Notes of Development & Sustainable Development-3

အကယ်၍ Development သည် လူသားတို့၏ ထက်သန်သော အားထုတ်မှု အစုစုအတွက် အသုံးလှသော စကားတစ်လုံးမျှသာ ဖြစ်ပါမူ ကျွန်ုပ်တို့သည် တစ်ချက်တည်း ကောက်ချက်ချနိုင်ပါသည်။ Development သည် ဘယ်နေရာတွင်မှ မရှိ။ ဘယ်တော့မှလည်း ရှိလိမ့်မည်မဟုတ်ဟူ၍။ (The History of development, p10)

ဖွံ့ဖြိုးရေး/Development ဟူသော စကားလုံးသည် ပလတ်စတစ်စကားလုံး/Plastic Word ဖြစ်လာသည်။ (Plastic Word ဆိုသည်မှာ – စကားလုံးတစ်လုံးသည် မူလပထမ၌ တိကျရှင်းလင်းသော အဓိပ္ပာယ်ရှိသည်၊ နောက်ပိုင်းတွင် ပညာရပ်ဆိုင်ရာတို့၌ ထည့်သွင်းအသုံးပြုလာခြင်း (ဥပမာ – ဒါဝင်၏ Development of the Species)၊ ထိုမှတဆင့် အသုံးကျယ်ပြန့်လာပြီး သုံးစွဲသူ၏ လိုအင်အလိုက် အဓိပ္ပာယ်ဖော်ယူရသည်မှလွဲ၍ တိကျရေရာသော အဓိပ္ပာယ် ဖမ်း၍မမိတော့သည့် စကာလုံးကို ဆိုလိုသည်။ ပလတ်စတစ်အိတ်လို တိကျသောပုံစံမရှိ၊ ခေါက်ချင်သလိုခေါက်၊ ထားချင်သလိုထား သဘောဖြစ်သည်။)

ပလတ်စတစ်စကားလုံးဖြစ်လာသော Development တွင် စာသင်ကျောင်း၊ ဆေးခန်းများတည်ဆောက်ခြင်း၊ ပို့ကုန်တိုးမြှင့်ခြင်း၊ ရေတွင်းရေကန်များ တူးဖော်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ ကလေးများကို ကာကွယ်ဆေးထိုးပေးခြင်း၊ ရန်ပုံငွေထူထောင်နိုင်ခြင်း၊ စီမံကိန်းများရေးဆွဲခြင်း၊ National budgets Revised, အစီရင်ခံစာများထွက်ပေါ်ခြင်း၊ ကျွမ်းကျင်သူများငှားရမ်းနိုင်ခြင်း၊ မဟာဗျူဟာများ ချမှတ်ခြင်း၊ the International Community Mobilized, ရေကာတာများတည်ဆောက်ခြင်း၊ ကန္တာရများတွင် သစ်တောပြန်လည် ထူထောင်ခြင်း၊ ထွက်နှုန်းတိုးသီးနှံများ ဖန်တီးနိုင်ခြင်း၊ ကုန်သွယ်ရေးလွတ်လပ်လာခြင်း၊ နည်းပညာတင်သွင်းနိုင်ခြင်း၊ စက်ရုံများဖွင့်နိုင်ခြင်း၊ လစာကောင်းအလုပ်များရှိလာခြင်း၊ စပိုင်ဂြိုလ်တု လွှတ်တင်နိုင်ခြင်းအထိ အကျုံးဝင်သည်။ (The History of development, p11)

Development ကို အကြမ်းအားဖြင့် လူမှုအဖွဲ့အစည်းများကို ပြောင်းလဲမှု ဖြစ်စဉ် (Change) အတွက် စုသည်းစေသော (Organizing or Motivating) နည်းလမ်းဟု ရည်ညွန်းပါသည်။ ပြောင်းလဲမှုဆိုရာတွင် လူ့အဖွဲ့အစည်းအတွင်းလွမ်းမိုးနေသော ယုံကြည်မှုများ (ဘာသာရေးယုံကြည်မှုမှသည် Secular Rule အထိ)၊ လူမှုပုံသဏ္ဌန် (Social Patterns – ကျေးလက်မှ မြို့ပြအဖွဲ့အစည်းအထိ)၊ အထာက်အကူပစ္စည်းပစ္စယများ (Material Means – တိရစ္ဆာန်မှ စက်မှုကိရိယာအထိ) ၏ ပြောင်းလဲမှုဖြစ်သည်။ (Development and Social Change, 2000, Philip McMichael)

Advertisements

Leave a comment

Filed under Development, Knowledge, Philosophy

Comments are closed.