ဒီဇင်ဘာ ၃၁ ကျောင်းသားပါတီ (နှစ်ခက်တာ)

နှစ်ခက်တာ ဆိုလို့ ဘာများလည်း တွေးနေကြမယ်။ နှစ်ခါ Tag လို့ပြောတာ။ ကိုရန်အောင်က ဒီဇင်ဘာ ၃၁ အကြောင်းရေးဖို့ Tag ပါတယ်။ မယမင်းကလည်း ကိုရန်အောင်က သူ့ကို Tag တာကိုရေးရင် ကျနော့ကို ထပ် Tag ပါတယ်။ ဒီလိုနဲ့ ကျနော် ၂ ခက်တာဖြစ်သွားရတာပါ။ ၂ ခါ ထီပေါက်တယ်။

ပထမ Tag မှာ မှတ်မိသမျှဒီဇင်ဘာ ရောက်တတ်ရာရာရေးပြီးပါပြီ။ မယမင်းရဲ့ Tag ကိုတော့ ၂၀၀၇ ဒီဇင်ဘာ ၃၁ အကြောင်းရေးချင်ပါတယ်။ မနှစ်ကတော့ ပါမောက္ခတစ်ယောက်အိမ်မှာ Count Down ပါတီလုပ်နေတုန်း ဘန်ကောက်မှာ ဗုံးကွဲလို့ ပွဲပျက်သွားကြောင်း ပြောခဲ့ပါတယ်။ ဒီနှစ်မှာတော့ တခြားဌာနက ကျောင်းသားတစ်ယောက်က သူပါတီလုပ်မယ်လို့ဆိုပါတယ်။ ပါတီဆိုလို့ ကြီးကြီးရယ်တော့ မဟုတ်ပါဘူး။ အခန်းမှာ ဖြစ်သလိုပေါ့။ အဓိကက တွေ့ကြဆုံကြဖို့ ပြောဆိုကြဖို့ပါပဲ။

သူ့အခန်းမှာ ချက်ပြုတ်ဖို့ ခွက်ပလုံးမရှိ။ လှမ်းမေးတော့ ကျောင်းသူတွေကို ခွဲတမ်းချပြီး ချက်ခိုင်းထားသတဲ့။ ကောင်းပါလေ့။ မိန်းကလေးတွေက ချက်စားကြတာဆိုတော့ အိုးခွက်ရှိတယ်လေ။ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်မလေးကလည်း အလည်ရောက်နေတော့ သူကလည်း ၀ိုင်းချက်ပေးပါတယ်။ သင်ကာကတော့ ဒီအခန်းကအိုးခွက်တွေ ဟိုအခန်းပို့လိုက်။ ဇွန်းပို့လိုက်၊ ထမင်းပေါင်းအိုးပို့လိုက်နဲ့ သယ်ယူပို့ဆောင်ရေးပါပဲ။ ညနေကျတော့မှ ရေခဲဗူးထဲ အောက်ထပ်က ရေခဲအပြည့်ဝယ်ထည့်ပြီး သွားလိုက်ပါတယ်။ ပါတီလုပ်မယ့် အခန်းက တစ်ဆောင်ထဲလေ။

ကိုယ်က တဆောင်တည်းသားချင်းရဲ့ပါတီမှာ အိမ်ရှင်တပိုင်းဆိုတော့ စောစောသွားလိုက်ပါတယ်။ အရင်ဆုံးရောက်လာတာက ပြောင်းလာတာ မကြာသေးတဲ့ တဆောင်တည်းသားချင်းပဲ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဇနီးမောင်နှံပါ။ မိန်းမဖြစ်သူက သူ့ယောင်္ကျား ကျောင်းသားဆီ မနေ့ကမှ လိုက်လာတာတဲ့။ ဒုတိယရောက်လာတာက Eco က ဆရာကြီးပီတာ ဖြစ်သည်။ သူကား မြန်မာကျောင်းသားတွေနှင့် အလွန်ပဏာတင့်၏။ Eco တွင် ၂၀၀၇ ကစ၍ International တန်း ဖွင့်ရာ မြန်မာကျောင်းသား ၅ ယောက်လောက်လာတက်သည်။ ဆရာပီတာကြီးက မြန်မာလိုသင်ယူနေတာ တော်တော်ပြောတတ်နေပြီ။ သူသည် ဘာသာစကား ၅ မျိုးလောက်ပြောတတ်သည်ဟုဆိုသည်။ မနှစ်က နီပေါတွေကို နေပါလီစကားနဲ့ပြောနေတာ ကြားဖူးသည်။ သူသည် ကနေဒါရှိ Laval တက္ကသိုလ်မှာ နှစ်ဝက်၊ ဒီတက္ကသိုလ်မှာ နှစ်ဝက်သင်သည်။ `ဆာပြီလား´နှင့် `စားပြီလား´ကို အသံခွဲဖို့ သူမှာခက်နေသည်။

dsc03159.jpg

တတိယရောက်လာတာက Eco ကျောင်းသူနဲ့ သူဖိတ်လာတဲ့ အမေရိကန်မဖြစ်သည်။ ဆန်ဖရန်စစ္စကိုတက္ကသိုလ်က မဟာကျောင်းသူတဲ့။ သူချက်လာတာက ပုန်းရည်ကြီးနဲ့ ၀က်သား။ ၀ိုင်းကူဖို့ရောက်နှင့်နေသည့် မြန်မာသူငယ်ချင်းတွေနဲ့ တိုးတိုးပြောရင်း ရယ်ကြသည်။ `အရင်ရောက်တာက ကုလား၊ ချက်လာတာက ၀က်သား´ဟူ၍။

နောက်တော့ ခဏချင်းတဖွဲဖွဲရောက်လာကြသည်။ အခန်းကမကျယ်၊ ရောက်လာသူတွေက မနည်း။ အာရုံနောက်လာသဖြင့် အခန်းကို ခဏပြန်ခဲ့သည်။

ထုံးစံအတိုင်း ဘလော့ဂ်ကလိလိုက်၊ Chat ပြောလိုက်လုပ်နေလိုက်သည်။ သူမက အရင်သွားနှင့်မည်ဆိုကာ သွားသည်။ ကျနော်က တော်တော်လေးကြာမှ အပေါ်ထပ် ပါတီခန်းကိုတက်သွားသည်။ တော်တော်စည်ကားနေသည်။

ဟန်သစ်ငြိမ်နှင့် ဗီယက်နမ်တစ်ယောက်က ဂစ်တာတီးသည်။ အမေရိကန်မ၊ ဆရာပီတာနဲ့ ဘေးကလူတွေက သီချင်းဆိုကြ။ အလည်ရောက်နေတဲ့ သူငယ်ချင်းရဲ့ကောင်မလေးက ထမင်းကဗျာကယာထည့်ပေးသည်။ ၀က်သားဟင်းကတော့ ကုန်ပြီတဲ့။ အနောက်လေသာဆောင်မှာ မြန်မာကျောင်းသားတချို့ ဘီယာမော့နေကြသည်။

ကျနော်ကတော့ ထမင်းပန်းကန်တဖက်၊ ဘီယာတစ်ခွက် လက်ကဆွဲလို့။ ဟန်သစ်ငြိမ်က အင်္ဂလိပ်သီချင်းတွေ Print ထုတ်ပြီး စာအုပ်လုပ်ထားတော့ အိုကေနေတယ်။ Country သီချင်း Take Me Home ကတော့ တော်တော်ပွဲတောင်းကြသည်။ ဆရာပီတာကြီးက ရှေးခေတ်အင်္ဂလိပ်သံ အသံခါကြီးနဲ့ဆိုသည်။ နောက်တော့ ခရစ္စမတ်သီချင်း။

PhD ကျောင်းသူ မနီလာနဲ့ အလည်ရောက်တဲ့ မမလေးတို့က လေသာဆောင်နှင့် ရေချိုးခန်းတို့မှာ တို့တိတို့တိနှင့် ပန်းကန်ခွက်ယောက်တွေ စဆေးတော့သည်။ သီချင်းက We are singing..ဟုဆိုတော့ အသောက်အဖွဲ့က We are drinking ဟု ဖြည့်သည်။ ပန်းကန်ဆေးသည့်နေရာနားက အဖွဲ့က `နီလာ Cleaning´ ဟု ကွန့်သည်။ မနီလာက ပန်းကန်တွေ ကျုံးဆေးနေတာကိုး။ ဒီလိုအဖွဲ့အစည်းနဲ့ လုပ်ကြပြီဟေ့ဆိုလျှင် ဘယ်သူက ဘယ်လိုဆိုတာ လေ့လာလို့ရစမြဲဖြစ်သည်။ လေကန်သည့်သူက ကန်သည်။ အတင်းချသူကချသည်။ နောက်ကွယ်မှာ သိမ်းကျုံးပြီး အောက်ခြေသိမ်းလုပ်သူက လုပ်သည်။ နောက်တော့ ဆရာပီတာကြီးက နိုင်ငံအလိုက် ကိုယ့်ဘာသာစကားနဲ့ Happy New Year နုတ်ဆက်ရင်း ပွဲသိမ်းမည်ဆိုသည်။ ရှေ့ကပြောလျှင် ကျန်လူတွေက ၀ိုင်းပြီးလိုက်အော်ကြ၊ လက်ခုပ်တီးကြ။ ထိုင်းနဲ့ လာအိုက ပြောတာချင်း ဆင်သည်။ ဘင်္ဂလားဒေ့ရှ်လိုက မြန်လည်းမြန် ရှည်လည်းရှည်၍ လိုက်မရွတ်နိုင်ကြ။ တက္ကသိုလ်တွင် တစ်ဦးတည်းသော အာဖရိကသားဖြစ်သည့် ဂမ်ဘီယာသားက ခေါင်းကုတ်နေသည်။ သူတို့ဘာသာစကားမှာ သတ်သတ်မှတ်မှတ်မရှိပါတဲ့။ ပြောလို့တော့ရတယ်၊ ဂွကျကျကြီးတဲ့။ အားလုံးကလည်း အဲဒီဂွကျကျကြီးပဲပြောပါဟုဆိုကာ လိုက်အော်ကြလေသည်။

 

dsc03155.jpg

နောက်တော့ တဖြည်းဖြည်းပြန်ကြ။ အခန်းရှင်ရယ်၊ ဘီယာဆက်သောက်မည့် ကျနော်တို့ အဖွဲ့ရယ်ပဲ ကျန်သည်။ ဂစ်တာတီးကြသည်။ ကိုင်ဇာ၊ စိုင်းထီးဆိုင်၊ ဆောင်းဦးလှိုင်၊ ရောက်တတ်ရာရာသီချင်းတွေ။ အခန်းက အပေါ်ဆုံးထပ်ဆိုတော့ ၁၂ နာရီလည်းထိုးရော ပစ်လိုက်ဖောက်လိုက်ကြသည့် မီးပန်းတွေ၊ ဗျောက်အိုးတွေ၊ မီးပုံးပျံတွေ၊ သီတင်းကျွတ်ထက်တောင် များသေးသည်။ ရင်သပ်ရှုမော ငေးမ၀။ မြန်မာပြည် ဘယ်လိုနေပါလိမ့်။ ဘာဖြစ်ဖြစ် ကိုယ့်နိုင်ငံနဲ့ ယှဉ်ယှဉ်ပြီးတွေးမိတတ်တာ ဆိုးသည်။ ငါတို့နိုင်ငံများတော့ ကျီးနဲ့ဖုတ်ဖုတ်ဆိုတာမျိုးနေမှာဟု တွေးမိသည့်။ ထင်သည့်အတိုင်း ဆိုင်တွေကို ည ၉ နာရီ ပိတ်ခိုင်းသတဲ့။ အင်းလျားကန်ဘောင်မှာလည်း မနေရဘူးတဲ့။ သြော် လူဖြစ်မှားလေသော သန်း ၆၀ ဟုသာ ပြောလိုက်ချင်သည်။ ကိုယ်တွေရော ဘာထူးလည်း။ ဒါတွေတွေးပြီး သူများပျော်လို့ရော ၁၀၀ ရာခိုင်နှုန်း ပျော်နိုင်တာမှ မဟုတ်ဘဲလေ။

ရွှေမြန်မာက မယမင်းရေ…၂၀၀၇ ဒီဇင်ဘာ ၃၁၊ စားမြုပ်ပြန်ချက်ကလေး ဤတွင်ပြီးပါပြီ။

Advertisements

3 Comments

Filed under Experience, Tag

3 responses to “ဒီဇင်ဘာ ၃၁ ကျောင်းသားပါတီ (နှစ်ခက်တာ)

  1.်ပါတီပွဲ ဒီလို ကျင်းပတာကို သံချောင်းတောင် မခေါက်ဘူး။ ဒီမှာတော့ ကိုယ့်ခြံထဲမှာပဲ နှစ်ကူးလိုက်ရတယ်။ သိတယ်မလား ရွှေမြန်မာလေ ဟဲဟဲ….

  2. မြန်မာဘလောဂ့်ဂါ list ထဲမှာ ပါချင်တယ် ဘယ်လိုလုပ်ရမှာလဲ ပြောပါဦး။

  3. Yan

    အားကျတယ်ဗျာ. အဲလိုပွဲမျိုးလေးနဲ့ နှစ်သစ်ကို ကြိုဆိုရတာ ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲ.

    ကျွန်တော်ကတော့ နှစ်သစ်မှာ ဘလော့ဂ်မရေးဘူး. တော်ကြာ တစ်နှစ်လုံး ရေးနေရမှာစိုးလို့

    အဲ. နှစ်သစ်မှာ သူလေးနဲ့ စကားပြောတယ်ဗျ. ဟတ်ဟတ်ဟတ်

    စတာပါ ကိုသင်ကာရေ…

    ဒီပို့စ်လေးနဲ့အတူ ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်.

    ခင်မင်လေးစားလျက်

    ရန်အောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s