ဆာဗာက ဒေါင်းပြန်၊ အာဏာတွေနဲ့ မကောင်းကြံ၊ ဘလော်ဂါတွေက ခေါင်းခံ၊ အာရုံတွေက ဗြောင်းဆန်

ဆာဗာက ဒေါင်းပြန်

WordPress တင်ထားတဲ့ ဆာဗာတွေ Upgrade လုပ်လို့ ဒေါင်းသွားတဲ့ အကြောင်း ကဒေါင်းလေးမတို့က အတွေ့အကြုံတွေ ရေးပြီးသလို၊ မှော်ဆရာကလည်း ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ရေးခဲ့ကြပါပြီ။ ထိုထိုတိုင်ပတ်ကြတဲ့အထဲမှာ ကျနော်လည်း အပါအ၀င်ပေါ့။ မှော်ဆရာပြောတဲ့ အတိုင်းလုပ်လိုက်တာ အိုကေသွားတယ်။ ဒါပေမယ့် ပို့စ်တင်တဲ့အခါ ပြဿနာပေါ်တယ်။

အချိန်နဲ့လုပ်ရမယ့်အလုပ်ကလည်းရှိ၊ ပထမဆုံးအကြိမ်အဖြစ် အရှည်ဆုံးရေးထားတဲ့ “ယာယီကဗျာဆရာ”ပို့စ် သုံးပိုင်းကလည်းတင်မရဖြစ်နေတော့ အာရုံတွေ တော်တော်နောက်လာသည်။ အဖြေဘယ်လိုမှ ရှာမရ။ ကိုသင်္ကြန်ကို အွန်လိုင်းမှာ တွေ့တာနဲ့ Host တစ်ခုကနေ တစ်ခုကို လိပ်စာတစ်ခုတည်းရအောင် ပြောင်းလို့လွယ်သလား လှမ်းမေးကြည့်လိုက်သည်။ လွယ်ပါတယ်တဲ့။ လက်ရှိဘလော့ဂ်ကို Backup လုပ်၊ ပြီးရင် Phpnet.us ပေါ်က Subdomain ကို ဖျက်ချ။ အသစ်ပြောင်းချင်တဲ့ Byethost မှာ အကောင့်ယူပြီး Backup လုပ်ထားတာဆွဲချပေါ့တဲ့။

ကိုင်း…ဘလော့ဂ်မှ မမြင်ရရင် မနေတတ်သလိုဖြစ်နေတဲ့ကောင်ဆိုတော့ အရေးကြီးကိစ္စတွေ ဘေးချိတ်ပြီး ဘလော့ဂ်အခန်းပြောင်းဖို့ စိုင်းပြင်းတော့တယ်။ Phpnet မှာက Wordpess က 2.2။ ကိုယ်က နောက်ပေါ်တဲ့ ဗားရှင်းသုံးချင်တာရယ်၊ Phpnet က ကြော်ငြာများတာရယ် ဒီနှစ်ချက်ကြောင့် ပြောင်းဖြစ်တာပါ။ ပြောင်းတာ အိုကေတယ်။ ဒါပေမယ့် ဒီTheme မှာ Fix မဖြစ်တာလေးတစ်ခု ဘလော့ဂ် အောက်ဆုံးမှာ Error ဆိုပြီးပြနေတယ်။ ဒါနဲ့ Theme ရဲ့ သက်ဆိုင်ရာ ၀က်ဘ်ဆိုက်ဆီသွားပြီး သူပြောထားသလို လုပ်လိုက်တာ အိုကေသွားတယ်။ ဘလော့ဂ်လည်း Speed တော်တော်မြန်လာတာ တွေ့ရတယ်။

ပြောင်းတဲ့နေရာမှာ ပုံတွေပါမလာတာ တွေ့ရတယ်။ ဘဘော့ဂ်ဟောင်းက ဖျက်လိုက်တော့ Upload လုပ်ထားတဲ့ ပုံတွေ ကိစ္စချောကုန်တဲ့ သဘောပဲ။ နောက်ဆုံးပို့စ်တွေကိုပဲ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်တင်နိုင်တယ်။ အရင်ပို့စ်တွေ ပြန်မသနိုင်သေးဘူး။ လင့်ခ်တွေလည်း ပါမလာတာ တွေ့ရတယ်။ လူလည်း ခြေကုန်လက်ပန်းကျပြီး ဘာမှ အသစ်မရေးနိုင်။ မှော်ဆရာရဲ့ ဘလော့ဂ်ကို ဖွင့်ထားပြီး တချိန်လုံးလုပ်နေရပေမယ့် Comment လေးတောင် ချက်ချင်း ရေးမပေးအား။ ဘာဖြစ်ဖြစ် ကိုသင်္ကြန်နဲ့ မှော်ဆရာကို ကျေးဇူးအထူးတင်သည်။ ဘလော်ဂါမှော်ဆရာ WordPress အကြောင်း မွှေနှောက်ရေးပေးနေတာ ကျနော်တို့လို မအူမလည်နဲ့ WordPress တက်ကိုင်တဲ့ သူတွေ အဖို့ ဘုရားမတာပဲ ဖြစ်သည်။ ဒါက ဆာဗာအဒေါင်း။

 

အာဏာတွေနဲ့ မကောင်းကြံ၊ ဘလော်ဂါတွေက ခေါင်းခံ

စိတ်မော လူမောနဲ့ ဘာမှ ပို့စ်မရေးနိုင်။ အရေးထဲ လင့်ခ်တွေ ပါမလာရသည့်အထဲ ကွန်ပျူတာ ပြောင်းသုံးနေပြန်၍ ဘလော့ဂ်လိပ်စာတွေ မမှတ်မိတော့ ခြေချုပ်မိနေပြန်။ ဒီလိုဖြစ်ရင် ကျနော်လုပ်တဲ့နည်းက ဒေါက်စိုးနဲ့ ကဒေါင်းဆီ ရအောင်သွားလိုက်တာပဲ။ ဒေါက်စိုးဆီမှာက စီဘောက်မှာ လူစုံတက်စုံ လာလည်တတ်တော့ အဲဒီလင့်ခ်တွေကနေသွား၊ ကဒေါင်းဆီမှာ ကျနော်လည်လေ့ရှိတဲ့ ဘလော့လင့်ခ်တွေရှိတော့ အဲဒီကနေတဆင့်သွား၊ အဲသလို လုပ်လိုက်တာပါပဲ။ ဘလော့ဂ်တွေလိုက်ဖတ်၊ သတင်းတွေလိုက်ဖတ်နဲ့ အချိန်ကုန်နေတယ်။

ဂျီတော့ခ် ဖွင့်တုန်း မက်ဆေ့ခ်ျရောက်လာတယ်။ သိကြတဲ့အတိုင်း လွတ်ကျတဲ့မြို့တော်ကို စစ်အစိုးရက ကောက်သွားတယ်ဆိုတဲ့အကြောင်းပါ။ ဘယ်လိုတွေ ဖြစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲ ချက်ချင်းမသိရ။ စောစောစီးစီး စက်ရပ်သတင်းအဖြစ်တက်လာတဲ့ သတင်းတစ်ပုဒ်ကတော့ အချက်အလက်တွေ မှားနေသည်ဟု သိရသည်။  ဒါက အာဏာနဲ့ အကြောင်းဖန်သမျှ ဘလော်ဂါတွေ ခေါင်းခံရမလို ဖြစ်နေသည့်ကိစ္စ။

 

အာရုံတွေက ဗြောင်းဆန်

နောက်နေသည့်အာရုံက ပိုနောက်သွားသည်။ အာဏာရှင်တွေ ထင်တိုင်းကြဲသောတိုင်းပြည်တိုင်း ဒီလိုတွေချည်းပါပဲ။ မနိုင် နိုင်ရာ ကိုင်ကြမည်။ ဖင်မြဲဖို့ ဘာမဆိုလုပ်ကြမည်ပင်။ ဘာဖြစ်ဖြစ် ပြည်တွင်းက တခြားဘလော်ဂါတွေလည်း မျက်ခုံးလှုပ်ကြမည်။ IT အပေါက်ကို ဘယ်လို ပိတ်နိုင်မလဲ၊ ကြည့်လိုက်ချင်သေးသည်။ လူဆိုတာ ဖိလေကြွလေဆိုတာ…။

ဒါတွေပြောရင် ဒေါတွေပါမည်။ လွတ်လပ်ခွင့်ကို ရိုက်ချိုးတာလောက် မုန်းတာမရှိ။ အတွေးအခေါ်ဆိုတာ သတ်လို့ မရကောင်းဘူး။ အစိုးရအမည်ခံထားတာဟာ ဒီအရည်အဖတ်မရ၊ ဆန်စဉ်ရာ ကျည်ပွေ့လိုက်ထောင်းနေရုံနဲ့ ပြီးနေတော့တာပါပဲ။ ပုံပြင်တွေ လာမပြောနဲ့။ စိတ်ပိန်တယ်။ ဒါတွေပေါင်းလိုက်တော့ အာရုံတွေ ဗြောင်းဆန်နေတော့တာပဲ။

Advertisements

Leave a comment

Filed under IT & Blogging, Politics

0 responses to “ဆာဗာက ဒေါင်းပြန်၊ အာဏာတွေနဲ့ မကောင်းကြံ၊ ဘလော်ဂါတွေက ခေါင်းခံ၊ အာရုံတွေက ဗြောင်းဆန်

  1. လမ်းညွှန် ပေါ့လေ 😛 အခုမှ ဒေါက်စိုး ဆိုတာ … ဘယ်သူလဲ သိ သွားတာ … ဟိ … အားလုံးက ဒေါက်တာ ထက် … ပဲ ခေါ်ကြတာဗျ 😛

  2. လေးမ လည်း. မအူမလည်နဲ့ WordPress တက်ကိုင်တဲ့ သူဆိုတော့ တော်တော် ဒုက္ခရောက်တယ်..။ ဒါပေမယ့် WordPress ကမိုက်တယ်..။ လေးမ ဆို ဘာမှ လုပ်တတ်တာမဟုတ်ဘူး..။ မလုပ်တတ်ဘူးဆိုပြီး စာပို့လိုက်တာ.. သူက ပြင်ပေးသွားတယ်..။

  3. ကိုသင်ကာရေ အာရုံတွေ ဗြောင်းဆန်မနေနဲ့.. သူတို့က ဒီလိုပဲဗျ.. နိုင်ရာ မဲတာ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s