Notes of Development & Sustainable Development-2

ကျနော် ဖွံဖြိုးရေးနှင့် ရေရည်တည်တံ့သော ဖွံဖြိုးရေးဆိုင်ရာမှတ်စုများ (Notes of Development & Sustainable Development) ကို ရေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ပြီဆိုရင် တကယ်အဓိပ္ပာယ်ရှိတဲ့ ဖွံဖြိုးရေးကို ဦးစားပေးလုပ်ငန်းအဖြစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဖတ်သူတွေ၊ ဖတ်ချင်သူတွေ အဆင်သင့် ဗဟုသုတရနိုင်အောင် ဖွံဖြိုးရေးနဲ့ ပတ်သက်ပြီး အခြေခံကျကျရေးထားတဲ့ စာအုပ်စာတမ်းများစွာကို မွှေနှောက်ပြီး လွန်ခဲ့တဲ့ ခြောက်လခန့်က စရေးနေခဲ့ပါတယ်။ နည်းနည်းစီ ပို့စ်တင်သွားပါမယ်။ မငြီးအောင်လို့ပါ။ အခွင့်သင့်ရင်စာအုပ်ကလေးအဖြစ် ထုတ်ဖို့လည်း ရည်ရွယ်ထားပါကြောင်း။

 

human_development_report_2003260.jpg

 

မဖွံ့ဖြိုးသေးသောနိုင်ငံများ၌ ပြဿနာမှာ တိုးတက်မှု (Growth) သက်သက်သာ မဟုတ်ပါ။ ပြောင်းလဲမှု (Change) နှင့် တိုးတက်မှု (Growth) နှစ်ရပ် ပေါင်းထားသော ဖွံ့ဖြိုးမှု (Development) ပြဿနာဖြစ်ပါသည်။ ပြောင်းလဲမှုဆိုရာဝယ် လူမူရေး (Social)၊ ယဉ်ကျေးမှု (Culture) အပြင် စီးပွားရေးဆိုင်ရာ (Economics) နှင့် အရည်အသွေး (Qualitative) ရော အရေအတွက် (Quantitative) သဘောပါ အကျုံးဝင်သည်။ သော့ချက်ဟုဆိုရမည့်အယူအဆသည် လူသားတို့၏ ဘ၀အရည်အသွေးတိုးတက်မှုကို ထည့်တွက်ရမည်။ (First UN Development Decade (1960-70)/DD)

အောက်ကျနောက်ကျဖြစ်နေသော၊ ဆင်းရဲသော နိုင်ငံများသည် အတိတ်၌ ကိုလိုနီစနစ်၏ ဂုတ်သွေးစုပ်မှုကို ခံခဲ့ရပြီး ယခု၌လည်း ဆက်လက်၍ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်၌လည်း အရင်းရှင်တို့၏ အမြတ်ထုတ်မှုကို ဆက်၍ ခံနေရသည်။ မဖွံဖြိုးခြင်းကို ဖွံဖြိုးတိုးတက်မှုက ဖန်တီးလိုက်ခြင်းဖြစ်သည်။ (Dev; Dic; P.11)

Development – လူသားတို့အနေဖြင့် မိမိ၏ဖြစ်နိုင်ခြေကို သဘောပေါက်သိမြင်နိုင်သော၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်နိုင်သော၊ ဘ၀ကို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းနိုင်သော အခြေအနေရှိခြင်း။ သူတပါးတို့၏ လိုလောဘ၊ အမြတ်ထုတ်ခြင်းတို့ကို စိုးရွံ့နေရခြင်းမှလွတ်မြောက်သော အခြေအနေရှိခြင်း။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဒုက္ခမရှိခြင်း…..(The Challenge to the South: The Report of the South Commission, Oxford Univ; Press, 1990, p 10/ The History of Development, p 9)

ဖွံဖြိုးရေးရည်မှန်းချက်သည် ရုပ်ဝတ္တုများ ဖွံဖြိုးရေးမဖြစ်သင့်ပါ။ လူသားများ ဖွံဖြိုးရေး (to develop man) ဖြစ်သင့်ပါသည်။ (Decleration of Cocoyoc -1974/ Dev; Dic;)

လူမူဖွံဖြိုးရေးအခြေခံအချက်မှာ ဒီမိုကရေစီနည်းလမ်းနှင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်မူ ပိုမိုရရှိခြင်းအားဖြင့် ဖွံဖြိုးရေးကို ဖန်တီးရာ၌ လူထု၏ရွေးချယ်ခွင့် ပိုမိုကျယ်ပြန့်လာရေး။ ယင်းရွေးချယ်ခွင့်တွင် ၀င်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းပြီးစိတ်ချရသော ရုပ်ဝတ္တုပတ်ဝန်းကျင်ရရှိရေးတို့ပါဝင်သင့်သည်။ တစ်ဦးချင်းစီသည် လူမှုအသိုင်းအ၀ိုင်းဆိုင်ရာ အဆုံးအဖြတ်များတွင် အပြည့်အ၀ပါဝင်နိုင်ခွင့်ရှိရေးနှင့် လူမှုရေး၊ စီးပွားရေး၌ အဆင်ပြေရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်ရှိမှုတို့ကိုလည်း ရရှိသင့်သည်။ (The Human Development Report – 1991/ The History of Development, p9) 

Advertisements

Leave a comment

Filed under Development, Knowledge, Philosophy, Research

0 responses to “Notes of Development & Sustainable Development-2

  1. ဆက်ရေးပါဗျို့ မြှောက်ပေးပါတယ် … အဲလေ အားပေးပါတယ် … 😛