ဇာဂနာမပြက်တဲ့ ပြက်လုံးများ

ဇာဂနာရဲ့ ၀က်ဘ်ဆိုက်မှာ အသစ်တင်ထားတဲ့ `ဇာဂနာမပျက်တဲ့ ပျက်လုံးများ(၁)´ ကိုဖတ်ပြီး လေးမကပို့စ်တွေ အရမ်းမတင်ဖို့တားနေတဲ့ကြားက ရေးလိုက်ပါဦးမယ်။ ပထမတစ်ခုကတော့ စာလုံးပေါင်းပါ။ျက်လုံးမဟုတ်ပါဘူးဗျာ။ ပြက်လုံးပါ။

ပျက် ကပျက်စီးတာ။ ပြက်က ပြက်ရယ်ပြုတာပါ။ ပြက်ရယ်ပြုတယ်၊ရယ်သွမ်းသွေးတယ်..ဆိုတာ ပမာမခန့်သဘော…မခန့်လေးစားသဘောပါတယ်။ `ရယ်´တယ်ဆိုတာသက်သက်ထက် အဓိပ္ပာယ်တာသွားပါတယ်။

zarganar2.jpg

လူပျက်ဆိုတာ ပျက်စီးတဲ့လူလို့ အဓိပ္ပာယ်ထွက်တမို့ လူပြက်လို့ မှန်မှန်ကန်ကန်ခေါ်ကြဖို့ လူရွှင်တော်ကြီး တစ်ဦးက ပြောဖူးပါတယ်။

နောက်တစ်ခုက အင်တာနက်ပေါ်မှာ မတွေ့သေးတဲ့၊ ကျနော်ဟိုစဉ်က ကြားဖူးတဲ့ ပြက်လုံးလေးနှစ်ခု ပြောချင်လို့ပါ။

(၁) ဟိုးအရင်ဇာဂနာ အဖမ်းရပြီး ပြန်လွတ်လာတော့ ထောင်ထဲမှာ နှိပ်စက်တာတွေ ဘာတွေလုပ်သလားမေးကြတယ်တဲ့။ ဒဲ့ဖြေရှင်းရင် မျက်မာန်တော်တခါထပ်ရှမှာ စိုးတာနဲ့ ဇာဂနာဖြေလိုက်ပုံက `နှိပ်စက်လား၊ မစက်လားတော့မသိဘူး။ သွားတွေတော့ မရှိတော့ဘူး´ဆိုပြီး သွားဖြဲပြလိုက်သတဲ့။

(၂) ဦနေ၀င်းလက်ထက်တုန်းက ပွဲတစ်ခုမှာ ဦးနေ၀င်းနဲ့ မောင်သူရ (ဇာဂနာ) တို့ ဆုံသတဲ့။ ဦးနေ၀င်းက `မောင်သူရ..မင်း မဆလလူကြီးတွေကို ပြက်တဲ့နေရာမှာ အလွန်လက်သံပြောင်ဆိုပဲ။ ဒီတော့ ငါ့ကို လက်တန်း ပြက်လုံးတစ်ခုလောက် ပြက်ပြစမ်းပါ´ ဆိုပြီးပြောတော့ ဇာဂနာက သတင်းစာတစ်စောင် တောင်းယူလိုက်တယ်။ ပြီးတော့ သတင်းစာကိုဖွင့်ပြီး မဆလ လူကြီးတွေဓာတ်ပုံကို လက်ညှိုးထိုးပြီးတော့ `လူရုပ်(ယုတ်)တွေ..လူရုပ်(ယုတ်)တွေ´လို့ ပြောသတဲ့။ ဦးနေ၀င်းက `တော်ပါတော့ကွာ´ ဆိုပြီး ရယ်ပြီးပြောသတဲ့။

လူကြီးတွေဆီက မှတ်သားရဖူးတာ ပြန်ပြောတာပါ။ မဟုတ်တော့လည်း `ဇာဂနာမပြက်တဲ့ ပြက်လုံးများ´ထဲ ထည့်လိုက်ကြတာပေါ့။

 

တစ်ဆက်တည်း ကိုသူရရဲ့ ၀က်ဘ်ဆိုက် တစ်ခုထပ်တွေ့လို့ ကြည့်ဖို့ လင့်ခ်ပေးလိုက်ပါတယ်။ ဘာမှတော့ ဖွင့်လို့မရသေးဘူး။

ဒီမှာနှိပ်ကြည့်ပါ။

 

Advertisements

Leave a comment

Filed under Joke, Knowledge

0 responses to “ဇာဂနာမပြက်တဲ့ ပြက်လုံးများ

  1. ပို့ စ်တွေ ဆက်တင်လို့ရပါပြီရှင်…။

  2. ကြည်ဖြူမောင်မောင်

    အသုံးပြုတဲ့ အချို့ စာလုံးအရောင်တွေက ကောင်းကောင်းမမြင်ရလို့ မျက်မှောင်ကုပ်ပြီး ဖတ်ရပါတယ်။ ကျေးဇူးပြုပြီး ကောင်းကောင်းမြင်ရမယ့် အရောင်လေးသုံးပါလားဟင်။
    ဒီထက်စာတွေရေးနိုင်ပါစေလို့ ဆန္ဒပြုရင်း။