Blogger Ethics

(ရတနာချိုရဲ့ဘလော့ဂ်မှာ တင်ထားတဲ့ ဘလော်ဂါအတွက် ကျင့်ဝတ် (Blogger Ethic) တွေပါ။ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဦးကျော်ရင်မြင့်က ရေးသားပေးတယ်လို့ ဆိုပါတယ်။ ပို့စ်အောက်ဆုံးမှာတော့ စုပြည့်စုံဆိုပြီး ထပ်ဖြည့်ထားတာတွေ့ရပါတယ်။ တချို့ဖော်ပြချက်တွေက သိပ်ပြင်းထန်ကောင်း ပြင်းထန်နိုင်ပါတယ်။ အကုန်လုံးလိုက်နာဖို့ လွယ်မယ်မထင်ပါဘူး။ ဒါပေမယ့် ဘာမှ မရှိတာထက်စာရင် စည်းဘောင်ဆိုတာရှိထားတော့ ချိန်ထိုးကြည့်လို့ ရနိုင်ပါတယ်။ အခုတလော ပွက်လောရိုက်နေတဲ့ စစ်ဖက်ကလူငယ်တစ်ယာက် ကောင်မလေးတွေပုံကို ၀က်ဘ်ပေါ်တင်တာနဲ့ ပတ်သက်ပြီး သတင်းမုဆိုး ဘလော်ဂါတစ်ဦးက အရမ်းကာရောရေးသားခဲ့ရာမှာ အရေးခံရသူနဲ့ ရေးသူ နှစ်ဖက်စလုံးဘက်က အမြင်ကိုယ်ဆီနဲ့ သဘောထားကွဲလွဲမှုတွေပေါ်ပေါက်လာပါတယ်။ အရေးခံရသူရဲ့ ဂုဏ်သိက္ခာကိစ္စဖြစ်သလို၊ ရေးသူမှာလည်း စာဖတ်သူရဲ့ အယုံအကြည်မဲ့မှု ကြုံရဖို့ရှိပါတယ်။ ဆင်ခြင်ကြည့်ကြဖို့ပါပဲ။ mm thinker)

ဘလော်ဂါ (Blogger) တွေဟာသူတို့စာဖတ်ပရိသတ်၊ သူတို့ ရေးသားတဲ့ပုဂ္ဂိုလ်နဲ့လူထုအတွက် တိကျတဲ့ကျင့်ဝတ်စည်းမျဉ်းတွေ လိုက်နာဖို့လိုပါတယ်။

ဆိုက်ဘာဂျာနယ်လစ်ဒေါ့နက်က ဘလော့ဂါတွေအတွက် ကျင့်ဝတ်စည်းမျဉ်းတစ်ခု ဖန်တီးပြီး ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်ကျင့်ဝတ်များအဖွဲ့အစည်းက ဖြည့်စွက်ပေးထားတယ်။ ဒါကို ယခုဖော်ပြ လိုက်ပါတယ်။
ဖြောင့်မတ်ရိုးသားခြင်းဟာ ယုံကြည်မှုရရှိဖို့ အခြေခံအုတ်မြစ်ပါပဲ။ သည်စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးတဲ့ ဘလော်ဂါတွေဟာ ကျင့်ဝတ်နဲ့ညီတဲ့ စာပေးရေးသားမှုသာမက မိမိအပေါ် ယုံကြည်အားထားတဲ့ စာဖတ်သူတွေပါရရှိမှာဖြစ်ပါသည်။

“ရိုးသားပြီးမျှတပါစေ။”
ဘလော်ဂါတွေဟာ သတင်းအချက်အလက်တွေ စုဆောင်း၊ ရေးသားပြီး တင်ပြရာတွင် ဖြောင့်မတ်မျှတသင့်ပါတယ်။
ဘလော်ဂါတွေဟာ
-ခိုးမချသင့်ပါဘူး။
-ဖြစ်နိုင်ရင်သတင်းအရင်းအမြစ်ကို ဝေဖန်ပိုင်းခြားပြီး သူတို့နဲ့ချိတ်ဆက်ပါ။ သတင်းအရင်းအမြစ်က ယုံကြည်ရတယ်ဆိုရင် လူထုကိုကြိုက်သလောက် သတင်းပေးနိုင်ပါတယ်။
-၀က်ဘ်ဘလော့ဂ်စာရင်း၊ ကိုးကားချက်၊ ခေါင်းစည်းသတင်း၊ ဓါတ်ပုံနဲ့တခြားဟာတွေ မှားယွင်း ဖော်ပြမှုမရှိအောင် ဂရုစိုက်ပါ။ အဲဒါတွေကို ပေါ့ပျက်ပျက်မလုပ်သင့်သလို အကြောင်းအရာမရှိဘဲ အဖြစ်အပျက်ကိုပဲ အသားပေးဖော်ပြတာမျိုးလည်း မလုပ်သင့်ပါဘူး။
-အပြောင်းအလဲ ဘာတွေဖြစ်သွားပြီလဲဆိုတာ အတိအလင်းမပြောဘဲ ဓါတ်ပုံအကြောင်းအရာတွေမှာ အမှတ်မှားအောင်လုပ်တာမျိုး မလုပ်ရပါဘူး။ နည်းပညာဆိုင်ရာ ရှင်းလင်းပြတ်သားမှုရှိအောင် ဓါတ်ပုံသုံးတာကိုပဲ လက်ခံသင့်ပါတယ်။ အညွှန်းစာနဲ့ဓါတ်ပုံရှင်းလင်းချက်တွေထည့်ပေးရပါမယ်။
– မသေချာမှန်းသိတဲ့ သတင်းမျိုးကို မရေးသားပါနဲ့။ တကယ်လို့ဒွိဟဖြစ်စေတဲ့ သတင်းမျိုး ဖြစ်နေတယ်ဆိုရင်လည်း သည်သတင်းဟာ သံသယရှိဆဲ သတင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြရပါမယ်။
-ထောက်ခံတာ၊ ကန့်ကွက်ရှုတ်ချတာနဲ့အဖြစ်မှန်တို့ရဲ့ကွဲပြားမှုကို သိရပါမယ်။ ထောက်ခံရေးသားမယ် သို့မဟုတ် ကန့်ကွက်မယ်ဆိုရင်တောင်မှ တကယ့်အဖြစ်မှကို လွှဲပြောင်းရေးသားမှုမပြုရပါဘူး။
– ကြော်ငြာတွေကို ဖော်ပြပေးရာမှာ အချက်အလက်မှန်ဖော်ပြတာနဲ့ တစ်ဖက်စောင်းနင်း ရှုတ်ချဖော်ပြ မှုနှစ်ခုကြားမှာ မသဲမကွဲေ၀၀ါးအောင် ရေးသားခြင်းမပြုရဘူး။

“ထိခိုက်မှုအနည်းဆုံးဖြစ်ပါစေ။”
– ကျင့်ဝတ်နဲ့ညီအောင် နေထိုင်တဲ့ ဘလော့ဂါတွေဟာ သတင်းနဲ့အကြောင်းအရာကို သတိနဲ့ကိုင်တွယ်ရပါမယ်။
ဘလော်ဂါတွေဟာ
-၀က်ဘ်ဘလော့ဂ်မှာ ဖော်ပြခံရလို့ အကျိုးယုတ်သွားနိုင်တဲ့သူတွေအပေါ် စာနာကြောင်းဖော်ပြရပါမယ်။ ကလေးတွေနဲ့ပတ်သက်ရင် ကိုယ်မကြုံဖူးတဲ့ အကြောင်းအရာမျိုးဆိုရင် အထူးသတိထားရပါမယ်။
– ၀မ်းနည်းကြေကွဲစရာအဖြစ်ကိုခံစားရသူတွေအကြောင်း ရေးရင်း၊ အင်တာဗျူးရင် သို့မဟုတ် သူတို့ ဓါတ်ပုံတွေသုံးရင် ဂရုစိုက်ပါ။
– သတင်းရှာဖွေရေးသားတာဟာ ထိခိုက်မှုနဲ့စိတ်မသက်မသာဖြစ်စေနိုင်တယ်ဆိုတာ သဘောပေါက်ပါ။ သတင်းရှာဖွေတာဟာ မောက်မာထောင်လွှားဖို့ လိုင်စင်ရတာမဟုတ်ပါဘူး။
– ပုဂ္ဂလိက လူအများစုဟာ ပြည်သူ့အမှုထမ်းနဲ့ အခြားပုဂ္ဂိုလ်တွေလို ပါဝါရှိဖို့၊ သြဇာညောင်းစေဖို့၊ လူအများစိတ်ဝင်စားခံချင်လို့ ကြိုးပမ်းနေသူထက် ပိုမိုသိုသိပ်စွာ နေထိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို သတိထားပါ။ လူတစ်ဦးချင်းစီမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်။
– စိတ်သက်သာစရာကောင်းတာကိုပဲ ဖော်ပြပါ။ ကြောက်မက်ဖွယ်တွေ ဖော်ပြပြီး လူစိတ်ဝင်စားမှုရယူတာမျိုး မလုပ်ရပါဘူး။ လူငယ်တရားခံတွေ၊ လိင်အဓမ္မမှုမှာ ဓားစာခံဖြစ်ရသူတွေ၊ မှုခင်းသံသယရှိသူတွေ တရားဝင်အပြစ်ဒဏ်မကျခံရသေးခင် ဖော်ပြတာကို သတိထားရပါမယ်။

“တာဝန်ယူတတ်ပါစေ။”
ဘလော်ဂါတွေဟာ
– အမှားရှိရင်ဝန်ခံပြီး အမှန်အတိုင်းပြုပြင်ရပါမယ်။
– ၀က်ဘ်ဘလော့ဂ်တစ်ခုစီရဲ့ ရည်ရွယ်ချက်ကိုရှင်းပြပြီး သည်အကြောင်းအရာအပေါ် လူထုစကားသံနဲ့ ဘလော့ဂါအမြင်ကို ဖိတ်ခေါ်ရပါမယ်။
– စိတ်ဝင်စားမှု၊ ပေါင်းစည်းဆက်နွှယ်မှု၊ လှုပ်ရှားမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဆောင်ရွက်ဖို့ အစီအစဉ်တွေ အားလုံးကို အတိအလင်းဖော်ပြရပါမယ်။
– ကြော်ငြာရှင်တွေကို ဘက်မလိုက်ဘဲ အကြောင်းအရာတွေပေါ်မှာ သူတို့ဖိအားပေးတာကိုလည်း ရင်ဆိုင်နိုင်ရမှာဖြစ်ပါတယ်။ ခြွင်းချက်ကိစ္စတွေရှိရင်လည်း စာဖတ်သူတွေကို အပြည့်အစုံ ဖော်ပြရပါမယ်။
– တစ်ဖက်ဖက်ကို မျက်နှာသာပေးတဲ့ သတင်းမျိုးကိုဂရုစိုက်ရပါမယ်။ အဲသည်လိုသတင်းမျိုးကို လက်ခံမိရင်လည်း မျက်နှာသာပေးထားတဲ့အကြောင်း အတိအလင်းဖော်ပြပါ။
– တခြားဘလော့ဂါတွေရဲ့ကျင့်ဝတ်မညီတဲ့ အပြုအမူတွေကိုဖွင့်ဟပြောဆိုပါ။
– သူတို့လိုက်နာတဲ့စည်းမျဉ်း စည်းကမ်းတွေကိုလည်း လက်ခံရပါမယ်။

ကျော်ရင်မြင့်၊ စုပြည့်စုံ



Advertisements

Leave a comment

Filed under Blogging, Sharing

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s