ ထီးပြိုင်နန်းပြိုင်မရှိဘူးလေ…/
ဟား….လှတယ်ဗျို့…ကျေးဇူး..။
ရေးတတ်တယ်။ တော်တယ် ကိုthinker ရေ။ စုံသွားတာပဲ။
ကိုသင်ကာ .. ရေးထားတာ အရမ်းကောင်းတယ်ဗျာ.. ရေးလည်းရေးတတ် အတွေးလည်းစုံတော့ အကုန်ပါသွားအောင်ကိုရေးတတ်တာပဲဗျ… အဆင်ပြေပါစေဗျာ..
ကို သင်ကာရေ အင်မတန်ကောင်းပါတယ်။။ကျေးဇူးဗျာ ..နက်မကောင်းတာရယ်။စီဘောက်က
ဘာတွေ အယ်ရာနေမှန်းမသိလို့ ကဗျာလေးကို မတွေ့ လိုက်ရဘူး အခုမှ တွေ့ရတယ်
တော်တော်လေး စုံနေတာပဲနော် ..ကိုသင်ကာ အဆင်ပြောပါစေ .ပျော်ရွှင်ပါစေ
ဆန်းသစ်အောင် အားထုတ်ထားတာပဲ…လှတယ်..ကဗျာလေးက..အတွေးလေးလည်း
ဆန်းတယ်