New Present for WP Bloggers & Talking Blog Experiences

နှစ်သစ်လက်ဆောင်နဲ့ ဘလော့ဂ်ထွေရာလေးပါး

နှစ်သစ်မှာ တန်းပလိပ်ကို အသစ်ပြောင်းလိုက်တယ်။ တန်းပလိပ်တွေကို စိတ်ကြိုက်တွေ့တိုင်း စုပြီး Up Load လုပ်ထားတာ တော်တော်များနေပြီ။ တစ်ခုပြီးတစ်ခုလျှောက်ကလိကြည့်တယ်။ တချို့က ဆိုက်ဘားကလိခွင့်မပေးဘူး။ တချို့ဟာက သိပ်ကျဉ်းနေလို့ မကြိုက်ပြန်။ တချို့ဟာက ပေးထားတာတွေကို မကလိတတ်လို့ အဆင်မပြေ။ ဒါနဲ့ အခုလုပ်ထားတဲ့ New Eve ကို ရွေးဖြစ်တယ်။

နှစ်သစ်လက်ဆောင်

WordPress သုံးတဲ့ ဘလော်ဂါတွေအတွက်ရော၊ ဘလော့အပေါင်းအသင်းများအားလုံး အတွက်ပါ ကျနော် နှစ်သစ်လက်ဆောင်လေး ပေးလိုက်ချင်ပါတယ်။ တခြားတော့ မဟုတ်ပါဘူးဗျာ။ ကျနော့ဘလော့ဂ်မှာ အရင်က Page အဖြစ်တွဲထားတဲ့ မြန်မာ WordPress ဘလော့ဂ်လမ်းညွန်နဲ့ WordPress နည်းပညာအကူအညီကို ခွဲထုတ်ပြီး Myanmar WordPress Driectory လေး လုပ်ပေးလိုက်တဲ့ အကြောင်းပါ။ ဒါကျနော့ရဲ့ နှစ်သစ်လက်ဆောင်ပါ။ ဒီနေရာလေးမှာ ယူလိုက်ကြပါ။

untitled-1.jpg

ဒီလမ်းညွှန်ကို WordPress ဂုရုတွေနဲ့ တိုင်ပင်ပြီး သူတို့ကိုလည်း Member အဖြစ်ဖိတ်ခေါ်ပြီး လွှဲပေးဖို့ အစီအစဉ်ရှိပါတယ်။

မိုက်ကရိုဆော့ဖ်ဝါ့ဒ်ကို နတ်ဖမ်းစားခြင်း

မတော်တဆနဲ့ မိုက်ကရိုဆော့ဖ်ဝါ့ဒ် ပျက်သွားလို့ ဘယ် doc မှ ဖွင့်မရ။ ဘိုးတော်ကြီးက ရေးပါဦးဆိုလို့ ရေးဖြစ်တဲ့ ဒဿနအကြောင်း (ပို့စ်မော်ဒန်ဝါဒ) လည်း မတင်နိုင်။ မယမင်း Tag ထားတဲ့ ဒီဇင်ဘာ ၃၁ လည်း ရေးဖို့ခက်။

bsd-linux-devil.JPG

သင်ကာတစ်ယောက်တိုင်ပတ်နေတာပေါ့ဗျာ။ Microsoft Word ကို နတ်ဖမ်းစားသွားလေရဲ့။ ခုတောင် draft ဖြစ်နေတဲ့ ပို့စ်တစ်ခုထဲ ဇော်ဂျီဖောင့်ဝင်နေတာတွေ့လို့ ကောက်ရေးလိုက်တယ်။

မြန်မာ WordPress တန်းပလိပ်ဒီဇိုင်နာ

တန်းပလိပ်တွေလိုက်စုရင်း မြန်မာတန်းပလိပ်ဒီဇိုင်နာ ကိုမျိုးကျော်ထွန်းရဲ့ WordPress တန်းပလိပ်တွေ သွားတွေ့ပါတယ်။ ကျနော်ကတော့ အကုန်ဒေါင်းလုဒ် လုပ်ယူလိုက်ပါတယ်။ Applopress ဆိုတဲ့ Theme ကို ကြိုက်မိပါတယ်။ သုံးတော့ မသုံးဖြစ်သေးပါ။ အားပေးချင်သူများ ဒီကိုကြွပါ။

အိမ်ပြောင်းသူတွေနဲ့ အရောင်ပြောင်းသူတွေ

စပ်မိစပ်ရာကိုဂျွန်(ကိုကျော်ခိုင်) နဲ့ မှော်ဆရာတို့ အိမ်ပြောင်းကြလေရဲ့။ စပ်မိစပ်ရာက အခန်းပြောင်းတာ(WordPress မှ Iblogger သို့)၊ ကိုကျော်ခိုင်က အိပ်ယာပြောင်းတာ (လိပ်စာဟောင်းမှ လိပ်စာသစ်) ဖြစ်ပြီး၊ မှော်ဆရာကတော့ အိမ်ပြောင်းတာ(Blogspot မှ Iblogger သို့)ပေါ့လေ။ ဘိုးတော်ကြီးလင်းဦး(အမြှောက်)နဲ့ ကျနော်တို့က အရောင်ပြောင်းကြတယ်။ (ဘယ်သူတွေ ပြောင်းသေးလဲမသိ၊ နောက်မှ စာရင်းတိုးမည်။)

 

 

Advertisements

1 Comment

Filed under IT & Blogging, Wordpress

One response to “New Present for WP Bloggers & Talking Blog Experiences

  1. သိပ်ကောင်းတယ် ကိုသင့်ရေ။ MM WordPress Directory တစ်ခုက ရှိကိုရှိသင့်တယ်ဗျ။ နောက်များ အလျင်းသင့်တဲ့ အခါကျတော့ ကဏ္ဍလေးတွေအလိုက် စီစဉ်ပြီး၊ သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် Feed Network တွေဆောက်ထားလိုက်ရင် စာဖတ်သူတွေအတွက် ရွေးချယ်ရ၊ ဖတ်ရှုရ ပိုလွယ်ပြီး အဆင်ပြေလာနိုင်စရာ အကြောင်းရှိတယ်ဗျ။ ဖြည်းဖြည်းနဲ့ ၀ိုင်းလုပ်ကြတာပေါ့ဗျာ။ 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s