ကျွန်ုပ်၊ အပြောင်းအရွှေ့များ နှင့် နတ်ရေကန်ထဲကျသော ဘလော့ဂ်

ကျ

နော် ဒီနေ့ ပို့စ် အခု ၃၀ နီးပါး ဘလော့ဂ်တွင်း ထပ်ထည့်သည်။ အရင် ပို့စ် ၅၀နီးပါးက ဒီနေ့ ၈၀ ကျော် ဖြစ်သွားသည်။ Blogspot က ပို့စ်တွေကို WordPress အကြမ်းတစ်ခုထဲထည့်၊ ဒီ Iblogger ဆီကို ဆွဲယူခြင်းဖြစ်သည်။ ကျနော့ဘလော့ဂ်သို့ နိုဝင်ဘာလ၀န်းကျင်မှစ၍ လာလည်ကြသောသူများအဖို့ တွေးမိစရာ တစ်ခုရှိသည်။ ပို့စ်တွေတော့ အရှိသားပဲ၊ အရင်က ဘယ်ချောင်ကပ်နေမှန်းမသိဘဲ ဘာလို့ အခုမှ ဘွားကနဲ ပေါ်လာပြီး ဟိုဟိုဒီဒီလျှောက်လည်နေပါလိမ့် ဟူ၍။

ဒီလိုပါ။ ဤ Iblogger (WordPress ဖြင့်) ဘလော့ဂ်ကို နိုဝင်ဘာအစလောက်မှ လုပ်တာပါ။ ဒါပေမယ့် ပို့စ်တွေ ရက်ချင်းအတွင်း အများကြီး တင်ဖြစ်ပါတယ်။ Better Tomorrow က ပို့စ်တွေတင်လှချည်လားလို့ ပြောပါတယ်။

အရင်ဆုံးရွှေ့တင်တဲ့ ပို့စ်တွေက mm philosopher ဘလော့ဂ်ကပါ။ ကြိုကြားကြိုကြားပဲ ရေးဖြစ်တယ်။ Font ဖတ်မရကြဘူးဆိုလို့ စိတ်ညစ်တာလည်းတပိုင်းပေါ့လေ။ ဒါပေမယ့် ဘလော့တွေတော့ လျှောက်လည်ဖြစ်တယ်။ အများအားဖြင့် ဖတ်ပြီး တိတ်တိတ်လေး ပြန်ခဲ့တာပါပဲ။ ကြိုကြားကြိုကြား ရေးဖြစ်တဲ့အချိန်မှာ ပုံမှန်လာလည်တာကတော့ ဘိုးတော်ကြီးနဲ့၊ သီဟကျော်ဇောပါ။

မြန်မာပြည်ကို ခဏအပြန် စတီဖင်ကိုဗေးစာအုပ်ဘာသာပြန် အစအဆုံးရေးပြီးသားကို ကွန်ပျူတာဌာနက စုစည်းပေးလိုက်တော့ ပို့စ်တင်ချင်တာလည်း လက်ယားနေတယ်။ အဲဒီအချိန် လေးမကို သွားတွေ့တာပါပဲ။ (လေးမရဲ့ ဘလော့ဂ်ကို ပြောတာ။) ဘလော့ဂ်စပေါ့ကို တော်တော်လေးကလိပြီး စိတ်မ၀င်စားတော့ ဖြစ်နေတုန်း WordPress ကို ကလိရာက ဒီဘလော့ဂ်ကို လုပ်ဖြစ်ပြီး ဟိုကဒီကပို့စ်တွေ အသက်ဝင်လာတာပါပဲ။

ပို့စ်တွေ ဒီရေတက်လာခြင်းအကြောင်းကို ဇာတ်လမ်းချုပ်ရရင်ဒီလို…

၁။ Scholarship for MM Student Blog (Blogspot) ကိုလုပ်ခဲ့တယ်။ Scholarship တွေ လိုက်ရှာရင်း တော်တော်စုမိလာလို့ ပြန်ဝေမျှချင်တာနဲ့ ထလုပ်လိုက်တာ။ ခြောက်လလောက်ကြာတော့ ဖျက်လိုက်တယ်။

၂။ Multiply ကို ဟန်သစ်ငြိမ်ကပြောတာနဲ့ စမ်းပြီးလုပ်လိုက်တာ မြန်မာစကောလားရှစ် နဲ့ မြန်မာ့အရေးလေ့လာရေး ဆိုပြီးနှစ်ခု။ မြန်မာစကောလားရှစ်မှာ အရင်ဘလော့ဂ်က Scholarship စုစည်းချက်တွေ ပြန်တင်တယ်။ ဒါပေမယ့် သိပ်ကလိလို့မရလို့ မကြိုက်ပြန်ဘူး။

၃။ ဘလော့ဂ်စပေါ့ကိုပြန်ခုန်ပြီး ဘလော့ဂ်နှစ်ခုထပ်လုပ်တယ်။ Multiply က ပို့စ်တွေ ရွှေ့ဖို့။ Myanmar Studies နဲ့ MM Philosppher ဆိုပြီးတော့။ မှတ်မှတ်ရရ MM Philosopher စလုပ်တော့ ပထမဆုံး Comment လာပေးတဲ့သူက ကြာပီ။ နာမည်နော်။ ကြာပီ တဲ့။ ဒါပေမယ့် အရှိန်ကောင်းနေတုန်း Myanmar Studies ကို ဖျက်လိုက်ရတယ်။ (ကျွန်ုပ်၏ နံရိုးက ကန့်ကွက်၍။)

၎။ စုထားတာတွေရှိတာနဲ့ Myanmar Open University ကို လုပ်တယ်။ ထိုင်းမှာရှိတဲ့ နာမည်ကြီး Midnight University ၀က်ဘ်ဆိုက်ဒ်ကို အတုယူပြီးတော့ပေါ့။ ခရီးသိပ်မတွင်ဘူး။ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ စာတမ်းတွေ၊ ကျမ်းတွေ စုထားပြီးသား။ ဒါပေမယ့် Upload လုပ်ရတာ အဆင်မပြေ၊ ကူမယ့်သူက မရှိဆိုတော့။

၆။ Google Page မှာရော ဘယ်လိုနေပါလိမ့်ဆိုပြီး googlepage နဲ့ သွားစမ်းလိုက်သေးတယ်။ နှစ်ရက်သုံးရက်လားပဲ ကြာလိုက်တယ်။ လေးမကိုတွေ့တယ်။

၅။ လေးမ WordPress နဲ့ လုပ်ထားတာတွေ့တော့ စမ်းကြည့်တာ ကြိုက်သွားပြီး PMO ဆိုတဲ့ WordPress ကို ထလုပ်လိုက်တယ်။

၆။ WordPress ကို တော်တော်ခိုက်နေတုန်း ကိုသင်္ကြန်ရဲ့ Free Host နဲ့ WordPress လုပ်နည်းကိုတွေ့တော့ ထပ်လုပ်လိုက်ပြန်တာ mm thinker မှာ ဘူတာဆိုက် ဂိတ်ဆုံးသွားတာပဲ။

ကိုင်း…`တဘလော့ဂ်မပြောင်း စီဘောက်ဟောင်းလောင်း´ပဲ ဆိုဆို၊ `လင့်ခ်အဖြုတ်ခံချင်တဲ့ ဘလော်ဂါ ဟိုဒီပြောင်း´ ပဲဆိုဆို အလီလီလည်း ပြောင်းခဲ့ပြီးပြီ၊ ဒီတစ်ခါတော့ ဖင်မြဲမှ ကောင်းမယ်ဆိုပြီး ဘလော့ဂ်တကာလျှောက်လည်ကာ စီဗုံးတွေမှာ စကားလုံးဝင်ကြဲရကြောင်းပါ။

အဲသလိုနဲ့…

ညီမျှခြင်း (၁)

Scholarship for MM Student + မြန်မာစကောလားရှစ် + မြန်မာ့အရေးလေ့လာရေး + Myanmar Studies = Myanmar Open University

ညီမျှခြင်း (၂)

MM Philosppher + googlepage = PMO

ရှာရန်

(၁) + (၂) = ?

(Myanmar Open University) + (PMO) = MMThinker.Iblogger

Advertisements

Leave a comment

Filed under Experience, IT & Blogging

0 responses to “ကျွန်ုပ်၊ အပြောင်းအရွှေ့များ နှင့် နတ်ရေကန်ထဲကျသော ဘလော့ဂ်

  1. ဂလိုလား…. လေးမ ကိုနောက်ယောင်ခံတာပေါ့ …။ တရားစွဲမယ်….။ အကျိုးရှိစာတွေ အများကြီးရေးနိုင်တာ လေးစားပါတယ်…။

  2. ကိုဘုန်းရေ…..ကိုဘုန်းရဲ. လမ်းကြောင်းလေးက စိတ်ဝင်စားစရပဲ။ တော်တော်ပေးဆပ်ထားတာ အားလုံးအတွက် ကျေးဇူးပါ။

  3. xyz

    ကိုသင့်ခ်ရေ မိုက်တယ် ဘလော့ခ်အသစ်က ပိုပြီးတော့ ပြည့်စုံသွားသလိုပဲ။ စာလုံးတွေ နဲနဲတော့ ညပ်နေသလားပဲ။